စပိန်နိုင်ငံ ဘာစီလိုနာမြို့တွင် ၂၀၂၆ ခုနှစ် စက်တင်ဘာ ၁၆ ရက်က ဘာစီလိုနာအသင်းနှင့် ရေးဆင်း ဆန်တန်ဒါအသင်းတို့ ယှဉ်ပြိုင်ကစားသည့် လာလီဂါဘောလုံးပွဲစဉ်၌ ဘာစီလိုနာအသင်းမှ ဒါနီ အိုလ်မို (ယာ-အပေါ်) နှင့် ရေးဆင်း ဆန်တန်ဒါအသင်းမှ ဆာဂျီယို ကာနယ်လက်စ်တို့ အမြင့်ဘောယှဉ်လုနေစဉ် (ဆင်ဟွာ)
စပိန်နိုင်ငံ ဘာစီလိုနာမြို့တွင် ၂၀၂၆ ခုနှစ် စက်တင်ဘာ ၁၆ ရက်က ဘာစီလိုနာအသင်းနှင့် ရေးဆင်း ဆန်တန်ဒါအသင်းတို့ ယှဉ်ပြိုင်ကစားသည့် လာလီဂါဘောလုံးပွဲစဉ်၌ ဘာစီလိုနာအသင်းမှ ဒါနီ အိုလ်မို (ယာ-အပေါ်) နှင့် ရေးဆင်း ဆန်တန်ဒါအသင်းမှ ဆာဂျီယို ကာနယ်လက်စ်တို့ အမြင့်ဘောယှဉ်လုနေစဉ် (ဆင်ဟွာ)

မက်ဒရစ်၊ အောက်တိုဘာ ၂၂ ရက် (ဆင်ဟွာ)

အောက်တိုဘာ ၂၅ ရက်တွင် ရီးရဲလ်မက်ဒရစ်အသင်းနှင့် အိမ်ကွင်း၌ ယှဉ်ပြိုင်ကစားရမည့် အရေးကြီး လာလီဂါပွဲစဉ်မတိုင်မီ ဘာစီလိုနာအသင်း ကစားသမား ဒါနီ အိုလ်မိုမှာ အောက်တိုဘာ ၂၀ ရက် ညပိုင်းက ပေါင်ခြံဒဏ်ရာ ရရှိခဲ့သဖြင့် အသင်းအတွက် ဒဏ်ရာပြဿနာတစ်ခု ထပ်တိုးလာခဲ့သည်။

အသက် ၂၇ နှစ်အရွယ် အဆိုပါကွင်းလယ်လူမှာ ယခုရာသီတွင် ဘာစီလိုနာအသင်းအတွက် ပထမဆုံး ရှုံးပွဲဖြစ်သည့် အောက်တိုဘာ ၂၀ ရက်က ပီအက်စ်ဂျီအသင်းကို ၂-၄ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည့် ပွဲစဉ်ပထမပိုင်းတွင် ဒဏ်ရာကြောင့် ထော့နဲ့ထော့နဲ့ဖြင့် ကွင်းထဲမှထွက်ခွာခဲ့ရပြီး ၎င်း၏နေရာတွင် ဖာမင် လိုပက်ဇ် ဝင်ရောက်ကစားခဲ့ရသည်။

ဘာစီလိုနာအသင်း ဆေးအဖွဲ့က ၎င်း၏ဒဏ်ရာအား စစ်ဆေးအကဲဖြတ်မှုများ အပြည့်အဝ လုပ်ဆောင်ရခြင်း မရှိသေးသော်လည်း ကနဦး ဆေးစစ်ချက်များအရ အိုလ်မိုမှာ ဘယ်ဘက်ပေါင် အတွင်းပိုင်းကြွက်သားဒဏ်ရာ ရရှိသွားခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါဒဏ်ရာကြောင့် အိုလ်မိုသည် ချန်ပီယံဆုအတွက် အဓိကပြိုင်ဘက်ဖြစ်သော ရီးရဲလ်မက်ဒရစ်ကို ၉ မှတ်အသာဖြင့် ဦးဆောင်နိုင်ရန် အခွင့်အရေးရှိနေသည့် အောက်တိုဘာ ၂၅ ရက် ပွဲစဉ်ကို လွဲချော်သွားမည်ဖြစ်သည်။ အိုလ်မိုသည် တစ်လဝန်းကျင်အထိ အနားယူရဖွယ်ရှိပြီး  အလာဗက်စ်၊ အက်သလက်တီကို မက်ဒရစ်တို့နှင့် ယှဉ်ပြိုင်ရမည့် လာလီဂါပွဲစဉ်များအပြင် အက်စတွန်ဗီလာနှင့် ယှဉ်ပြိုင်ရမည့် ချန်ပီယံလိဂ်ပွဲစဉ်ကိုပါ လွဲချော်ဖွယ်ရှိသည်။

ထို့ပြင် ၎င်းအနေဖြင့် နိုဝင်ဘာ ၁၂ ရက်နှင့် ၁၅ ရက်တို့တွင် ချက်၊ အင်္ဂလန်တို့နှင့်ယှဉ်ပြိုင်ကစားမည့် စပိန်အသင်း၏ ယူအီးအက်ဖ်အေ နေးရှင်းစ်လိဂ် ပွဲစဉ်များတွင်လည်း ပါဝင်ကစားနိုင်ရန် သေချာမှုမရှိတော့ပေ။

အောက်တိုဘာ ၂၅ ရက် ပွဲစဉ်၌ ဘာစီလိုနာအသင်းဘက်တွင် ဒဏ်ရာရနောက်ခံလူများဖြစ်သော အဲရစ် ဂါစီယာနှင့် အန်ဒရေယက်စ် ခရစ္စတန်ဆန်တို့ ပါဝင်နိုင်မည်မဟုတ်သလို ဂျူးစ်ခွန်ဒဲမှာလည်း ခြေချင်းဝတ်ဒဏ်ရာကြောင့် ပါဝင်နိုင်ရန် မသေချာသေးကြောင်း သိရသည်။ (Xinhua)

စပိန်နိုင်ငံ ဘာစီလိုနာမြို့တွင် ၂၀၂၆ ခုနှစ် မေ ၁၀ ရက်က ဘာစီလိုနာအသင်းနှင့် ရီးရဲလ်မက်ဒရစ်အသင်းတို့ ယှဉ်ပြိုင်ကစားသည့် စပိန်လာလီဂါ ဘောလုံးပွဲစဉ်-၃၅ ၌ ဘာစီလိုနာအသင်းမှ ဂါဗီ (အလယ်) နှင့် ဒါနီ အိုလ်မို (ယာ) တို့ ဖယ်ရန် တောရက်စ်၏ သွင်းဂိုးအတွက် အောင်ပွဲခံနေစဉ် (ဆင်ဟွာ)
စပိန်နိုင်ငံ ဘာစီလိုနာမြို့တွင် ၂၀၂၆ ခုနှစ် မေ ၁၀ ရက်က ဘာစီလိုနာအသင်းနှင့် ရီးရဲလ်မက်ဒရစ်အသင်းတို့ ယှဉ်ပြိုင်ကစားသည့် စပိန်လာလီဂါ ဘောလုံးပွဲစဉ်-၃၅ ၌ ဘာစီလိုနာအသင်းမှ ဂါဗီ (အလယ်) နှင့် ဒါနီ အိုလ်မို (ယာ) တို့ ဖယ်ရန် တောရက်စ်၏ သွင်းဂိုးအတွက် အောင်ပွဲခံနေစဉ် (ဆင်ဟွာ)

..................................

(English Version)

Dani Olmo joins Barcelona's injury list ahead of Real Madrid clash

MADRID, Oct. 21 (Xinhua) -- FC Barcelona suffered an injury setback ahead of Sunday's crucial La Liga clash at home to Real Madrid, with Dani Olmo sustaining a groin injury on Tuesday night.

The 27-year-old midfielder limped off in the first half of Tuesday's 4-2 defeat away to Paris Saint-Germain, Barcelona's first loss of the season, and was replaced by Fermin Lopez.

Although Barcelona's medical staff has yet to complete a full assessment, early indications suggest Olmo has injured his left adductor muscle.

The injury rules him out of Sunday's clash with Real Madrid, a match in which Barcelona could extend its lead over its title rival to nine points. Olmo could be sidelined for up to a month, potentially missing further La Liga matches against Alaves and Atletico Madrid, as well as the Champions League game against Aston Villa.

He is also a doubt for Spain's upcoming UEFA Nations League matches against the Czech Republic and England on Nov. 12 and 15, respectively.

Barcelona will also be without injured defenders Eric Garcia and Andreas Christensen for Sunday's game, while Jules Kounde remains a doubt with an ankle injury.

Photo caption 1: FC Barcelona's Dani Olmo (top R) vies for a header with Racing Santander's Sergio Canales during the La Liga football match between FC Barcelona and Racing Santander in Barcelona, Spain, on Sept. 16, 2026. (Photo by Joan Gosa/Xinhua)

Photo caption 2: FC Barcelona's Gavi (C) and Dani Olmo (R) celebrate the score of Ferran Torres during the 35th round Spanish LaLiga football match between FC Barcelona and Real Madrid CF in Barcelona, Spain, May 10, 2026. Photo by Joan Gosa/Xinhua)