အန်းရွှန့် (ကွေ့ကျိုး)၊ အောက်တိုဘာ ၂၁ ရက် (ဆင်ဟွာ)

၂၀၂၆ နိုင်ငံတကာ တံတားအမြင့်ပေါ်မှ စွန့်စွန့်စားစား အားကစား ဖိတ်ခေါ်ပွဲ (ပါ့လျင်မြစ်တံတားကြီး ပြိုင်ပွဲ) နှင့် ဟွမ်ကော်စု ရှုခင်းသာ ပါ့လျင်မြစ် ဝေဟင်နိမ့် လေထီးခုန်မှု နိုင်ငံတကာဖိတ်ခေါ်ပြိုင်ပွဲကို အောက်တိုဘာ ၁၈ ရက်တွင် ကွေ့ကျိုးပြည်နယ် အန်းရွှန့်မြို့ ပါ့လျင်မြစ်တံတားကြီး၌ စတင်ကျင်းပခဲ့သည်။

ကမ္ဘာအဆင့် တံတားမြင့်ကြီးကို ခုန်ရန်စင်မြင့်အဖြစ် အသုံးပြု၍ နိုင်ငံပေါင်း ၁၉ နိုင်ငံမှ ပြိုင်ပွဲဝင် ၃၀ ကျော်က ခုန်ဆင်းခဲ့ရာ စတင်ခုန်ဆင်းမှု၊ ခန္ဓာကိုယ်ဖြန့်ထုတ်မှု၊ လေထီးဖွင့်မှုတို့ လုပ်ဆောင်ခဲ့ပြီး လျှိုမြောင်များကြားတွင် လေထီးပန်းများ ပွင့်လန်း၍ ဆင်းသက်ရာသို့ ရောက်ရှိခဲ့သည်။

၂၀၂၆ တံတားမြင့် လေထီးခုန်ခြင်း နိုင်ငံတကာဖိတ်ခေါ်ပြိုင်ပွဲ (ဟွားကျန်းလျှိုမြောင်တံတားကြီးပြိုင်ပွဲ) ကို အောက်တိုဘာ ၁၉ ရက်မှ ၂၃ ရက်အထိ ကမ္ဘာ့အမြင့်ဆုံးတံတား ဟွားကျန်းလျှိုမြောင်တံတားကြီး၌ ယှဉ်ပြိုင်လျက်ရှိကြောင်း သိရသည်။ (Xinhua)

---------------------

(Chinese Version)

2026国际高桥极限运动邀请赛开赛

【解说】10月18日,2026国际高桥极限运动邀请赛(坝陵河大桥站)暨黄果树坝陵河低空跳伞国际邀请赛,在贵州省安顺坝陵河大桥开赛。

以世界级高桥为跳台,来自19个国家的30余名参赛选手纵身腾跃,完成起跳、展体、开伞,伞花在峡谷间绽开,落向着陆区。

据了解,10月19日至23日,2026高桥跳伞国际邀请赛(花江峡谷大桥站)在世界第一高桥——花江峡谷大桥展开比拼。

新华社记者罗羽、陈嫱 贵州贵阳报道。(完)