စီးမောင် (ယူနန်)၊ အောက်တိုဘာ ၂၂ ရက် (ဆင်ဟွာ)

ရွှေရောင်ဆောင်းဦးရာသီချိန်တွင် ယူနန်ပြည်နယ် ဖူအယ်မြို့ စီးမောင်ခရိုင် အယ်ထိုတောင်၌ အရုဏ်ဦး တိမ်ပင်လယ်ရှုစားရန် အကောင်းဆုံးအချိန် ကျရောက်လာခဲ့သည်။ ခရီးသွားဧည့်သည်များစွာနှင့် အနီးတစ်ဝိုက် ဒေသခံများက တောင်ထိပ်သို့ အထူးတလည် လာရောက်ပြီး တိမ်ပင်လယ်နှင့် အရုဏ်ဦး နေထွက်ချိန် အပြန်အလှန် ပနံသင့်၍ ခမ်းနားလှပသော အခိုက်အတန့်ကို စောင့်ဆိုင်းရှုစားခဲ့ကြသည်။ တောင်ထိပ်မှ အဝေးကိုမျှော်ကြည့်ပါက တောင်တန်းအထပ်ထပ်ကြားတွင် ဖြူလွှလွှ တိမ်စိုင်တိမ်လိပ်များသည် တဖြည်းဖြည်း ရွေ့လျားနေပြီး တောင်ထွတ်ကို ဖုံးတစ်လှည့် ဖော်တစ်လှည့် ဖြစ်နေသည်။ ခြေလှမ်းတစ်လှမ်း ရှုခင်းတစ်ခု၊ မြင်ကွင်းတိုင်းက ပန်းချီကားချပ်ပမာ  နတ်ဗိမာန်အလား မှင်တက်ဖွယ်ရှုခင်းကို တွေ့မြင်နိုင်ပါသည်။ (Xinhua)