
မက်ဒရစ်၊ အောက်တိုဘာ ၂၁ ရက် (ဆင်ဟွာ)
လိုက်ဇစ်အသင်းနှင့်ကစားရမည့် အောက်တိုဘာ ၂၁ ရက် ချန်ပီယံလိဂ်အိမ်ကွင်းပွဲစဥ်မတိုင်မီ ဗင်နီဆီးယက်စ်ဂျုနီယာကို အသင်းလူစာရင်း၌ ထည့်သွင်းရွေးချယ်ခြင်းပြု၊မပြုနှင့်ပတ်သက်၍ ရီးရဲလ်မက်ဒရစ်အသင်းနည်းပြ ဂျိုဆေးမော်ရင်ဟို ဆုံးဖြတ်ရခက်ခဲနေသလို ရီးရဲလ်ဘက်တစ်အသင်းကလည်း ဖီယင်နုအသင်းကို အိမ်ကွင်းလက်ခံကစားရမည့်ပွဲတွင် ချန်ပီယံလိဂ်သုံးပွဲဆက်တိုက်နိုင်ပွဲရရှိရန်ပစ်မှတ်ထားနေကြောင်းသိရသည်။
ရီးရဲလ်မက်ဒရစ်အသင်းမှ လူငယ်တောင်ပံကစားသမား ယန်းဒီယိုမန်ဒီအတွက်မူ နွေရာသီအပြောင်းအရွေ့စျေးကွက်အတွင်း၌ လိုက်ဇစ်မှ ရီးရဲလ်သို့ပြောင်းရွေ့ကြေး ယူရို သန်း ၁၂၀ (အမေရိကန်ဒေါ်လာသန်း ၁၄၀) ကျော်ဖြင့်ပြောင်းရွေ့ခဲ့ပြီးနောက် ၎င်း၏အသင်းဟောင်းနှင့်ပြန်လည်ရင်ဆိုင်ကစားရမည့်ပွဲဖြစ်နေသော်လည်း မော်ရင်ဟိုအနေဖြင့် ယန်းဒီယိုမန်ဒီကို ဆက်လက်အသုံးပြုမည်လား သို့မဟုတ် ဗီနီးဆီးယက်စ်ကို အသင်းလူစာရင်းတွင်ပြန်လည်အသုံးပြုမည်လားဆိုသည်ကို ဆုံးဖြတ်ရဦးမည်ဖြစ်သည်။
ယန်းဒီယိုမန်ဒီမှာ အောက်တိုဘာ ၁၈ရက်ကဆီဗီလာအသင်းကို အိမ်ကွင်း၌ ၄-၁ဂိုးဖြင့် အနိုင်ရခဲ့သည့် လာလီဂါပွဲတွင် လှပသည့်ဂိုးတစ်ဂိုးသွင်းယူပြီး ခြေစွမ်းပြကစားနိုင်ခဲ့သည်။ ဗင်နီဆီးယက်စ်ကမူ ဗီလာရီးရဲလ်အသင်းနှင့်ကစားခဲ့သည့်ပွဲတွင် ပြိုင်ဘက်နောက်ခံကစားသမား နသန်ဆာလီဘာ၏ ဆံပင်ကိုဆောင့်ဆွဲခြင်းကြောင့် အနီကတ်အပြခံခဲ့ရသလို ဒိုင်လူကြီးကိုပါ ရိုင်းစိုင်းစွာကန့်ကွက်ခဲ့၍ လာလီဂါလေးပွဲပယ်ပြစ်ဒဏ် ချမှတ်ခံခဲ့ရပြီး ဆီဗီလာနှင့်ပွဲတွင်ပထမဆုံးပွဲပယ်ပြစ်ဒဏ်ကျခဲ့ကာ ပါဝင်ကစားနိုင်ခြင်းမရှိခဲ့ပေ။
ဘရာဇီးလ်ကစားသမား ဗင်နီဆီးယက်စ်မှာ ချန်ပီယံလိဂ်ပွဲစဉ်များတွင် ပါဝင်ကစားခွင့်ရှိနေသော်လည်း ၎င်းမကစားပေးနိုင်သည့်ပွဲတွင် ရီးရဲလ်မက်ဒရစ်အသင်းက ယခုရာသီ၏ အကောင်းဆုံးဟုဆိုနိုင်လောက်သည့် ခြေစွမ်းမျိုးကိုပြသနိုင်ခဲ့ရာ မော်ရင်ဟိုအတွက်လည်း ဆုံးဖြတ်ရခက်ခဲနေခြင်း ဖြစ်သည်။
မော်ရင်ဟိုအတွက်မူ အောက်တိုဘာ၂၅ ရက်တွင် ဘာစီလိုနာအသင်းကိုအဝေးကွင်း၌ သွားရောက်ကစားရမည့် လာလီဂါပွဲအတွက် ကစားသမားများ၏ကြံ့ခိုင်မှုနှင့်လန်းဆန်းမှုကို ထိန်းသိမ်းထားရန် လိုအပ်နေကာ အသင်းလူစာရင်းရွေးချယ်မှုကိုလည်း မဖြစ်မနေဟန်ချက်ညီအောင်ပြုလုပ်ရမည်ဖြစ်သော်လည်း ဗင်နီဆီးယက်စ်မှာ ဆန်တီယာဂိုဘာနေဗျူးကွင်းရှိ ပရိသတ်အချို့၏ဝေဖန်မှုများကို ခံနေရသူဖြစ်နေသည်။
မော်ရင်ဟိုအနေဖြင့်ညာအစွန်နောက်ခံလူနေရာတွင် ဒန်ဇယ်ဒမ်ဖရီးစ် သို့မဟုတ် ထရန့်အလက်ဇန်းဒါးအာနိုးလ်တို့ကို အသုံးပြုဖွယ်ရှိသလို ဖက်ဒရီကိုဗယ်ဗာဒီကို ကွင်းလယ်သို့ ပြန်လည်ရွှေ့ပြောင်းကစားစေခြင်းအပါအဝင် မည်သည့်နေရာမဆို အပြောင်းအလဲပြုလုပ်ဖွယ်ရှိနေသည်။ အလားတူ ဘရာဟင်ဒီယက်ဇ်နှင့် အက်ဂွါဒိုကာမာဗင်ဂါတို့ကလည်း ပွဲထွက်လူစာရင်းမှ ပါဝင်ကစားဖွယ်ရှိသည်ဟု ရေပန်းစားနေကြသည်။
အခြားပွဲစဥ်တစ်ပွဲတွင်မူ အောက်တိုဘာ ၁၇ ရက်က ဘာစီလိုနာအသင်းကို အိမ်ကွင်း၌ ၅-၂ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည့် ရီးရဲလ်ဘက်တစ်အသင်းက ဒတ်ချ်ကလပ်ဖီယင်နုအသင်းကို အိမ်ကွင်းလက်ခံကစားရမည့်ပွဲတွင် ရှုံးပွဲမှပြန်လည်နိုးထနိုင်ရန် ပစ်မှတ်ထားနေကြသည်။
မန်နူရယ်ပယ်လီဂရီနီ ဦးဆောင်နေသည့် ဘက်တစ်မှာ ချန်ပီယံလိဂ်အဖွင့်နှစ်ပွဲဆက်တိုက်အနိုင်ရခဲ့ပြီးဖြစ်ရာ ဖီယင်နုကိုသာအနိုင်ရခဲ့ပါက သုံးပွဲဆက်နိုင်ပွဲနှင့်အတူအနည်းဆုံး ပလေးအော့ဖ်ရှုံးထွက်အဆင့်သို့ တက်ရောက်ကစားနိုင်ရေးအတွက် အခြေအနေအလွန်ကောင်းသွားမည်ဖြစ်သည်။
သိုရရာတွင် ဖီယင်နုအသင်းနှင့် ကစားရမည့်ပွဲတွင် ကြွက်သားဒဏ်ရာကြောင့် တစ်လကြာအနားယူရမည်ဟု ခန့်မှန်းထားကြသည့် ကိုလံဘီယာတိုက်စစ်မှူး ကူချိုဟာနန်ဒက်ဇ်က ဘက်တစ်အတွက် ပါဝင်ကစားပေးနိုင်မည်မဟုတ်ပေ။ ၎င်းမပါဝင်နိုင်ခြင်းကြောင့်လည်း ဘက်တစ်တိုက်စစ်ကို ထရွင်ပါရော့တ်က ဦးဆောင်ကစားရဖွယ်ရှိနေသည်။
ရိုဒရီဂိုရီကွယ်မီး၊ မာ့စ်ဘာထရာ၊ အန်တိုနီတို့ကမူ ပွဲထွက်လူစာရင်းမှကစားဖွယ်ရှိနေသလိုဘာစီလိုနာကိုရှုံးခဲ့သည့်ပွဲတွင် အရန်ခုံပေါ်၌သာ ထိုင်ခဲ့ရသည့် ကွင်းလယ်ကစားသမား အစ္စကိုကလည်း ပွဲထွက်စာရင်းမှ ပြန်လည်ကစားဖွယ်ရှိကြောင်း သိရသည်။ (Xinhua)
..............................................
(English version)
Mourinho faces Vinicius dilemma as Real Madrid hosts Leipzig
MADRID, Oct. 20 (Xinhua)
Real Madrid coach Jose Mourinho faces a selection dilemma over Vinicius Junior ahead of Wednesday's Champions League home match against RB Leipzig, while Real Betis hosts Feyenoord seeking a third consecutive victory in the competition.
Real Madrid winger Yan Diomande is set to face his former club following his reported transfer from Leipzig for more than 120 million euros (140 million U.S. dollars), but Mourinho must decide whether to retain the youngster or recall Vinicius.
Diomande impressed in Sunday's 4-1 La Liga win over Sevilla, scoring a fine goal as Vinicius served the first match of a four-game domestic suspension for pulling Villarreal defender Nathan Saliba's hair and subsequently protesting to the referee.
The Brazilian remains eligible for Champions League matches, leaving Mourinho with a difficult decision after Real Madrid produced arguably its best performance of the season in his absence.
Vinicius has also faced criticism from sections of the Santiago Bernabeu crowd, although Mourinho must balance his selection against the need to keep players fresh for Sunday's La Liga showdown away to Barcelona.
Mourinho could also make changes elsewhere, with Denzel Dumfries and Trent Alexander-Arnold options at right-back, potentially allowing Federico Valverde to return to midfield. Brahim Diaz and Eduardo Camavinga are also in contention for starting places.
Meanwhile, Betis will look to recover from Saturday's 5-2 home defeat to Barcelona when it hosts Dutch side Feyenoord.
Manuel Pellegrini's side has won its opening two Champions League matches, and a third consecutive victory would put it in a strong position to qualify for at least the knockout-phase playoffs.
However, Betis will be without Colombia international striker Cucho Hernandez, who is expected to miss around a month with a muscle injury. Troy Parrott is in line to lead the attack in his absence.
Rodrigo Riquelme, Marc Bartra and Antony are also candidates to start, while midfielder Isco could return after remaining on the bench throughout Saturday's defeat. ■
Photo caption: Real Madrid's players celebrate a scored goal during the La Liga football match between Real Madrid and Sevilla F.C. at Santiago Bernabeu stadium, in Madrid, Spain, on Oct. 18, 2026. (Photo by Gustavo Valiente/Xinhua)








