တရုတ်နိုင်ငံ ဟိုင်နန်ပြည်နယ် ဟိုင်ခိုလေဆိပ် ဘက်စုံအခွန်ထိန်းသိမ်းမှုဇုန်ရှိ တာ့ရှင်းဟွာဖေးလေဆိပ်ပြုပြင်ထိန်းသိမ်းရေးအခြေစိုက်စခန်းတွင် ဝန်ထမ်းများက ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်နေကြသည်ကို ၂၀၂၆ ခုနှစ် အောက်တိုဘာ ၁၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံ ဟိုင်နန်ပြည်နယ် ဟိုင်ခိုလေဆိပ် ဘက်စုံအခွန်ထိန်းသိမ်းမှုဇုန်ရှိ တာ့ရှင်းဟွာဖေးလေဆိပ်ပြုပြင်ထိန်းသိမ်းရေးအခြေစိုက်စခန်းတွင် ဝန်ထမ်းများက ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်နေကြသည်ကို ၂၀၂၆ ခုနှစ် အောက်တိုဘာ ၁၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဟိုင်ခို၊ အောက်တိုဘာ ၂၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ဟိုင်နန် လွတ်လပ်သော ကုန်သွယ်မှုဆိပ်ကမ်း (FTP) တွင် အထူးအကောက်ခွန်လုပ်ငန်းလုပ်ဆောင်မှု စတင်လည်ပတ်သည့်အချိန်မှစ၍ မူဝါဒဆိုင်ရာ အခွင့်အလမ်းများနှင့် တည်နေရာ အားသာချက်များကို အမှီပြု၍ လေယာဉ်ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းကို စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေခဲ့ပြီး ကမ္ဘာတစ်ဝန်းကို မျက်နှာမူသော နိုင်ငံတကာ လေယာဉ်ပြုပြင်ထိန်းသိမ်းရေး အချက်အချာနေရာတစ်ခုအဖြစ် တည်ဆောက်လျက်ရှိသည်။

လက်ရှိတွင် FTP သည် လေယာဉ်တစ်စင်းလုံး ပြုပြင်ထိန်းသိမ်းခြင်း၊ အပိုပစ္စည်းများ ပြုပြင်ထိန်းသိမ်းခြင်း၊ လေယာဉ်အင်ဂျင် ပြုပြင်ထိန်းသိမ်းခြင်း၊ လေယာဉ်ဆေးမှုတ်ခြင်း စသည့် အဓိကလုပ်ငန်းများ အပါအဝင် ကွင်းဆက်အပြည့် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်း အခြေစိုက်စခန်းကို ကနဦး တည်ဆောက်ပြီးစီးခဲ့ပြီဖြစ်သည်။

ဟိုင်ခိုလေဆိပ် ဘက်စုံအခွန်ထိန်းသိမ်းမှုဇုန် (Comprehensive Bonded Zone) သည် တစ်နေရာတည်းတွင် လေယာဉ်ပြုပြင်ထိန်းသိမ်းရေးနှင့် လေယာဉ်အင်ဂျင်ပြုပြင်ထိန်းသိမ်းရေး ဟူသော အထူးပြုလုပ်ငန်းအခြေစိုက်စခန်း နှစ်ခုကို ဖွဲ့စည်းတည်ထောင်ပြီးဖြစ်ပြီး ဦးဆောင်ကုမ္ပဏီလုပ်ငန်းများစွာ စုစည်းတည်ရှိကာ နိုင်ငံခြား လေကြောင်းလိုင်း ၃၀ ကျော်မှာ ရေရှည်ပူးပေါင်းဆောင်ရွက်ရေး ဖောက်သည်များ ဖြစ်လာခဲ့သည်။ (Xinhua)

………………………..

(Chinese Version)

活力中国调研行|海南打造面向全球的航空维修高地

新华社照片,海口,2026年10月20日

海南自贸港自封关运作以来,依托政策红利和区位优势,持续发展航空维修产业,打造面向全球的国际航空维修高地。目前自贸港已初步建成包括整机维修、附件维修、航空发动机维修、飞机喷涂等主要业务的全链条维修产业基地。海口空港综合保税区已形成一站式飞机维修、航空发动机维修两大专业载体,集聚多家头部企业,30多家境外航司已成为长期合作客户。

图说1:10月19日,在位于海口空港综合保税区的大新华飞维空港维修基地,工作人员进行维修作业。 新华社记者 辛悦卫 摄

图说2:10月19日,在位于海口空港综合保税区的海口吉耐斯航空发动机维修基地,工作人员进行维修作业。新华社记者 辛悦卫 摄