
စိန့်ပီတာစဘတ်၊ အောက်တိုဘာ ၂၂ ရက် (ဆင်ဟွာ)
အဖျက်သဘောဆောင်သော ပြင်ပစွက်ဖက်မှုများက ယူရေးရှားဒေသတစ်ခွင် မတည်မငြိမ်ဖြစ်စေသည့် အဓိကအကြောင်းရင်းအဖြစ် ရှုမြင်ကာ ပြင်ပမှ အင်အားသုံး၍ အတင်းအကျပ် ဖိအားပေးမှုမှန်သမျှကို ပြင်းထန်စွာရှုတ်ချကြောင်း တရုတ်နိုင်ငံနှင့် ရုရှားနိုင်ငံတို့သည် အောက်တိုဘာ ၂၁ ရက်တွင် ပူးတွဲကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့သည်။
နှစ်နိုင်ငံအနေဖြင့် ကုလသမဂ္ဂကို ဗဟိုပြုသော နိုင်ငံတကာစနစ်နှင့် နိုင်ငံတကာဥပဒေကိုအခြေခံသော နိုင်ငံတကာစည်းစနစ်တို့ကို ခိုင်မာစွာ ထိန်းသိမ်းကာကွယ်သွားမည်ဟု စိန့်ပီတာစဘတ်မြို့၌ ကျင်းပသော တရုတ်-ရုရှား အစိုးရအဖွဲ့အကြီးအကဲများ၏ ၃၁ ကြိမ်မြောက် ပုံမှန်အစည်းအဝေးအပြီး၌ ထုတ်ပြန်ခဲ့သည့် အဆိုပါပူးတွဲကြေညာချက်တွင် ဖော်ပြထားသည်။
ထို့ပြင် နှစ်ဖက်အနေဖြင့် အချုပ်အခြာအာဏာပိုင် နိုင်ငံများအကြား အပြန်အလှန်အကျိုးရှိစေမည့် ပူးပေါင်းဆောင်ရွက်မှုကို အခြေခံ၍ တရားမျှတသော နိုင်ငံတကာဆက်ဆံရေးကို ခိုင်မာအောင် တည်ဆောက်သွားရန် ထောက်ခံခဲ့ကြပြီး ကမ္ဘာကြီးကို ပြိုင်ဘက်နယ်မြေဒေသများ သို့မဟုတ် ပြိုင်ဘက်အုပ်စုများအဖြစ် ပိုင်းခြားသတ်မှတ်ခြင်းကို ဆန့်ကျင်ကြကြောင်းလည်း ကြေညာချက်၌ ဖော်ပြထားသည်။
အောက်တိုဘာ ၂၁ ရက်က ကျင်းပသည့် အဆိုပါအစည်းအဝေးအား တရုတ်နိုင်ငံဝန်ကြီးချုပ် လီချန်နှင့် ရုရှားနိုင်ငံ ဝန်ကြီးချုပ် မစ်ခေး မီရှုစတင်တို့က ပူးတွဲသဘာပတိအဖြစ် ဦးဆောင်ကျင်းပခဲ့ကြောင်း သိရသည်။ (Xinhua)
..................................
(English Version)
China, Russia see destructive external interference as main source of instability across Eurasia: joint communique
ST. PETERSBURG, Oct. 21 (Xinhua) -- China and Russia view destructive external interference as the main source of instability across Eurasia and strongly condemn any acts of external coercion through the use of force, according to a joint communique released Wednesday.
Both sides firmly uphold the United Nations-centered international system and the international order based on international law, said the communique issued after the 31st regular meeting between Chinese and Russian heads of government in St. Petersburg.
They also support consolidating fair international relations on the basis of mutually beneficial cooperation among sovereign states and oppose dividing the world into rival regions or blocs, it said.
Chinese Premier Li Qiang co-chaired the meeting with Russian Prime Minister Mikhail Mishustin on Wednesday.
Photo caption: Chinese Premier Li Qiang and Russian Prime Minister Mikhail Mishustin co-chair the 31st regular meeting between Chinese and Russian heads of government in St. Petersburg, Russia, Oct. 21, 2026. (Xinhua/Yin Bogu)








