
ပေကျင်း၊ အောက်တိုဘာ ၂၂ ရက် (ဆင်ဟွာ)
မှတ်တမ်းရုပ်ရှင် “ဆင်တို့၏ခရီးသွားမှတ်တမ်း” (The Elephant Odyssey) တရုတ်နိုင်ငံတစ်ဝန်း ပထမဆုံးပြသမှုအခမ်းအနားကို အောက်တိုဘာ ၂၁ ရက်တွင် တရုတ်နိုင်ငံ ပေကျင်းမြို့၌ ကျင်းပခဲ့သည်။ “ဆင်တို့၏ ခရီးသွားမှတ်တမ်း” ကို တရုတ်၊ ကနေဒါ၊ စင်ကာပူ သုံးနိုင်ငံအဖွဲ့အစည်းများမှ ပူးတွဲရိုက်ကူးခဲ့ခြင်းဖြစ်သည်။
အဆိုပါရုပ်ရှင်၌ “မြောက်ပိုင်းသို့ သွားရောက်၍ တောင်ပိုင်းသို့ ပြန်လည်ရောက်ရှိလာသည့်” ဆင်အုပ်နှင့် တောရိုင်း အာရှဆင် “အားပေါင်” အား သဘာဝအတိုင်း ကျင်လည်ကျက်စားနိုင်ရန် လေ့ကျင့်ပေးပြီး အောင်မြင်စွာ ပြန်လွှတ်ပေးခဲ့ခြင်း၊ သဘာဝတောအတွင်းသို့ ပြန်လည်ဝင်ရောက်သွားခြင်း ဟူသည့် ပုံရိပ်ဖော်ညွှန်း တင်ဆက်မှု အကြောင်းအရာနှစ်ခုကို အဓိကထား၍ မတူညီသော အချိန်ကာလနှစ်ခုမှ အကြောင်းအရာများကို ရောယှက်တင်ဆက်ထားသည်။ ထို့ပြင် ယူနန် အာရှဆင်များ မြောက်ပိုင်းသို့ သွားရောက်၍ တောင်ပိုင်းသို့ ပြန်လည်ရောက်ရှိလာသည့်ဖြစ်စဉ်ကို ဘက်စုံ ပြန်လည်တင်ဆက်ထားပြီး တရုတ်နိုင်ငံအစိုးရ၏ အာရှဆင်များအား ကာကွယ်စောင့်ရှောက်ပေးသည့် အထွေထွေအစီအမံကို ဓမ္မဓိဋ္ဌာန်ကျကျ မှတ်တမ်းတင်ထားကြောင်း သိရသည်။ (Xinhua)
---------------------
(Chinese Version)
纪录电影《象行记》在京首映
新华社照片,北京,2026年10月21日
10月21日,纪录电影《象行记》全国首映礼在北京举行。《象行记》由中国、加拿大、新加坡三国机构合拍,聚焦“北上南归”象群和野生亚洲象“阿宝”成功野化放归、重返大自然两条叙事主线,将两个不同时空的故事相交织,全面回顾云南亚洲象北上南归历程,客观记录中国政府保护亚洲象的综合措施。
图说1:10月21日,“大象”来到首映礼现场与观众见面。 新华社记者 金良快 摄
图说2:10月21日,嘉宾宣布纪录电影《象行记》全国启映。新华社记者 金良快 摄








