တရုတ်နိုင်ငံ ဟိုင်နန်ပြည်နယ် ဟိုင်နန် ပေါင်လု ရေထွက်ကုန် သိပ္ပံနှင့် နည်းပညာကုမ္ပဏီ လျင်ကောင်း ကုမ္ပဏီခွဲ မာနျောင်စခန်းတွင် ဝန်ထမ်းက တီလားဗီးယားငါးများအား အစာကျွေးနေသည်ကို ၂၀၂၆ ခုနှစ် အောက်တိုဘာ ၂၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံ ဟိုင်နန်ပြည်နယ် ဟိုင်နန် ပေါင်လု ရေထွက်ကုန် သိပ္ပံနှင့် နည်းပညာကုမ္ပဏီ လျင်ကောင်း ကုမ္ပဏီခွဲ မာနျောင်စခန်းတွင် ဝန်ထမ်းက တီလားဗီးယားငါးများအား အစာကျွေးနေသည်ကို ၂၀၂၆ ခုနှစ် အောက်တိုဘာ ၂၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

လျင်ကောင်း (ဟိုင်နန်)၊ အောက်တိုဘာ ၂၁ ရက် (ဆင်ဟွာ)

တီလားဗီးယားငါးသည် တရုတ်နိုင်ငံ ဟိုင်နန်ပြည်နယ်၏ အရေးကြီးသည့် မွေးမြူရေး ရေထွက်ပစ္စည်းဖြစ်သည်။ ဟိုင်နန်ပြည်နယ် လျင်ကောင်းခရိုင်တွင် ရေထွက်ကုန် ငါးမျိုးစိုက်ထည့်ခြင်းလုပ်ငန်းသည် အရည်အသွေးကောင်းမွန်သော မျိုးကောင်းမျိုးသန့်များကို စဉ်ဆက်မပြတ် ရွေးချယ်မွေးမြူခြင်း၊ အခြေခံအဆောက်အအုံသုံး ထုတ်လုပ်မှုနှင့် ဒစ်ဂျစ်တယ်စနစ်သုံး စီမံခန့်ခွဲမှုများကို တွန်းအားပေးခြင်းတို့မှတစ်ဆင့် ငါးသားပေါက် မွေးမြူထုတ်လုပ်မှု စွမ်းရည်ကို ဆက်လက် မြှင့်တင်လျက်ရှိပြီး မွေးမြူရေးလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိက ထောက်ပံ့ပေးလျက်ရှိသည်။

မကြာမီနှစ်များအတွင်း ဟိုင်နန်ပြည်နယ်သည် အပူပိုင်းဒေသဆိုင်ရာ သယံဇာတအားသာချက်ကို အပြည့်အဝ အသုံးချ၍ ရေထွက်ကုန် ငါးသားပေါက်စိုက်ထည့်ခြင်းလုပ်ငန်း ဆန်းသစ်တီထွင်မှုနှင့် မွေးမြူရေး နည်းပညာ အဆင့်မြှင့်တင်မှုများကို စဉ်ဆက်မပြတ် ဆောင်ရွက်ခဲ့ရာ သိပ္ပံနှင့် နည်းပညာဖြင့် ထူးခြားချက်ရှိသော ငါးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုကို အားဖြည့်ပေးပြီး ငါးလုပ်ငန်း၏ အရည်အသွေးနှင့် ထိရောက်မှု မြှင့်တင်ရေးကို အထောက်အကူပေးလျက်ရှိသည်။ (Xinhua)

-----------------------------

(Chinese Version)

活力中国调研行|科技育种推动海南渔业高质量发展

新华社照片,临高(海南),2026年10月21日

罗非鱼是海南重要的养殖水产品。在海南临高,水产种苗企业通过持续开展良种选育、推进设施化生产和数字化管理,不断提高种苗培育能力,为养殖产业发展提供支撑。 近年来,海南发挥热带资源优势,持续推进水产种业创新和养殖技术升级,以科技赋能特色渔业发展,助力渔业提质增效。

图说1:10月20日,在海南宝路水产科技有限公司临高分公司马袅基地,工作人员给罗非鱼喂食。新华社记者 郭程 摄

图说2:10月20日,在海南宝路水产科技有限公司临高分公司马袅基地,技术人员在做细菌涂板检测(手机照片)。新华社记者 郭程 摄