
တီဟီရန်၊ အောက်တိုဘာ ၂၁ ရက် (ဆင်ဟွာ)
အီရန်သမ္မတ မာဆော့ ပါဇက်ရှ်ကီရမ်က အောက်တိုဘာ ၂၀ ရက်တွင် ခရီးစဉ်ရောက်ရှိနေသည့် ပါကစ္စတန် စစ်ဦးစီးချုပ် Asim Munir နှင့် တွေ့ဆုံရာ၌ အမေရိကန်အနေဖြင့် အီရန်အပေါ် ပိတ်ဆို့အရေးယူမှုများကို မဖြစ်မနေ ဖယ်ရှားရမည်ဖြစ်ကြောင်း၊ ယင်းသည် အီရန်-အမေရိကန် မည်သည့်တွေ့ဆုံဆွေးနွေးမှုမျိုးမဆို လုပ်ဆောင်ရန်အတွက် လိုအပ်ချက်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
အီရန်သမ္မတရုံး ဝက်ဘ်ဆိုက်တွင် ထုတ်ပြန်သော ကြေညာချက်အရ အမေရိကန်အနေဖြင့် တစ်ဖက်တွင် ပိတ်ဆို့အရေးယူမှုနှင့် ဖိအားပေးမှုများ မြှင့်တင်ပြီး အီရန်၏ထွက်ပေါက်ကို အသေပိတ်ဆို့ထားကာ တစ်ဖက်တွင် တွေ့ဆုံမှုနှင့် ဆွေးနွေးညှိနှိုင်းမှုများ လုပ်ဆောင်ရန် တိုက်တွန်းနေခြင်းသည် “ဖြစ်နိုင်မည်မဟုတ်” ကြောင်း မာဆော့ ပါဇက်ရှ်ကီရမ်က အလေးထား ပြောကြားခဲ့သည်။ တစ်ချိန်တည်းတွင် ၎င်းက အီရန်အနေဖြင့် တွေ့ဆုံဆွေးနွေးရန် ပြင်ဆင်ထားပြီးဖြစ်ကြောင်းလည်း ဆိုခဲ့သည်။
မာဆော့ ပါဇက်ရှ်ကီရမ်က အီရန်အပေါ် အမေရိကန်၏ စွပ်စွဲမှုများသည် တရားဝင်လျော်ကန်မှု မရှိကြောင်း၊ အီရန်သည် နိုင်ငံတကာဥပဒေမူဘောင်အတွင်း၌ နျူကလီးယားအရေးနှင့်စပ်လျဉ်း၍ ဆွေးနွေးညှိနှိုင်းမှုနှင့် စစ်ရေးအတည်ပြုမှုအတွက် စိတ်ရင်းစေတနာများကို ဖော်ပြထားပြီးဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။
Asim Munir သည် တင်းမာနေသည့် အခြေအနေ ပြေလျော့လာစေရန်အတွက် သံတမန်ရေးအရ ကြိုးပမ်းမှုများကို အီရန်ဘက်သို့ အသိပေးပြောကြားခဲ့သည်။ ပါကစ္စတန်၏ ကြားဝင်စေ့စပ်မှုဖြင့် ရရှိခဲ့သော အီရန်-အမေရိကန် နားလည်မှုစာချွန်လွှာ အကောင်အထည်မဖော်နိုင်ခြင်းအတွက် ဝမ်းနည်းမိကြောင်း၊ အသစ်တစ်ကြိမ် စစ်ပွဲ ဖြစ်ပွားမည်ကို စိုးရိမ်ပူပန်ကြောင်း ၎င်းက ဆိုခဲ့သည်။ သံတမန်ရေးနည်းလမ်းဖြင့် ပြဿနာဖြေရှင်းခြင်း၏ အရေးကြီးမှုကို ၎င်းက အလေးထားပြောကြားခဲ့ပြီး ပါကစ္စတန်အနေဖြင့် သက်ဆိုင်ရာ ညှိနှိုင်းကူညီမှုများ ပံ့ပိုးပေးလိုကြောင်း ပြောကြားခဲ့သည်။
Asim Munir ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် အောက်တိုဘာ ၂၀ ရက်တွင် အီရန်နိုင်ငံ မြို့တော်တီဟီရန်သို့ ရောက်ရှိခဲ့ပြီး အီရန်ဘက်နှင့် ဆွေးနွေးညှိနှိုင်းမှုများ လုပ်ဆောင်ခဲ့သည်။ ခရီးစဉ်သွားရောက်သည့် ကာလအတွင်း Asim Munir သည် အီရန် နိုင်ငံခြားရေးဝန်ကြီး အာရက်ဂ်ချီ ၊ အီရန် လွှတ်တော်ဥက္ကဋ္ဌ မိုဟာမက် ဘာဂါ ဂါလီဘတ်ဖ် နှင့် အီရန်အဆင့်မြင့် အမျိုးသားလုံခြုံရေးကောင်စီ အတွင်းရေးမှူး Mohsen Rezaei တို့နှင့်လည်း တွေ့ဆုံခဲ့ကြောင်း သိရသည်။ (Xinhua)
---------------------
(Chinese Version)
伊朗总统会见巴陆军参谋长 强调美必须解除制裁
新华社德黑兰10月20日电(记者沙达提)伊朗总统佩泽希齐扬20日在会见到访的巴基斯坦陆军参谋长穆尼尔时说,美方必须解除针对伊朗的制裁,这是伊美进行任何谈判的前提。
据伊朗总统办公室网站发布的声明,佩泽希齐扬强调,美国一面加强制裁与施压、堵死伊朗出路,一面呼吁对话与谈判,“这是行不通的”。他同时表示,伊朗已做好进行对话的准备。 佩泽希齐扬还说,美国针对伊朗的指控缺乏正当性,伊朗已在国际法框架内,就核问题谈判与核查展现了诚意。
穆尼尔向伊方通报了旨在缓解紧张局势的外交努力。他对经巴方斡旋达成的伊美谅解备忘录未得到落实表示遗憾,并担忧可能爆发新一轮战事。他强调通过外交途径解决问题的重要性,并表示巴方愿提供相关协助。
穆尼尔率领代表团20日抵达伊朗首都德黑兰,与伊方进行磋商。访问期间,穆尼尔还与伊朗外交部长阿拉格齐、伊朗伊斯兰议会议长卡利巴夫以及伊朗最高国家安全委员会秘书穆赫辛·雷扎伊进行会面。(完)
图说:这是4月11日在巴基斯坦伊斯兰堡的美伊谈判新闻中心外拍摄的谈判相关海报。新华社发(王申摄)








