
ရှုံအန်း၊ အောက်တိုဘာ ၂၁ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံဗဟိုအစိုးရက တိုက်ရိုက်ကွပ်ကဲကြီးကြပ်မည့် နိုင်ငံပိုင်လုပ်ငန်းအသစ်တစ်ခုဖြစ်သည့် China National Data Group ကုမ္ပဏီလီမိတက်ကို တရုတ်နိုင်ငံ မြောက်ပိုင်း၊ ဟဲပေပြည်နယ်၊ ရှုံအန်းဧရိယာသစ်၌ အောက်တိုဘာ ၂၀ ရက်က တရားဝင်အခမ်းအနားဖြင့် စတင်ဖွင့်လှစ်ခဲ့သည်။
အဆိုပါလုပ်ငန်းသစ်၏ရုံးချုပ်သည် ရှုံအန်းဧရိယာသစ်တွင် အခြေစိုက်မည်ဖြစ်ပြီး အချက်အလက်အရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အသုံးပြုခြင်းများကို အထူးပြုဆောင်ရွက်သွားမည်ဖြစ်ကာ ယင်းလုပ်ငန်းသစ်ကြောင့် ဗဟိုအစိုးရ၏ တိုက်ရိုက်ကွပ်ကဲမှုအောက်တွင်ရှိသည့် နိုင်ငံပိုင်လုပ်ငန်းအရေအတွက်သည် စုစုပေါင်း ၁၀၀ ခုအထိ ရှိလာပြီဖြစ်သည်။
အဆိုပါလုပ်ငန်းသစ်ကို အချက်အလက်ဝန်ဆောင်မှုဆိုင်ရာ အမျိုးသားအဆင့်အဖွဲ့အစည်းနှင့် အချက်အလက်အခြေခံသည့် အဆောက်အအုံချိတ်ဆက်မှုကဏ္ဍတွင် ဦးဆောင်သူအဖြစ်သာမက အမျိုးသားအဆင့် အချက်အလက်အခြေခံသိပ္ပံနှင့်နည်းပညာဆိုင်ရာ ဆန်းသစ်တီထွင်မှုအတွက် မဟာဗျူဟာမြောက် အင်အားစုတစ်ခုအဖြစ်ပါ ပုံဖော်ဆောင်ရွက်ရန် သတ်မှတ်ထားကြောင်း သိရသည်။ (Xinhua)
...........................
(English version)
China establishes new state-owned enterprise focused on data
XIONGAN, Oct. 20 (Xinhua)
China National Data Group Co., Ltd., a new state-owned enterprise (SOE) directly administered by the central government, was officially inaugurated at a ceremony in Xiongan New Area, north China's Hebei Province, on Tuesday.
Headquartered in Xiongan New Area, the newly established enterprise is tasked with specializing in the development and utilization of data resources, bringing the total number of SOEs directly administered by the central government to 100.
It is positioned as a national team for data services, a leader in data infrastructure connectivity and a strategic force for national data sci-tech innovation. ■
Photo caption: An aerial drone photo taken on March 30, 2024 shows the business service center in Xiong'an New Area, north China's Hebei Province. (Xinhua/Mu Yu)








