
ဆန်းနန်၊ အောက်တိုဘာ ၁၉ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ ရှီးဇန့်ဒေသ ဆန်းနန်မြို့ ဆရက်လမ်းရှိ မြစ်ကူးတံတားကြီးသည် အောက်တိုဘာ ၁၈ ရက်တွင် အပြည့်အဝ ချိတ်ဆက်ပြီးစီးခဲ့သည်။ အဆိုပါတံတားကြီးသည် ဆန်းနန်မြို့ နိုင်တုန်းခရိုင်တွင် တည်ရှိပြီး ရာလူဇန့်ပုမြစ်ကို ဖြတ်သန်းတည်ဆောက်ထားခြင်းဖြစ်ရာ ဆန်းနန်မြို့၏ ပထမဆုံးသော ကန်တီလီဗာလောင်း ကွန်ကရစ်ရက်မသုံး မြို့ပြတံတားကြီး ဖြစ်သည်။
တံတားကြီးတည်ဆောက်ပြီးနောက် ရာလူဇန့်ပုမြစ်နှစ်ဖက်ကမ်း၏ လမ်းပန်းဆက်သွယ်ရေးအချက်အချာ ဖြစ်လာမည် ဖြစ်ရာ ဆန်းနန်မြို့နှင့် လားဆမြို့ တစ်သားတည်း ဖွံ့ဖြိုးတိုးတက်ရေးကို အားဖြည့်ပေးပြီး ဒေသတွင်းစက်မှုလုပ်ငန်း ဟန်ချက်ညီညီတိုးတက်ရေးကို မြှင့်တင်ပေးကာ လမ်းကြောင်းတစ်လျှောက် ပြည်သူများ၏ သွားလာမှုကို အဆင်ပြေချောမွေ့စေမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)
-----------------------------
(Chinese Version)
西藏山南萨热路跨江大桥全线合龙
新华社照片,山南(西藏),2026年10月18日
10月18日,西藏山南市萨热路跨江大桥实现全线合龙。该桥位于山南市乃东区,横跨雅鲁藏布江,是山南市首座采用悬臂现浇梁工艺的市政大桥。
大桥建成后,将成为雅鲁藏布江两岸重要交通纽带,助力山南与拉萨一体化发展,促进区域产业协同,便利沿线群众出行。
图说1: 10月18日拍摄的合龙后的西藏山南萨热路跨江大桥(无人机照片)。新华社记者 晋美多吉 摄
图说2: 10月18日拍摄的西藏山南萨热路跨江大桥左幅最后一个合龙段浇筑施工现场(无人机照片)。新华社记者 晋美多吉 摄
图说3:10月18日,施工人员在庆祝西藏山南萨热路跨江大桥合龙。新华社记者 晋美多吉 摄








