
ပေကျင်း၊ အောက်တိုဘာ ၁၉ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ၏ စားသုံးမှုပြ အဓိကညွှန်ကိန်းဖြစ်သည့် ကုန်စည်နှင့် ဝန်ဆောင်မှု စုစုပေါင်း လက်လီရောင်းအားပမာဏသည် ယခုနှစ် ပထမသုံးလပတ်ကာလသုံးခုအတွင်း ယခင်နှစ် အလားတူကာလကထက် ၂.၆ ရာခိုင်နှုန်း မြင့်တက်လာကြောင်း အောက်တိုဘာ ၁၉ ရက်၌ ထုတ်ပြန်သည့် တရားဝင်အချက်အလက်များအရ သိရသည်။
အမျိုးသား စာရင်းအင်းဗျူရို (NBS) မှ ထုတ်ပြန်သည့် အချက်အလက်များအရ ဝန်ဆောင်မှု လက်လီရောင်းအားအနေဖြင့် ယခင်နှစ် အလားတူကာလကထက် ၅ ရာခိုင်နှုန်း တိုးတက်လာပြီး ကုန်စည်ဆိုင်ရာ လက်လီရောင်းအားမှာ ၁ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း သိရသည်။
ဝန်ဆောင်မှု စားသုံးမှုအနေဖြင့် ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်ဝန်ဆောင်မှုများ၊ ခရီးသွားလုပ်ငန်း အကြံပေးနှင့် ငှားရမ်းခြင်းဝန်ဆောင်မှုများအပြင် ယဉ်ကျေးမှု၊ အားကစားနှင့် အပန်းဖြေဝန်ဆောင်မှုကဏ္ဍများတွင် လက်လီရောင်းအား အလျင်အမြန် တိုးတက်လာခဲ့ကြောင်း NBS ၏ အချက်အလက်များက ဖော်ပြထားသည်။
ယခုနှစ် ပထမသုံးလပတ်သုံးခုအတွင်း ရုပ်ပိုင်းဆိုင်ရာ ကုန်စည်များ ရောင်းချမှုနှင့် အစားအသောက် ဝန်ဆောင်မှုလုပ်ငန်းများမှ ရရှိသည့် ဝင်ငွေတို့ ပါဝင်သော စားသုံးသူကုန်စည် လက်လီရောင်းအားစုစုပေါင်းပမာဏသည် ယွမ် ၃၇ ထရီလီယံ (အမေရိကန်ဒေါ်လာ ၅.၅၁ ထရီလီယံခန့်) ကျော်လွန်ခဲ့ပြီး ယခင်နှစ် အလားတူကာလကထက် ၁.၁ ရာခိုင်နှုန်း တိုးတက်လာသည်ဟု အချက်အလက်များက ဖော်ပြထားသည်။
စက်တင်ဘာလ တစ်လတည်းတွင်ပင် စားသုံးသူကုန်စည် စုစုပေါင်း လက်လီရောင်းအားက ယခင်နှစ် အလားတူကာလကထက် ၁.၁ ရာခိုင်နှုန်း တိုးတက်လာခဲ့ပြီး ယခင်လကထက် ၀.၇ ရာခိုင်နှုန်းအမှတ် ပိုမိုမြင့်တက်လာကာ လွန်ခဲ့သည့် ခြောက်လတာအတွင်း အမြန်ဆုံး တိုးတက်မှုနှုန်းဖြင့် တိုးတက်ခဲ့ကြောင်း NBS က ဖော်ပြချက်အရ သိရသည်။
မြို့ပြဒေသများရှိ စားသုံးသူကုန်စည် လက်လီရောင်းအားအနေဖြင့် ၀.၉ ရာခိုင်နှုန်း တိုးတက်လာခဲ့ပြီး ကျေးလက်ဒေသများရှိ စားသုံးသူကုန်စည် လက်လီရောင်းအားကမူ ၂.၃ ရာခိုင်နှုန်း တိုးတက်လာခဲ့သည်။
အွန်လိုင်းမှတစ်ဆင့် ကုန်စည်နှင့် ဝန်ဆောင်မှု လက်လီရောင်းအားပမာဏသည် ယွမ် ၁၅.၁ ထရီလီယံ ကျော်လွန်ခဲ့ပြီး ယခင်နှစ် အလားတူကာလကထက် ၄.၄ ရာခိုင်နှုန်း တိုးတက်လာခဲ့သည်။ ၎င်းစုစုပေါင်းပမာဏအနက် အွန်လိုင်းမှ ကုန်စည်ရောင်းအားမှာ ယခင်နှစ် အလားတူကာလကထက် ၃.၈ ရာခိုင်နှုန်း တိုးတက်လာပြီး အွန်လိုင်းမှ ဝန်ဆောင်မှုရောင်းအားက ၅.၃ ရာခိုင်နှုန်း တိုးတက်လာခဲ့ကြောင်း သိရသည်။ (Xinhua)
..........................................
(English Version)
China's retail sales of goods, services up 2.6 pct in first three quarters
BEIJING, Oct. 19 (Xinhua) -- China's total retail sales of goods and services, a major indicator of the country's consumption strength, increased by 2.6 percent year on year in the first three quarters of this year, official data showed Monday.
The retail sales of services increased by 5 percent in the period from a year ago, and those of goods increased by 1 percent, according to data released by the National Bureau of Statistics (NBS).
In terms of services consumption, the categories of communication and information services, tourism consulting and leasing services, and cultural, sports and leisure services saw fast growth, the NBS data showed.
In the first three quarters of this year, the total retail sales of consumer goods, which include the sales of physical consumer goods plus the income generated from the catering services, exceeded 37 trillion yuan (about 5.51 trillion U.S. dollars), up by 1.1 percent year on year, the data showed.
In September alone, the total retail sales of consumer goods grew at the fastest pace in six months, rising 1.1 percent year on year and up 0.7 percentage points from the previous month, according to the NBS.
Retail sales of consumer goods in urban areas rose 0.9 percent while those in rural areas increased 2.3 percent.
Online retail sales of goods and services surpassed 15.1 trillion yuan, up 4.4 percent year on year. Of the total, online goods sales rose 3.8 percent year on year, while online service sales increased 5.3 percent year on year. ■
Photo caption: A customer selects goods at a supermarket in Renhuai, southwest China's Guizhou Province, Sept. 9, 2026. (Photo by Chen Yong/Xinhua)








