တရုတ်နိုင်ငံ စီချွမ်းပြည်နယ် ပေါင်ရှင်းခရိုင် ဖုန်းထုန်ကျိုက် ကျေးရွာစု ထိန့်ချီကိုးရွာရှိ တည်းခိုအိမ်များကို ၂၀၂၆ ခုနှစ် အောက်တိုဘာ ၁၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံ စီချွမ်းပြည်နယ် ပေါင်ရှင်းခရိုင် ဖုန်းထုန်ကျိုက် ကျေးရွာစု ထိန့်ချီကိုးရွာရှိ တည်းခိုအိမ်များကို ၂၀၂၆ ခုနှစ် အောက်တိုဘာ ၁၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေါင်ရှင်း (စီချွမ်း)၊ အောက်တိုဘာ ၁၉ ရက် (ဆင်ဟွာ)

ပန်ဒါဝက်ဝံများ နေထိုင်ကျက်စားရာ အဓိကခရိုင်ဒေသတစ်ခုဖြစ်သည့်အားလျော်စွာ တရုတ်နိုင်ငံ စီချွမ်းပြည်နယ် ပေါင်ရှင်းခရိုင်သည် ပန်ဒါဝက်ဝံ နိုင်ငံတကာ ခြေရာခံစခန်း၊ ပန်ဒါဝက်ဝံ မြို့ဟောင်း စသည့် အဆောက်အအုံများဖြင့် ဧရာမပန်ဒါဝက်ဝံများ၏ ခြေရာခံမှုနှင့် သုတေသနလုပ်ငန်းများကို အခြေခံထားသည့် ယဉ်ကျေးမှုခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရန်၊ ပန်ဒါအပြင်အဆင် နေအိမ်တည်းခိုခန်း (Homestays) လုပ်ငန်းများကို ပျိုးထောင်ရန်နှင့် 'ပန်ဒါလေ့လာရေး + ခြေရာခံသုတေသန + နေအိမ်တည်းခိုအပန်းဖြေရေး' ဟူသော ဂေဟစနစ်နှင့် ယဉ်ကျေးမှုခရီးသွားလုပ်ငန်း ကွင်းဆက်တစ်ခုကို တည်ဆောက်ကာ ခရိုင်၏ စီးပွားရေးကဏ္ဍ အသွင်ကူးပြောင်းမှုကို မြှင့်တင်လျက်ရှိသည်။

၂၀၂၆ ခုနှစ် ဆောင်းဦးလယ်ပွဲနှင့် အမျိုးသားနေ့ “ပွဲတော်နှစ်ခု” ကာလအတွင်း ခရိုင်တစ်ဝန်း ခရီးသွားဧည့်သည် အကြိမ်ရေ ၄၆၀,၆၀၀ လာရောက်လည်ပတ်ခဲ့ကြရာ စုစုပေါင်းဝင်ငွေ ယွမ် ၂၄၈ သန်းရရှိခဲ့ကြောင်း သိရသည်။ (Xinhua)

.........................

(Chinese Version)

四川宝兴:依托大熊猫构建生态文旅产业链

新华社照片,宝兴(四川),2026年10月18日

作为大熊猫栖息的核心县域,四川省宝兴县依托大熊猫国际溯源营地、熊猫古城等载体,发展以大熊猫溯源研学为特色的文旅产业,培育熊猫主题特色民宿,构建起“熊猫观光+溯源研学+民宿休闲”的生态文旅产业链,推动县域经济转型。2026年中秋、国庆“双节”期间,全县接待游客46.06万人次,实现综合收入2.48亿元。

图说1:10月17日拍摄的四川省雅安市宝兴县蜂桶寨乡邓池沟村民宿(无人机照片)。 新华社发(胡攀学摄)

图说2:10月17日,人们在四川省雅安市宝兴县穆坪镇熊猫古城内游览。新华社发(范晖摄)