
ပေကျင်း၊ အောက်တိုဘာ ၁၉ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ၏ ၁၆ ကြိမ်မြောက် အာတိတ်သမုဒ္ဒရာစူးစမ်းလေ့လာရေးအဖွဲ့က ၎င်းတို့၏ သုတေသနရေခဲခွဲသင်္ဘော ကျီတိသည် အာတိတ်သင်္ဘောလမ်းကြောင်းများတစ်လျှောက် ပြည်တွင်း၌တီထွင်ထုတ်လုပ်ထားသော ဂြိုဟ်တုအင်တာနက်စနစ်ကို လုပ်ငန်းမစတင်မီ လက်တွေ့အသုံးချစမ်းသပ်မှု အောင်မြင်စွာပြီးစီးခဲ့ကြောင်း အောက်တိုဘာ ၁၉ ရက်တွင် ပြောကြားခဲ့သည်။
ခရီးစဉ်အတွင်း အာတိတ်၊ အန္တာတိကနှင့် ကမ္ဘာ၏ “တတိယဝင်ရိုးစွန်း” ဟုလည်း လူသိများသော ချင်းဟိုင်–ရှီးဇန့် ကုန်းပြင်မြင့်ဒေသတို့တွင် ကွန်ရက်ချိတ်ဆက်မှုကို ပထမဆုံးအကြိမ် အောင်မြင်စွာ စမ်းသပ်အတည်ပြုနိုင်ခဲ့ကြောင်း၊ ထို့ကြောင့် ကမ္ဘာပေါ်တွင် ဆက်သွယ်ရေးလွှမ်းခြုံမှုမရရှိသေးသည့် နောက်ဆုံးကွက်လပ်ကို ဖြည့်ဆည်းနိုင်ခဲ့ပြီဖြစ်ကြောင်း စူးစမ်းလေ့လာရေးအဖွဲ့က ပြောကြားခဲ့သည်။
အဆိုပါ စူးစမ်းလေ့လာရေးခရီးစဉ်ကို တရုတ်နိုင်ငံ သဘာဝသယံဇာတဝန်ကြီးဌာနက စီစဉ်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ (Xinhua)
…………….
(English Version)
China's satellite internet links Arctic, Antarctica, Qinghai-Tibet Plateau for first time
BEIJING, Oct. 19 (Xinhua) -- China's 16th Arctic Ocean expedition team said Monday that its polar icebreaker Jidi had completed a pre-operational application test of domestically developed satellite internet along Arctic shipping routes.
During the voyage, networked communications were successfully verified for the first time across the Arctic, Antarctica, and the Qinghai-Tibet Plateau, also known as the "Third Pole" of Earth, closing the last communications coverage gap in the world, according to the expedition team.
The expedition was organized by China's Ministry of Natural Resources.
Photo caption: Members of China's 16th Arctic Ocean scientific expedition team work on the ice surface of the Arctic Ocean on Aug. 9, 2026. (Xinhua/Wen Jinghua)








