တရုတ်နိုင်ငံ ကွမ်ရှီးဒေသ ကွေ့လျင်မြို့ လုန်စိန့် တိုင်းရင်းသားအသီးသီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရခရိုင်ရှိ လုန်ကျီ လှေကားထစ်လယ်ယာစိုက်ခင်း ရှုခင်းသာဧရိယာ၌ လည်ပတ်ကြည့်ရှုနေကြသော ခရီးသွားဧည့်သည်များအား ၂၀၂၆ ခုနှစ် အောက်တိုဘာ ၁၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံ ကွမ်ရှီးဒေသ ကွေ့လျင်မြို့ လုန်စိန့် တိုင်းရင်းသားအသီးသီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရခရိုင်ရှိ လုန်ကျီ လှေကားထစ်လယ်ယာစိုက်ခင်း ရှုခင်းသာဧရိယာ၌ လည်ပတ်ကြည့်ရှုနေကြသော ခရီးသွားဧည့်သည်များအား ၂၀၂၆ ခုနှစ် အောက်တိုဘာ ၁၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

လုန်ကျီ (ကွမ်ရှီး)၊ အောက်တိုဘာ ၁၆ ရက် (ဆင်ဟွာ)

ရွှေဟေမာန်ဦးကာလတွင် တရုတ်နိုင်ငံ ကွမ်ရှီးဒေသ ကွေ့လျင်မြို့ လုန်စိန့် တိုင်းရင်းသားအသီးသီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရခရိုင်ရှိ လုန်ကျီ လှေကားထစ်တောင်ယာစပါးယာစိုက်ခင်းများက တောင်ကြောများတစ်လျှောက် ရွှေပင်လယ်ကြီးသဖွယ် ပြောင်းလဲသွားလေ့ရှိသည်။ အထပ်ထပ်အလွှာလွှာ ရှိနေသော ဤရွှေဝါရောင်စပါးစိုက်ခင်းများအကြား ရိုးရာ ခြေတံရှည်အိမ်များလည်း  ဖြန့်ကြက်ရောယှက်နေရာ စပါးသီးနှံလှိုင်လှိုင်ရိတ်သိမ်းထွက်ရှိနေသည့်မြင်ကွင်းက  “မြေပြင်မှာ ရွှေရည်လောင်း” ဟူသော ပန်းချီကားချပ်တစ်ချပ်ကို ပုံဖော်ရေးဆွဲထားသည်။

မကြာသေးမီနှစ်များအတွင်း ထိုဒေသသည် လူနည်းစုတိုင်းရင်းသားများ၏ ရိုးရာ စိုက်ပျိုးရေးယဉ်ကျေးမှုကို နက်ရှိုင်းစွာ ဖော်ထုတ်လျက် “စတင်ထွန်ယက်စိုက်ပျိုးသည့် လယ်ဆင်းပွဲတော်”၊ “စပါးပျိုးပင် ပူဇော်ခြင်း ပွဲတော်”၊ “အထည်လှန်း ပွဲတော်”၊ “ဆောင်းဦး နေလှန်းခြင်း” စသည့် ထူးခြားသော ရိုးရာဓလေ့ပွဲတော်များကို တစ်ခုပြီးတစ်ခု ကျင်းပလေ့ရှိရာ ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်းတို့ နက်ရှိုင်းစွာပေါင်းစပ်မှုကို တွန်းအားပေးပြီး ကျေးလက်ရှင်သန်အားကောင်းစွာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပံ့ပိုးပေးလျက်ရှိပေသည်။ (Xinhua)

...................................

(Chinese Version)

美丽中国|广西龙胜:龙脊梯田金秋美

新华社照片,龙胜(广西),2026年10月15

日金秋时节,广西桂林市龙胜各族自治县龙脊梯田一片金黄。层层叠叠的梯田与错落其间的吊脚楼交相辉映,绘就一幅“大地染金”的丰收画卷。 近年来,当地深入挖掘少数民族传统农耕文化,持续举办“开耕节”“梳秧节”“晒衣节”“晒秋”等特色民俗活动,推动文旅深度融合,助力乡村振兴。

图说1:10月15日,游客在广西桂林市龙胜各族自治县龙脊梯田景区观光游览(无人机照片)。新华社发(潘志祥摄)

图说2:这是10月15日拍摄的广西桂林市龙胜各族自治县龙脊梯田秋日景观(无人机照片)。新华社发(潘志祥摄)