
ကုလသမဂ္ဂ၊ အောက်တိုဘာ ၁၀ ရက် (ဆင်ဟွာ)
ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ ဒုတိယအမြဲတမ်းကိုယ်စားလှယ် စွန်းလေက အောက်တိုဘာ ၉ ရက်တွင် လုံခြုံရေးကောင်စီ၏ ယူကရိန်းအရေး အရေးပေါ်တံခါးဖွင့်အစည်းအဝေး၌ ပါဝင်ဆွေးနွေးရာတွင် တင်းမာမှု အရှိန်ပြေလျော့လာစေရန်နှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုကို တွန်းအားပေးရန် တိုက်တွန်းပြောကြားခဲ့သည်။
စွန်းလေက လတ်တလောကာလအတွင်း ယူကရိန်းအရေး ပြဿနာများ ဆက်လက်မြင့်တက်လာရာ ကာယကံရှင်နှစ်ဖက်က အပြန်အလှန် တိုက်ခိုက်မှုများ ဆက်တိုက် အကြီးအကျယ် လုပ်ဆောင်ခဲ့ကြပြီး လူအများအပြား ထိခိုက်သေဆုံးမှုနှင့် အဆောက်အဦ ပျက်စီးမှုများ ဖြစ်ပွားခဲ့ကြောင်း၊ ဒရုန်း၊ မောင်းသူမဲ့ယာဉ် အမျိုးအစားအသစ်များစွာ ပေါ်ထွက်လာပြီး သေကြေစေမှုနှင့် ထိခိုက်စေမှုများ အဆက်မပြတ် ပြင်းထန်လာကာ အခြေအနေကို ပိုမိုအန္တရာယ်များသော ဦးတည်ချက်ဆီသို့ တွန်းပို့နေကြောင်း ပြောကြားခဲ့သည်။
အကျပ်အတည်း၏ ဘေးထွက်ဆိုးကျိုးဂယက်ရိုက်ခတ်မှုသည် ပိုမိုပြင်းထန်လာကာ ကမ္ဘာ့စွမ်းအင်နှင့် စားနပ်ရိက္ခာဖူလုံမှုအပေါ်ဆက်လက်ထိခိုက်လျက်ရှိကြောင်း၊ ယူကရိန်းအကျပ်အတည်းသည် ထိန်းမနိုင်သိမ်းမရ ဆက်လက်ပြင်းထန်လာ၍မရကြောင်း၊ သက်ဆိုင်ရာဘက်အသီးသီးနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် နိုင်ငံရေးအရ ဖြေရှင်းမှုနည်းလမ်းကို အတူတကွ ရှာဖွေသင့်ကြောင်း ၎င်းကပြောကြားခဲ့သည်။
လက်ရှိအရေးကြီးဆုံးမှာ တင်းမာမှုအခြေအနေ အရှိန်ပြေလျော့လာစေမှုကို တွန်းအားပေးဖော်ဆောင်ရန်၊ စစ်ပွဲဘေးထွက်ဆိုးကျိုးအား တားဆီးရန်၊ စစ်ပွဲအဆင့်မြင့်တက်လာမှုကို ရှောင်ကြဉ်ရန်၊ ပဋိပက္ခဖြစ်ပွားသည့်ဘက်များအနေဖြင့် နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဥပဒေကို လက်တွေ့လိုက်နာရမည်ဖြစ်ပြီး မည်သည့်အခြေအနေတွင်မဆို အရပ်သားပြည်သူနှင့် အရပ်ဘက်သုံး အခြေခံအဆောက်အဦများအား တိုက်ခိုက်ခြင်း၊ တတိယဘက်နိုင်ငံ အရပ်သားပြည်သူနှင့် အရပ်ဘက်ပိုင်ဆိုင်မှုပစ္စည်းများ ထိခိုက်နစ်နာစေမှုကို ရှောင်ကြဉ်ရမည်ဖြစ်ကြောင်း၊ အကျပ်အတည်းအား နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန်အတွက် အခြေအနေများဖန်တီး၍ ငြိမ်းချမ်းရေးကို ဆောလျင်စွာ ဖော်ဆောင်နိုင်ရေးအတွက် မျှော်လင့်ချက်ရှာဖွေရမည်ဖြစ်ကြောင်း စွန်းလေက ပြောကြားခဲ့သည်။
လတ်တလောအချိန်ကာလအတွင်း သက်ဆိုင်ရာဘက်များက အပြန်အလှန် ဆက်ဆံမှုနှင့် ထိတွေ့မှုအချို့ လုပ်ဆောင်ခဲ့သော်လည်း ရပ်တည်ချက်ကွဲလွဲမှုများမှာ သိသာထင်ရှားနေဆဲဖြစ်ကြောင်း၊ သက်ဆိုင်ရာ ဘက်အသီးသီးအနေဖြင့် ထိတွေ့မှုအား ဆက်လက်ထိန်းသိမ်းထားကာ နိုင်ငံရေးဆန္ဒအား ဖော်ပြပြီး သဘောတူညီချက်များ အဆက်မပြတ် စုစည်းခြင်းဖြင့် ဘက်စုံဖြစ်သော၊ ရေရှည်ဖြစ်သော၊ ထိန်းချုပ်နိုင်စွမ်းရှိသော ငြိမ်းချမ်းရေးသဘောတူညီချက်တစ်ခုအား ရရှိရန် ကြိုးပမ်းဖော်ဆောင်ရမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ရုရှား-ယူကရိန်း သင့်မြတ်စွာ နေထိုင်ဆက်ဆံခြင်းသည် တစ်ခုတည်းသော လက်တွေ့ကျသည့် ရွေးချယ်ချက်ဖြစ်သလို နိုင်ငံတကာ အသိုင်းအဝိုင်း၏ ဘုံမျှော်လင့်ချက်လည်းဖြစ်ကြောင်း၊ ကာယကံရှင်ဘက်အနေဖြင့် အမျိုးသားအခြေခံနှင့် ရေရှည်အကျိုးစီးပွားအတွက် အပြန်အလှန်၏ သဘောထားလျော်ကန်သော လုံခြုံရေးဆိုင်ရာ ဂရုပြုမှုကို လေးစားရမည်ဖြစ်ကြောင်း၊ “ကုလသမဂ္ဂ ပဋိညာဉ်စာတမ်း” အခြေခံမူအား လုံလောက်၊ ပြည့်ဝစွာ ဘက်စုံလိုက်နာသော အခြေခံတွင် အကျပ်အတည်း အရင်းခံအား ဖယ်ရှားပြီး ဟန်ချက်ညီသော၊ ထိရောက်မှုရှိသော၊ စဉ်ဆက်မပြတ်ဖြစ်သော ဒေသတွင်း လုံခြုံရေး ဖွဲ့စည်းပုံ တည်ဆောက်မှုကို တွန်းအားပေးကာ ယေဘုယျလုံခြုံမှု၊ ဘုံလုံခြုံမှုအား အစစ်အမှန် ဖော်ဆောင်ရမည်ဖြစ်ကြောင်း စွန်းလေက ပြောကြားခဲ့သည်။
ယူကရိန်းအရေးတွင် တရုတ်နိုင်ငံအနေဖြင့် နိုင်ငံအသီးသီး အချုပ်အခြာအာဏာနှင့် နယ်မြေပိုင်နက်ပြည့်စုံမှု လေးစားခံရသင့်မှု၊ “ကုလသမဂ္ဂ ပဋိညာဉ်စာတမ်း” ရည်မှန်းချက်နှင့် အခြေခံမူများ လေးစားခံရသင့်မှု၊ နိုင်ငံအသီးသီးမှ လုံခြုံရေးဆိုင်ရာ ဂရုပြုမှုများ လေးစားခံရသင့်မှု၊ အကျပ်အတည်းအား ငြိမ်းချမ်းစွာဖြေရှင်းရန် အကျိုးပြုသည့် ကြိုးပမ်းမှုအားလုံး ထောက်ခံမှုရရှိသင့်မှု သဘောထားကို အစဉ်အမြဲ လက်ကိုင်ထားကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ဆက်လက်ပြီး နိုင်ငံတကာအသိုင်းအဝိုင်းနှင့်အတူ ငြိမ်းချမ်းရေးအလင်းရောင်ခြည် ဆောလျင်စွာ ရရှိလာရန်၊ အကျပ်အတည်းအား ဆောလျင်စွာ နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းနိုင်ရေးကို တွန်းအားပေးရန်အတွက် မလျှော့သောဇွဲဖြင့် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)

---------------------
(Chinese Version)
中方呼吁推动乌克兰局势降温
新华社联合国10月9日电 中国常驻联合国副代表孙磊9日在安理会乌克兰问题紧急公开会上发言,呼吁推动局势降温并推进和谈。
他说,近期乌克兰问题持续升级,当事双方持续互相实施大规模袭击,造成大量人员伤亡和设施损毁。各种新型无人机、无人艇层出不穷,致命性和伤害性不断加强,把局势推向更加危险的方向。危机造成的外溢影响愈发严峻,持续冲击全球能源和粮食安全。乌克兰危机不能继续走向升级失控,有关各方及国际社会应当共谋政治解决之道。
孙磊说,当务之急是推动局势降温,防止战场外溢,避免战事升级。冲突当事方要切实遵守国际人道法,在任何情况下都避免袭击平民和民用基础设施,避免伤及第三方平民和民用资产,为政治解决危机积累条件,为早日实现和平争取希望。
他说,近一段时间,有关各方开展了一些互动和接触,但立场分歧仍然突出。希望有关各方持续保持接触,展现政治意愿,不断积累共识,共同努力达成一份全面、持久、有约束力的和平协议。
孙磊说,俄乌和睦相处是唯一现实选择,也是国际社会的共同期待。希望当事方从本民族根本和长远利益出发,尊重彼此合理安全关切,在充分、完整、全面遵循《联合国宪章》原则基础上消除危机根源,推动构建均衡、有效、可持续的地区安全架构,真正实现普遍安全、共同安全。
他说,在乌克兰问题上,中方始终主张,各国主权和领土完整都应该得到尊重、《联合国宪章》宗旨和原则都应该得到遵守、各国合理安全关切都应该得到重视、一切有利于和平解决危机的努力都应该得到支持。中方将继续同国际社会一道,为推动和平曙光早日到来、危机早日实现政治解决作出不懈努力。(完)
图说1:这是9月23日在位于纽约的联合国总部拍摄的安理会乌克兰问题高级别会议会场。新华社记者 张凤国 摄
图说2:9月17日凌晨,乌克兰首都基辅市第聂伯区遭多枚导弹袭击并升起浓烟。新华社记者 李东旭 摄








