ကိဗ်၊ အောက်တိုဘာ ၁၀ ရက် (ဆင်ဟွာ)
မြောက်ကိုရီးယားစစ်သုံ့ပန်းများအား တောင်ကိုရီးယားသို့ လွှဲပြောင်းပေးအပ်မှုဆိုင်ရာ အကြောင်းအရာများကို ယူကရိန်းဘက်က ထုတ်ဖော်ပြောကြားခဲ့ခြင်းအပေါ် ကျေနပ်မှုမရှိကြောင်း တောင်ကိုရီးယားက ယူကရိန်းဆိုင်ရာ ၎င်းတို့၏သံအမတ်ကြီးကို ပြန်လည်ခေါ်ယူခဲ့သည့်ကိစ္စနှင့် စပ်လျဉ်း၍ ယူကရိန်းနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Tykhyi က အောက်တိုဘာ ၈ ရက်တွင် ယူကရိန်းအနေဖြင့် တောင်ကိုရီးယားနှင့် အပြုသဘောဆောင်သော ဆွေးနွေးမှုများ ပြန်လည်စတင်ရန် ဆန္ဒရှိကြောင်း မီဒီယာများကို မေးမြန်းမှုကို ဖြေကြားရာ၌ ပြောကြားခဲ့သည်။
ယူကရိန်းနိုင်ငံခြားရေးဝန်ကြီးဌာနသည် ယခုသီတင်းပတ်တွင် ယူကရိန်းဆိုင်ရာ တောင်ကိုရီးယားသံအမတ်ကြီးကို ဆင့်ခေါ်၍ ယူကရိန်းဘက်၏ ရပ်တည်ချက်နှင့် အပြုသဘောဆောင်သော ဖြေရှင်းမှုနည်းလမ်းများ ရှာဖွေရန် ဆန္ဒရှိကြောင်း Tykhyi က ဖော်ပြခဲ့ပြီး ယူကရိန်းဘက်အနေဖြင့် “စိတ်ခံစားချက်ထက် သံတမန်ရေးရာကို ဦးစားပေးသင့်သည်” ဟု အခိုင်အမာယုံကြည်ကာ တောင်ကိုရီးယားဘက်က သံအမတ်ပြန်လည်ခေါ်ယူရန် ဆုံးဖြတ်ခဲ့သော်လည်း ယူကရိန်းဘက်သည် နှစ်နိုင်ငံအပြုသဘောဆောင်သော ဆွေးနွေးမှုများ ပြန်လည်စတင်ရေးအတွက် ပွင့်လင်းသောသဘောထားကို ဆက်လက်ထားရှိကြောင်း ပြောကြားခဲ့သည်။
တောင်ကိုရီးယားအနေဖြင့် ယူကရိန်းနိုင်ငံဆိုင်ရာ သံအမတ်ကို ပြန်လည်ခေါ်ယူရန် ဆုံးဖြတ်ခဲ့ကြောင်း တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက အောက်တိုဘာ ၈ ရက် အစောပိုင်းတွင် ဖော်ပြခဲ့သည်။ တောင်ကိုရီးယားအစိုးရအနေဖြင့် တောင်ကိုရီးယား-ယူကရိန်း နှစ်နိုင်ငံအကြား ကျန်ရစ်နေသော ကိစ္စရပ်အမျိုးမျိုးကို သင့်လျော်စွာ ဖြေရှင်းနိုင်မည်ဟု မျှော်လင့်ပြီး ထိုအတွက် ယူကရိန်းဘက်နှင့် ညှိနှိုင်းမှုများ ထိန်းသိမ်းထားရန် ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ယူကရိန်းသမ္မတ ဇယ်လန်းစကီးက စက်တင်ဘာလနှောင်းပိုင်းတွင် မြောက်ကိုရီးယားစစ်သုံ့ပန်း နှစ်ဦးကို တောင်ကိုရီးယားထံ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။ အောက်တိုဘာ ၂ ရက်တွင် ယူကရိန်းဘက်က နှစ်ဖက်သဘောတူထားသော လျှို့ဝှက်မှုဆိုင်ရာစာချုပ်ကို ချိုးဖောက်ခဲ့မှုအပေါ် တောင်းပန်ရန် တောင်ကိုရီးယား သမ္မတ လီဂျေမြောင်က ယူကရိန်းဘက်ကို တောင်းဆိုကြောင်း ပြောကြားခဲ့သည်။ ယင်းမတိုင်မီ တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဌာနကလည်း “အလွန် စိတ်မကောင်းရကြောင်း” ဖော်ပြခဲ့ပြီး ကိဗ်၏ တစ်ဖက်သတ်လုပ်ဆောင်ချက်သည် “နှစ်နိုင်ငံအစိုးရများအကြား ယုံကြည်မှုကို ပြင်းထန်စွာ ထိခိုက်ပျက်စီးစေခဲ့သည်” ဟု ယူဆခဲ့သည်။ ယူကရိန်းနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက အောက်တိုဘာ ၇ ရက်တွင် လျှို့ဝှက်မှုဆိုင်ရာ စီစဉ်ဆောင်ရွက်ချက်များအပေါ် နှစ်ဖက်၏ နားလည်မှုတွင် ကွဲပြားသဖြင့် “နားလည်မှုလွဲမှားမှုများ ဖြစ်ပေါ်ခဲ့ခြင်း” ဖြစ်သည်ဟု ပြောကြားခဲ့သည်။ (Xinhua)
..............................
(Chinese Version)
乌克兰外交部:愿与韩国方面恢复建设性对话
新华社基辅10月8日电(记者李东旭)针对韩国因不满乌克兰披露移交朝鲜战俘至韩方的消息而召回其驻乌大使,乌外交部发言人季希8日在回答媒体提问时表示,乌方愿与韩方恢复建设性对话。
季希称,乌外交部本周召见了韩国驻乌大使,表明了乌方立场和寻求建设性解决方案的意愿,乌方坚信“外交应战胜情绪”,尽管韩方作出召回大使的决定,乌方对于恢复双方建设性对话仍持开放态度。
韩国外交部8日早些时候表示,韩国决定召回驻乌克兰大使。韩国政府期待韩乌两国间各项悬而未决的问题能够得到妥善解决,并将为此继续与乌克兰方面保持磋商。
乌克兰总统泽连斯基9月下旬对外公布向韩国移送两名朝鲜战俘的消息。韩国总统李在明10月2日表示,乌方违反了双方达成的保密协议,要求乌方道歉。韩国外交部此前也表达“强烈遗憾”,认为基辅单方面的行为“严重破坏了两国政府之间的信任”。乌克兰外交部发言人7日表示,双方对保密方式的理解存在差异,因而“产生误会”。(完)








