ကျောင်းထုန်း (ယူနန်)၊ အောက်တိုဘာ ၁၀ ရက် (ဆင်ဟွာ)

မကြာသေးမီက ယူနန်ပြည်နယ် ကျောင်းထုန်းမြို့ တာ့ကွမ်းခရိုင် မုကန်မြို့နယ် ကျင်းပေါင်တောင်တွင် ခမ်းနားသော အရုဏ်ဦးတိမ်ပင်လယ်ရှုခင်း ပေါ်ထွက်ခဲ့သည်။ နံနက်ခင်းချိန်ခါ တောင်တန်းများအကြား တိမ်စိုင်တိမ်လိပ်များ ပျံ့နှံ့နေပြီး နေထွက်လာချိန်၌ ရွှေရောင်အလင်းတန်းများ ကောင်းကင်တစ်ခွင် လွှမ်းခြုံသွားခဲ့သည်။ တိမ်မြူများက အလွှာလိုက် ရွေ့လျားနေပြီး အလင်းရောင်ခြည်နှင့် အရိပ်တို့ အဆက်မပြတ် ပြောင်းလဲနေပုံက တောင်တန်းသဘာဝရှုခင်းကို အထူးတင့်တယ်လှပစေပါသည်။ (Xinhua)

---------------------

(Chinese Version)

千城胜景|云南大关:云卷层峰 旭染千山

【解说】近日,云南省昭通市大关县木杆镇金宝山上演壮美的日出云海景观。清晨云海漫卷山间,太阳升起后霞光铺满天际,云雾层层流动、光影不断变幻,将山野风光映衬得格外秀美。

唐应平、陈绍金、胡声宇、黄龄 云南大关报道。(完)