ပနားမားစီးတီး၊ အောက်တိုဘာ ၁၀ ရက် (ဆင်ဟွာ)
ပနားမားနိုင်ငံတွင် အောက်တိုဘာ ၉ ရက်၌ အင်အားပြင်းငလျင်တစ်ခုနှင့် နောက်ဆက်တွဲ အင်အားပြင်းငလျင် အများအပြား လှုပ်ခတ်ခဲ့ရာ မြို့နေပြည်သူများ လမ်းများပေါ်သို့ထွက်ပြေးခဲ့ကြရပြီး ရေပေးဝေရေးလုပ်ငန်းများ ရပ်ဆိုင်းသွားကာ လေကြောင်းခရီးစဉ်များလည်း ခေတ္တရပ်နားထားခဲ့ရသည်။ အစိုးရက အရေးပေါ်ကယ်ဆယ်ရေးတာဝန်ချထားပေးကာ လုပ်ငန်းများလုပ်ဆောင်လျက်ရှိပြီး ကူညီထောက်ပံ့မှုများ စီစဉ်ဆောင်ရွက်ပေးလျက်ရှိသည်ဟု သိရသည်။ (Xinhua)
……………………
(English Version)
Powerful quake, aftershocks rattle Panama as authorities mobilize response
A powerful earthquake and a series of strong aftershocks rattled Panama on Friday, sending residents into the streets, disrupting water supplies and briefly halting flights as the government mobilized emergency personnel and resources.








