တရုတ်နိုင်ငံ ကန်းစုပြည်နယ် သွန်းဟွမ်မြို့ မင်ရှားတောင် ယွဲ့ရာချွမ် ရှုခင်းသာ၌ ကုလားအုတ်စီး လည်ပတ်နေသူများကို ၂၀၂၆ ခုနှစ် အောက်တိုဘာ ၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံ ကန်းစုပြည်နယ် သွန်းဟွမ်မြို့ မင်ရှားတောင် ယွဲ့ရာချွမ် ရှုခင်းသာ၌ ကုလားအုတ်စီး လည်ပတ်နေသူများကို ၂၀၂၆ ခုနှစ် အောက်တိုဘာ ၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ အောက်တိုဘာ ၁၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေး ဝန်ကြီးဌာနသည် အောက်တိုဘာ ၉ ရက်တွင် ၂၀၂၆ ခုနှစ် တရုတ်အမျိုးသားနေ့ အားလပ်ရက်ကာလအတွင်း ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်း ဈေးကွက်အခြေအနေအား ထုတ်ပြန်ကြေညာခဲ့သည်။  ယဉ်ကျေးမှုနှင့် ခရီးသွားလာရေး ဝန်ကြီးဌာန အချက်အလက်စင်တာ၏ တိုင်းတာတွက်ချက်မှုအရ အားလပ်ရက် ၇ ရက်အတွင်း တရုတ်နိုင်ငံတစ်ဝန်း ပြည်တွင်းခရီးသွားလာမှု ခရီးသည် အကြိမ်ရေ ၈၂၆ သန်းရှိပြီး ပြည်တွင်းခရီးသွားလာမှု စုစုပေါင်းသုံးစွဲမှုမှာ ယွမ် ၇၃၈.၃၇၅ ဘီလီယံရှိကြောင်း၊ ၂၀၂၅ ခုနှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက (နှိုင်းယှဉ်နိုင်သောအခြေခံစံနှုန်း/နေ့စဉ်ပျမ်းမျှ) ၆.၃ ရာခိုင်နှုန်းနှင့် ၄.၃ ရာခိုင်နှုန်း အသီးသီး မြင့်တက်လာကြောင်း သိရသည်။ (Xinhua)

---------------------

(Chinese Version)

国庆节假期国内出游8.26亿人次

新华社照片,北京,2026年10月9日

文化和旅游部10月9日公布2026年国庆节假期文化和旅游市场情况。经文化和旅游部数据中心测算,假期7天,全国国内出游8.26亿人次,国内出游总花费7383.75亿元,按可比口径(日均)同比2025年分别增长6.3%、4.3%。

图说1:10月4日,游客在甘肃省敦煌市鸣沙山月牙泉景区骑骆驼游览。 新华社发(张晓亮摄)

图说2:10月1日,游客在北京天安门广场参观拍摄“祝福祖国”花篮。新华社记者 鞠焕宗 摄