တရုတ်နိုင်ငံ ကျန်းဆူးပြည်နယ် ထိုက်ရှင်းမြို့ရှိ ဟွမ်ချောင်ဂီတတူရိယာဆိုင်ရာ စမတ်နည်းပညာသုံး သဘာဝပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်သော မျက်နှာပြင်ပြုပြင်ရေးစင်တာတွင် စက်ရုပ်က စမတ်နည်းပညာသုံး သဘာဝပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်သော ဆေးသုတ်ခြင်းကို ဆောင်ရွက်နေသည်ကို ၂၀၂၆ ခုနှစ် အောက်တိုဘာလ ၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ထိုက်ရှင်း (ကျန်းဆူး)၊ အောက်တိုဘာ ၁၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ကျန်းဆူးပြည်နယ် ထိုက်ရှင်းမြို့ရှိ ဟွမ်ချောင်မြို့နယ်သည် တယောနှင့် ဆက်စပ်ပစ္စည်းများ ထုတ်လုပ်သည့် ကုမ္ပဏီလုပ်ငန်းပေါင်း ၂၀၀ ကျော် တည်ရှိရာနေရာဖြစ်ပြီး ကမ္ဘာတစ်ဝန်းရှိ နိုင်ငံနှင့် ဒေသပေါင်း ၁၀၀ နီးပါးသို့ နှစ်စဉ် တယောအမျိုးမျိုး အလုံးရေ တစ်သန်းကျော် တင်ပို့ရောင်းချလျက်ရှိသည်။ ဒေသန္တရအစိုးရ၏ ဦးဆောင်မှုဖြင့် “ဟွမ်ချောင်ဂီတတူရိယာဆိုင်ရာ စမတ်နည်းပညာသုံး သဘာဝပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်သော မျက်နှာပြင်ပြုပြင်ရေးစင်တာ” ဟူသော အများပြည်သူဝန်ဆောင်မှု ပလက်ဖောင်းတစ်ခု ကို ဖန်တီးတည်ထောင်ထားပြီး အသေးစား၊ အငယ်စား ကုမ္ပဏီလုပ်ငန်းများအတွက် ကော်ဖတ်စားခြင်း၊ ဆေးသုတ်ခြင်းစသည့် ပေါင်းစည်းဝန်ဆောင်မှုများ ပံ့ပိုးပေးခဲ့ရာ ရိုးရာထုတ်လုပ်မှုလုပ်ငန်းစဉ်များကြောင့် ဖြစ်ပေါ်လာသော သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုပြဿနာများကို ထိရောက်စွာ ဖြေရှင်းပေးနိုင်သလို ထုတ်ကုန်အရည်အသွေး မြှင့်တင်ခြင်းအားဖြင့် လုပ်ငန်းကဏ္ဍကို တိုးတက်ကောင်းမွန်စေပြီး လုပ်ငန်းတွင် ပါဝင်လုပ်ကိုင်သူများ၏ ဝင်ငွေတိုးတက်ကာ ချမ်းသာကြွယ်ဝလာစေရန် အထောက်အကူပြုသည်။ (Xinhua)

..................................

(Chinese Version)

品质赋能 “提琴之乡”赶订单

新华社照片,泰兴(江苏),2026年10月9日

江苏省泰兴市黄桥镇集聚200余家提琴及配套企业,年产各类提琴上百万把,产品销往全球近百个国家和地区。当地政府牵头打造“黄桥乐器智能环保表面处理中心”公共服务平台,为小微企业提供打磨、喷漆等统一服务,有效治理传统生产环节中的环境污染问题,以品质赋能产业,带动从业群众增收致富。

图说1:10月9日,机器人在江苏泰兴黄桥乐器智能环保表面处理中心进行智能环保喷涂。 新华社发(汤德宏摄)

图说2:10月9日,工人在江苏泰兴黄桥乐器智能环保表面处理中心加工小提琴。新华社发(汤德宏摄)