
Cocle ပြည်နယ် (ပနားမား)၊ အောက်တိုဘာ ၁၀ ရက် (ဆင်ဟွာ)
ပနားမားနိုင်ငံတွင် ဒေသစံတော်ချိန် အောက်တိုဘာ ၉ ရက် နေ့လယ်ပိုင်းက ပြင်းအား ၇ အဆင့်အထက်ရှိသော အင်အားပြင်းငလျင် လှုပ်ခတ်ခဲ့ပြီး ထို့နောက် နာရီအနည်းငယ်အတွင်း ငလျင်ငယ် အကြိမ်ရေဒါဇင်ချီ ဆက်လက်လှုပ်ခတ်ခဲ့သည်။ နောက်ဆက်တွဲငလျင်များ ဆက်တိုက်မပြတ် လှုပ်ခတ်မှုကြောင့် ဒေသတွင်း ပို့ဆောင်ရေး၊ ရေပေးဝေမှု၊ လေကြောင်းပို့ဆောင်ရေး စသည်တို့အတွက် အတိုင်းအတာမတူညီသော သက်ရောက်မှုများ ဖြစ်စေခဲ့သည်။ ပနားမားအစိုးရ သတင်းဖော်ပြချက်အရ လက်ရှိတွင် လူသေဆုံးမှု သို့မဟုတ် ပျောက်ဆုံးမှု အစီရင်ခံတင်ပြခြင်းများ မရှိသေးကြောင်း၊ သို့သော် ထိခိုက်ဒဏ်ရာရရှိသူ အချို့ရှိကြောင်း သိရသည်။
ပနားမားနိုင်ငံ အစိုးရသတင်းထုတ်ပြန်ချက်အရ လက်ရှိ ပျက်စီးဆုံးရှုံးမှုအခြေအနေသည် နိုင်ငံအလယ်ပိုင်းဒေသတွင် အဓိက အများဆုံးဖြစ်ကြောင်း၊ Cocle ၊ Los Santos စသည့် ပြည်နယ်တွင် စီးပွားရေးအဆောက်အဦနှင့် ခရစ်ယာန်ဘုရားရှိခိုးကျောင်းများစွာ ထိခိုက်ပျက်စီးကာ လူနေအိမ်များပြိုကျပျက်စီးခဲ့ပြီး လမ်းပန်းဆက်သွယ်ရေး အဆောက်အဦများလည်း ထိခိုက်ခဲ့ကြောင်း၊ ဒေသတွင်း ဆေးရုံများ၌လည်း ကြိုတင်ကာကွယ်သည့်အနေဖြင့် လူနာများကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ကြောင်း သိရသည်။
ပနားမားနိုင်ငံအစိုးရက ထိုနေ့တွင် အရေးပေါ်တုံ့ပြန်မှု အစီအမံများ စတင်ခဲ့သည်။ ပနားမားနိုင်ငံ သမ္မတ Jose Raul Mulino က သက်ဆိုင်ရာဌာနများမှ ငလျင်ကြောင့် သက်ရောက်မှုအခြေအနေကို အချိန်မီ သတင်းပို့ရန် တောင်းဆိုထားပြီး အရင်းအမြစ်နှင့် ကူညီရေးအင်အားများအား ညှိနှိုင်းအသုံးပြု၍ ဘေးဒဏ်သင့်ပြည်သူများအား ကူညီပေးရန် အမိန့်ချမှတ်ထားပြီးဖြစ်ကြောင်း၊ ဌာနအသီးသီးနှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများအနေဖြင့် စီမံရေးနှင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ချက်ချင်းဆောင်ရွက်ရန် တောင်းဆိုထားကြောင်း ပြောကြားခဲ့သည်။ (Xinhua)
---------------------
(Chinese Version)
强震袭击巴拿马
新华社照片,科克莱省(巴拿马),2026年10月10日
巴拿马当地时间10月9日中午发生7级以上地震,此后数小时内又连续发生数十次地震。持续不断的余震给当地交通、供水、航空等带来不同程度影响。巴拿马官方通报说,目前未收到人员死亡或失踪报告,但有部分人员受伤。
据巴拿马官方通报,目前受灾情况集中在该国中部地区。科克莱、洛斯桑托斯等省多处商业设施和教堂受损、住宅坍塌、道路基础设施也受到影响,当地医院进行了预防性疏散。巴拿马政府当天启动应急响应。总统穆利诺表示,已要求有关部门及时通报地震影响,并下令调动资源和援助力量帮助受影响民众,要求各部门和有关机构立即开展处置和防范工作。
图说1、2:10月9日,在巴拿马科克莱省佩诺诺梅,一座教堂的钟楼在地震中倒塌。 新华社发(丹尼尔·冈萨雷斯摄)
图说3:这是10月9日在巴拿马科克莱省佩诺诺梅拍摄的地震中震落的雕像。新华社发(丹尼尔·冈萨雷斯摄)








