
တိုကျို၊ အောက်တိုဘာ ၈ ရက် (ဆင်ဟွာ)
ဂျပန်နိုင်ငံ အိုကီနာဝါစီရင်စု အုပ်ချုပ်ရေးမှူး Genta Koja သည် အောက်တိုဘာ ၇ ရက်တွင် ဂျပန်ဝန်ကြီးချုပ်အိမ်တော်၌ ဝန်ကြီးချုပ် ဆာနာအဲ တာကာအိချိနှင့် တွေ့ဆုံရာ၌ အိုကီနာဝါအခြေစိုက် အမေရိကန်စစ်သား လုယတ်သတ်ဖြတ်ကြောင်း စွပ်စွဲခံရမှုနှင့် စပ်လျဉ်း၍ ဆန့်ကျင်ကန့်ကွက်ကြောင်း ဖော်ပြခဲ့ပြီး “အိုကီနာဝါမူဝါဒ ညှိနှိုင်းအစည်းအဝေး” အမြန်ဆုံး ခေါ်ယူကျင်းပရန် တောင်းဆိုခဲ့ကြောင်း ဂျပန် Kyodo News ထိုနေ့သတင်းဖော်ပြချက်အရ သိရသည်။
Genta Koja က အဆိုပါအမှုသည် အလွန်အမင်းဆိုးရွားပြီး အိုကီနာဝါစီရင်စု ပြည်သူများအပေါ် များစွာထိတ်လန့်မှုများဖြစ်စေသဖြင့် လုံးဝသည်းညည်းမခံနိုင်ကြောင်း ဆိုခဲ့သည်။ ဆာနာအဲ တာကာအိချိက ဂျပန်-အမေရိကန်နှစ်ဖက်အနေဖြင့် တစ်ဆင့်တိုး ညှိနှိုင်းဆွေးနွေးမှု လုပ်ဆောင်ပြီး လက်တွေ့ကျ ထိရောက်မှုရှိသော အစီအမံများ ဖော်ဆောင်ရန်၊ အလားတူအမှုများ ထပ်မံဖြစ်ပွားခြင်းအား ကြိုတင်ကာကွယ်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။
ထိုနေ့အစောပိုင်းတွင် Genta Koja က ကာကွယ်ရေးဝန်ကြီး ရှင်ဂျီရို ကိုအိဇုမိနှင့် နိုင်ငံခြားရေးဝန်ကြီး Toshimitsu Motegi တို့ကိုလည်း သီးခြားစီ တွေ့ဆုံခဲ့သည်။ ၎င်းက ရှင်ဂျီရို ကိုအိဇုမိထံ ဆန့်ကျင်ကန့်ကွက်ကြောင်း ပြောကြားခဲ့ပြီး လက်တွေ့ထိရောက်သော အစီအမံများ လုပ်ဆောင်ရန်၊ အလားတူအမှုများ ထပ်မံဖြစ်ပွားခြင်းကို အရင်းခံမှ ကြိုတင်ကာကွယ်တားဆီးရန် တောင်းဆိုခဲ့သည်။
အိုကီနာဝါစီရင်စုသည် အမြဲအမှုဖြစ်ပွားပြီးနောက်မှသာ အလားတူအမှုမျိုး ထပ်မံဖြစ်ပွားခြင်းကို ကြိုတင်ကာကွယ်ရန် တောင်းဆိုခဲ့ကြောင်း၊ သို့သော် အမေရိကန်စစ်တပ်က စစ်စည်းမျဉ်းများ တင်းကျပ်စွာ ဆောင်ရွက်ခြင်းနှင့် လူ့အခွင့်အရေး ပညာရေးသင်ကြားမှု လုပ်ဆောင်သော အစီအမံများသည် ပါဝင်သင့်သည့် အခန်းကဏ္ဍမှ လုံးဝပါဝင်ခြင်း မရှိကြောင်းလည်း ၎င်းက ဆိုခဲ့သည်။
ဂျပန်နိုင်ငံ အိုကီနာဝါစီရင်စု ရဲတပ်ဖွဲ့သည် အောက်တိုဘာ ၄ ရက်တွင် အမေရိကန်စစ်သား Devin Ballard အား ဖမ်းဆီးလိုက်သည်။ Devin Ballard သည် ယခုနှစ်တွင် အသက် ၂၀ နှစ်အရွယ်ရှိပြီး အမေရိကန်စစ်တပ် Futenma စခန်း၌ အခြေစိုက်သော အမေရိကန် မရိန်းတပ်ဖွဲ့ဝင်ဖြစ်သည်။ ၎င်းသည် ဒေသစံတော်ချိန် အောက်တိုဘာ ၃ ရက် နံနက်ပိုင်းတွင် အိုကီနာဝါစီရင်စု Naha မြို့ရှိ ဟိုတယ်တစ်ခုတွင် ဂျပန်အမျိုးသမီးတစ်ဦးအား သတ်ဖြတ်ပြီး သတ်ဖြတ်ခံရသူ၏ ပိုက်ဆံအိတ် စသည့် ပစ္စည်းများအား လုယူသွားခဲ့သည်ဟု သံသယဖြင့် စွပ်စွဲခံထားရသည်။ (Xinhua)
---------------------
(Chinese Version)
冲绳县知事就美军士兵涉嫌抢劫杀人案提出抗议
新华社东京10月7日电(记者梁晨 李子越)据日本共同社7日报道,日本冲绳县知事古谢玄太当天在首相官邸会见首相高市早苗时就驻冲绳美军士兵涉嫌抢劫杀人案提出抗议,要求尽早召开“冲绳政策协议会”。
古谢表示,这起案件极其恶劣,给冲绳县民众带来极大不安,绝不能容忍。高市表示,希望日美双方进一步磋商,采取切实有效的措施,防止此类案件再次发生。
当天早些时候,古谢分别会见了防卫大臣小泉进次郎和外务大臣茂木敏充。他向小泉提出抗议,要求采取切实有效的措施,从根本上防止此类案件再次发生。他说,冲绳县每次都在案件发生后要求防止类似案件再次发生,但美军整顿军纪和开展人权教育的措施完全没有发挥作用。
日本冲绳县警方4日逮捕了美国士兵德文·巴拉德。巴拉德现年20岁,隶属驻扎在美军普天间基地的美国海军陆战队。他涉嫌于当地时间3日凌晨在冲绳县那霸市一家酒店杀害一名日本女性,并抢走被害人的钱包等物品。(完)
图说:这是2023年11月25日在日本冲绳拍摄的美军普天间基地。新华社记者冯武勇摄








