
ခတ္တမန္ဒူ၊ အောက်တိုဘာ ၁၁ ရက် (ဆင်ဟွာ)
နီပေါနိုင်ငံ Gorkha ခရိုင်ရှိ Kaligandaki မြစ်တွင် အောက်တိုဘာ ၁၁ ရက် နံနက်ပိုင်းက ဖြစ်ပွားခဲ့သော ရုတ်တရက် ရေကြီးရေလျှံမှုကြောင့် နေအိမ်အလုံးရေ ၄၀ ထက်မနည်းနှင့် ကြိုးတံတား နှစ်စင်းတို့ ရေစီးနှင့်အတူ မျောပါသွားသည်ဟု ဒေသခံအရာရှိတစ်ဦးက ပြောကြားခဲ့ကြောင်း သိရသည်။
Chumanubri ကျေးလက်ဒေသအုပ်ချုပ်ရေးနယ်မြေအတွင်း မြေပြိုကျမှုကြောင့် မြစ်ရေစီးကြောင်း ပိတ်ဆို့သွားခဲ့ပြီး ထိုပိတ်ဆို့မှု ပြိုဆင်းသွားချိန်တွင် ရုတ်တရက် ရေကြီးရေလျှံမှု ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။
"ကျေးရွာအုပ်စု ငါးခုရှိ နေအိမ် ၄၀ ထက်မနည်း ရေစီးနဲ့အတူ ပါသွားခဲ့ပါတယ်" ဟု အဆိုပါကျေးလက်ဒေသအုပ်ချုပ်ရေးနယ်မြေ ဒုတိယဥက္ကဋ္ဌ Laxmi Gurung က ဆင်ဟွာသို့ ပြောကြားခဲ့သည်။
လက်ရှိအချိန်အထိ လူထိခိုက်သေဆုံးမှု သတင်းတစ်စုံတစ်ရာ မရှိသေးပေ။ ရေကြီးရေလျှံမှု ဖြစ်ပွားနိုင်ကြောင်း သတိပေးချက်များ ထုတ်ပြန်ခဲ့ပြီးနောက် အောက်တိုဘာ ၁၁ ရက် နံနက်အစောပိုင်းကတည်းက မြစ်ကမ်းတစ်လျှောက် နေထိုင်သူများကို ၎င်းတို့၏နေအိမ်များမှ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရန် တိုက်တွန်းထားခဲ့ကြောင်း သိရသည်။
ပျက်စီးဆုံးရှုံးမှုဆိုင်ရာ အသေးစိတ်အချက်အလက်များကို တာဝန်ရှိသူများက ဆက်လက်ကောက်ခံစုဆောင်းလျက်ရှိကြောင်း Gurung က ပြောကြားခဲ့သည်။ ခတ္တမန္ဒူမြို့မှ စေလွှတ်လိုက်သော ဝန်ထမ်းများအပါအဝင် ကယ်ဆယ်ရေးအဖွဲ့များမှာ အဆိုပါဘေးအန္တရာယ်ဖြစ်ပွားရာနေရာသို့ ရောက်ရှိနေပြီဖြစ်ပြီး ဘေးအန္တရာယ်ဆိုင်ရာ ထပ်မံစစ်ဆေးအကဲဖြတ်မှုများကိုလည်း ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။ (Xinhua)
..........................................
(English Version)
At least 40 houses swept away in flash flood in Nepal
KATHMANDU, Oct. 11 (Xinhua) -- At least 40 houses and two suspension bridges were swept away by a flash flood in the Kaligandaki River in Nepal's Gorkha district on Sunday morning, a local official said.
A landslide blocked the river in Chumanubri Rural Municipality, causing a flash flood when the blockage broke.
"At least 40 houses in five different settlements have been swept away in the flood," Laxmi Gurung, vice-chairperson of the rural municipality, told Xinhua.
No casualties have been reported so far. Residents living along the river corridor were asked to evacuate their homes early Sunday morning following warnings of a possible flood.
Authorities are still gathering details of the damage, Gurung said. Rescue teams, including personnel dispatched from Kathmandu, have reached the disaster site, while further assessments of the disaster are ongoing. ■
Photo caption: This photo taken on Aug. 27, 2026 shows a view of a massive flash flood-hit Nuwakot, Nepal. (Photo by Sulav Shrestha/Xinhua)







