
နယူးဒေလီ၊ အောက်တိုဘာ ၁၁ ရက် (ဆင်ဟွာ)
အာရပ်စော်ဘွားများပြည်ထောင်စု (UAE) နိုင်ငံ၏ Ras Al Khaimah ကမ်းလွန်တွင် ဖြစ်ပွားခဲ့သော မတော်တဆဖြစ်ရပ်တစ်ခုအပြီး ရေနံတင်သင်္ဘောပေါ်ပါ အိန္ဒိယသင်္ဘောသား ၂၂ ဦးကို ဘေးကင်းစွာ ကယ်ဆယ်နိုင်ခဲ့ကြောင်း အိန္ဒိယအရာရှိများက အောက်တိုဘာ ၁၁ ရက်တွင် ပြောကြားခဲ့သည်။
ဒူဘိုင်းမြို့ရှိ အိန္ဒိယကောင်စစ်ဝန်ရုံး၏ လူမှုကွန်ရက်တွင် ဖော်ပြခဲ့သည့် ကြေညာချက်တစ်ခု၌ အဆိုပါသင်္ဘောမှာ MT GEM No. 2 ဖြစ်ကြောင်း ဖော်ပြထားသည်။
မိမိတို့အနေဖြင့် UAE တာဝန်ရှိသူများနှင့် ဆက်သွယ်ဆောင်ရွက်လျက်ရှိပြီး အိန္ဒိယသင်္ဘောသားများအတွက် ဖြစ်နိုင်သမျှ အကူအညီနှင့် ထောက်ပံ့မှုအားလုံးကို ပေးအပ်လျက်ရှိကြောင်း ကောင်စစ်ဝန်ရုံးက ပြောကြားခဲ့သည်။ (Xinhua)
#UAE #Indiancrew #rescued #အာရပ်စော်ဘွားများပြည်ထောင်စု #အိန္ဒိယသင်္ဘောသားများ #ကယ်ဆယ်ရေး
……………………………………..
(English version)
22 Indian crew rescued after incident off UAE coast
NEW DELHI, Oct. 11 (Xinhua) -- Twenty-two Indian crew members aboard an oil vessel were safely rescued after an incident off the United Arab Emirates' Ras Al Khaimah coast, Indian officials said Sunday.
The Indian consulate in Dubai identified the vessel as MT GEM No. 2 in a brief statement posted on social media.
The consulate said it was in touch with UAE authorities and is extending all possible assistance and support to the Indian seafarers.








