တရုတ်နိုင်ငံ ချုံချင့်မြို့တွင် ၂၀၂၆ ခုနှစ် အောက်တိုဘာ ၆ ရက်က တရုတ်အသင်းနှင့် တာဂျစ်ကစ္စတန်အသင်းတို့ ယှဉ်ပြိုင်ကစားသည့် ၂၀၂၆ CFA တရုတ်အသင်း နိုင်ငံတကာ ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲ (ချုံချင့်) ဘောလုံးပွဲစဉ်၌ တရုတ်အသင်းမှ ဟွမ်စိန့်ဟောင် (ဝဲ-ဒုတိယ) နှင့် တာဂျစ်ကစ္စတန်အသင်းမှ ရှာရစ်ဒင် ဘိုဘိုအက်ဗ်တို့ အမြင့်ဘောယှဉ်လုနေစဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံ ချုံချင့်မြို့တွင် ၂၀၂၆ ခုနှစ် အောက်တိုဘာ ၆ ရက်က တရုတ်အသင်းနှင့် တာဂျစ်ကစ္စတန်အသင်းတို့ ယှဉ်ပြိုင်ကစားသည့် ၂၀၂၆ CFA တရုတ်အသင်း နိုင်ငံတကာ ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲ (ချုံချင့်) ဘောလုံးပွဲစဉ်၌ တရုတ်အသင်းမှ ဟွမ်စိန့်ဟောင် (ဝဲ-ဒုတိယ) နှင့် တာဂျစ်ကစ္စတန်အသင်းမှ ရှာရစ်ဒင် ဘိုဘိုအက်ဗ်တို့ အမြင့်ဘောယှဉ်လုနေစဉ် (ဆင်ဟွာ)

ချုံချင့်၊ အောက်တိုဘာ ၇ ရက် (ဆင်ဟွာ)

အောက်တိုဘာ ၆ ရက်က တရုတ်အသင်းနှင့် တာဂျစ်ကစ္စတန်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့သည့် ခြေစမ်းပွဲစဉ်၌ တရုတ်အသင်းက ၀-၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီး သုံးပွဲဆက် ရှုံးပွဲကြုံတွေ့ခဲ့ရသည်။

ပထမပိုင်းတွင် တစ်ဖက်နှင့်တစ်ဖက် ဂိုးသွင်းယူနိုင်ခြင်းမရှိဘဲ သရေကျနေခဲ့ပြီး ဒုတိယပိုင်း ၅၃ မိနစ်တွင် ဗာဒတ် ခါနိုနော့ဗ်က တာဂျစ်ကစ္စတန်အတွက် ဦးဆောင်ဂိုးသွင်းယူခဲ့သည်။

တရုတ်အသင်းဂိုးသမား လျိုတျန့်ကျော့ က အဝေးကန်ချက်ကို ကာကွယ်ရာတွင် ဘောလုံးလွတ်ထွက်သွားခဲ့ရာ ခါနိုနော့ဗ်က ထိုအခွင့်အရေးကို အမိအရအသုံးချပြီး အနီးကပ်ပိတ်သွင်းခဲ့ခြင်းဖြစ်သည်။

၆ မိနစ်အကြာတွင် တရုတ်အသင်းမှ ဝေစစ်ဟောင် က ပြိုင်ဘက်ကစားသမားကို တံတောင်ဖြင့် ရိုက်မိခဲ့ခြင်းကြောင့် နှစ်ဝါတစ်နီဖြင့် ထုတ်ပယ်ခံရပြီးနောက် တရုတ်အသင်းအတွက် ပိုမိုခက်ခဲသွားခဲ့သည်။ ၎င်းအနေဖြင့် ပွဲချိန် ၄၅ မိနစ်တွင် ပထမအကြိမ် အဝါကတ်ထိထားခြင်းဖြစ်သည်။

တရုတ်အသင်း နည်းပြချုပ် ရှောက်ကျားရီးက အဆိုပါပွဲစဉ်သည် နိုင်ငံတကာပြိုင်ပွဲများ၏ ဖိအားနှင့် အာရှတိုက်၏ ဘောလုံးအဆင့်အတန်း တိုးတက်မြင့်မားလာမှုကို မီးမောင်းထိုးပြခဲ့သည်ဟု ပြောကြားခဲ့ပြီး တရုတ်အသင်းအနေဖြင့် တစ်ဦးချင်းအရရော အသင်းလိုက်အနေနှင့်ပါ တိုးတက်ရန် လိုအပ်နေသည်ဟု ထပ်လောင်းပြောကြားခဲ့သည်။

“ပြဿနာတွေ စောစောစီးစီး ပေါ်ထွက်လာတာက ကောင်းမွန်တဲ့အရာတစ်ခုပါ။ အာရှဖလားအတွက် ပြင်ဆင်ဖို့ အချိန်သုံးလကျန်နေသေးပြီး ကျွန်တော်တို့ ပြန်လည်ရုန်းထလာနိုင်မယ်လို့ ယုံကြည်ပါတယ်” ဟု ရှောက်က ဆိုသည်။

တရုတ်အသင်း သုံးပွဲဆက်ရှုံးနိမ့်မှုနှင့် ပတ်သက်၍ ပြောကြားရာတွင် ရှောက်က ၎င်းရင်ဆိုင်နေရသော ဖိအားများကို ဝန်ခံခဲ့သော်လည်း လူငယ်ကစားသမားသစ်အချို့ ပွဲထွက်ခွင့်ရရှိခဲ့ခြင်းမှာ အပြုသဘောဆောင်သည့် အရာဖြစ်ကြောင်း ထောက်ပြပြောဆိုခဲ့သည်။

"လူငယ်တွေအတွက် ဒါက လေ့လာသင်ယူရမယ့် လုပ်ငန်းစဉ်တစ်ခုပါ။ သူတို့အနေနဲ့ ပွဲကစားရင်း အတွေ့အကြုံတွေ ရရှိလာမှာပါ။ ဒီလုပ်ငန်းစဉ်က အနည်းငယ်ခက်ခဲနေမှာ သေချာပေမဲ့ ကျွန်တော်တို့ ရှေ့ဆက်သွားရပါမယ်" ဟု ရှောက်က ပြောကြားခဲ့သည်။ "နည်းပြချုပ်တစ်ယောက်ရဲ့ ရှုထောင့်က ကြည့်မယ်ဆိုရင်တော့ သူတို့ရဲ့ စွမ်းဆောင်ရည်အပေါ် ကျွန်တော် ကျေနပ်အားရနေတုန်းပါပဲ" ဟု ၎င်းက ဆိုသည်။

တရုတ်အသင်းအနေဖြင့် အိမ်ကွင်းတွင် ပါလက်စတိုင်းအသင်းကို ၅ ဂိုးပြတ် ရှုံးနိမ့်ခဲ့ပြီးနောက် ယခုတစ်ကြိမ်တွင်လည်း ရှုံးပွဲကြုံခဲ့ခြင်းဖြစ်သည်။ ထို့ပြင် ယခုပွဲစဉ်သည် တရုတ်အမျိုးသားလက်ရွေးစင် ဘောလုံးအသင်းအနေဖြင့် တာဂျစ်ကစ္စတန်အသင်းကို ၁၉၉၈ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ဂိုးပေးခဲ့ရခြင်းလည်းဖြစ်သည်။ ယခင်က နှစ်သင်းထိပ်တိုက်တွေ့ဆုံခဲ့သည့် ပွဲစဉ် ၃ ပွဲတွင် တရုတ်အသင်းက ပေးဂိုးလုံးဝမရှိဘဲ နှစ်ပွဲနိုင်၊ တစ်ပွဲသရေရလဒ် ထွက်ပေါ်ခဲ့သည်။ (Xinhua)

.................................

(English Version)

China suffers third straight defeat with loss to Tajikistan

CHONGQING, Oct. 7 (Xinhua) -- China lost 1-0 to Tajikistan in a football friendly on Tuesday, suffering its third consecutive defeat.

Neither side was able to break the deadlock in the first half before Vahdat Khanonov gave Tajikistan the lead in the 53rd minute.

China goalkeeper Liu Dianzuo failed to hold a long-range effort, allowing Khanonov to pounce on the loose ball and score from close range.

China's task became more difficult six minutes later when Wei Shihao was sent off after receiving a second yellow card for elbowing an opponent. Wei had picked up his first booking in the 45th minute.

China head coach Shao Jiayi said the match highlighted the pressure of international competition and the improving standard of football across Asia, adding that China needed to improve both individually and collectively.

"The problems emerged early, which is a good thing. There are still three months to prepare for the Asian Cup, and I believe we can bounce back," Shao said.

Addressing China's third consecutive defeat, Shao acknowledged the pressure he was under but pointed to the debuts of several young players as a positive.

"Youth is a learning process. They will gain experience through matches. This process is indeed a bit bitter, but we must keep going," Shao said. "From my perspective as head coach, I am still satisfied with them."

The defeat followed a heavy 5-0 home loss to Palestine in China's previous match. It was also the first time China's men's national team had conceded a goal against Tajikistan since 1998. China had kept clean sheets in the previous three meetings between the sides, recording two wins and a draw.

Photo caption 1: Huang Shenghao (2nd L) of China and Sheriddin Boboev of Tajikistan head for the ball during the CFA Team China International Football Competitions Chongqing 2026 between China and Tajikistan in Chongqing, Oct. 6, 2026. (Xinhua/Huang Wei)

Photo caption 2: Liu Yang (R) of China vies with Shervoni Mabatshoev of Tajikistan during the CFA Team China International Football Competitions Chongqing 2026 between China and Tajikistan in Chongqing, Oct. 6, 2026. (Xinhua/Huang Wei)