
လော်ဆွန်း၊ ဆွစ်ဇာလန်၊ အောက်တိုဘာ ၆ ရက် (ဆင်ဟွာ)
နိုင်ငံတကာစကိတ်စီးအဖွဲ့ချုပ် (ISU) ဥက္ကဋ္ဌ Kim Jae-youl သည် ဆောင်းရာသီအိုလံပစ်အဖွဲ့ချုပ် (WOF) ၏ ဥက္ကဋ္ဌအဖြစ် ရွေးကောက်တင်မြှောက်ခံရကြောင်း ISU မှ အောက်တိုဘာ ၅ ရက်တွင် ကြေညာခဲ့သည်။
WOF ၏ နောက်ဆုံးပြုလုပ်သော အစည်းအဝေးတွင် Kim က အီတလီနိုင်ငံမှ Ivo Ferriani ၏ နေရာကို ဆက်ခံခဲ့ခြင်း ဖြစ်သည်။ Kim သည် ယခုနှစ်အစောပိုင်းတွင် အပြည်ပြည်ဆိုင်ရာအိုလံပစ်ကော်မတီ အမှုဆောင်ဘုတ်အဖွဲ့တွင် ရွေးကောက်တင်မြှောက်ခံခဲ့ရပြီးနောက် ဇွန်လတွင် ISU ဥက္ကဋ္ဌအဖြစ် ဒုတိယအကြိမ် အနိုင်ရရှိခဲ့သည်။
"ဆောင်းရာသီအားကစားပြိုင်ပွဲတွေရဲ့ ဂုဏ်သိက္ခာကို မြှင့်တင်ဖို့ မိမိအနေနဲ့ WOF အဖွဲ့ဝင်တွေနဲ့အတူ စည်းလုံးညီညွတ်စွာ ရပ်တည်မှာဖြစ်ပါတယ်" ဟု Kim က ပြောကြားခဲ့သည်။ "WOF ဥက္ကဋ္ဌအဖြစ် တာဝန် ထမ်းဆောင်ရခြင်းအတွက် ကျွန်တော့်အနေနဲ့ ဂုဏ်ယူပါတယ်။ ကျွန်တော်က အားလုံးအတွက် အကျိုးရှိစေဖို့ အစွမ်းကုန် ကြိုးစားသွားမှာဖြစ်ပါတယ်"ဟု Kim က ထပ်လောင်းပြောကြားခဲ့သည်။ (Xinhua)

……………………
(English version)
ISU chief Kim elected president of Winter Olympic Federations
LAUSANNE, Switzerland, Oct. 5 (Xinhua) -- International Skating Union (ISU) President Kim Jae-youl has been elected president of the Winter Olympic Federations (WOF), the ISU announced on Monday.
Kim succeeded Italy's Ivo Ferriani at WOF's latest meeting. Kim had been elected to the International Olympic Committee Executive Board earlier this year and won a second term as ISU president in June.
“I will stand in solidarity with WOF members to elevate the stature of winter sports," Kim said. "I am honored to serve as WOF president. I will do my utmost so this benefits everyone."
Photo caption-1-ISU President Kim Jae-youl speaks during a press conference prior to the ISU World Short Track Speed Skating Championships 2025 in Beijing, China, March 12, 2025. (Xinhua/Ju Huanzong)
Photo caption-2-Chinese national flag is raised during the opening ceremony of the Beijing 2022 Olympic Winter Games at the National Stadium in Beijing, capital of China, Feb. 4, 2022. (Xinhua/Ju Huanzong)








