တရုတ်နိုင်ငံ ပေကျင်းမြို့တွင် ကျင်းပသည့် ၂၀၂၆ ခုနှစ် တရုတ်အိုးပင်းတင်းနစ်ပြိုင်ပွဲ၌ ဂျာမနီနိုင်ငံမှ Alexander Zverev နှင့် ဆားဘီးယားနိုင်ငံမှ နိုဗက် ဂျိုကိုဗစ်တို့၏ ၂၀၂၆ ခုနှစ် အောက်တိုဘာ ၄ ရက်က အမျိုးသားတစ်ဦးချင်းကွာတားဖိုင်နယ်ပွဲစဉ်အတွင်း ယှဉ်ပြိုင်ကစားနေသည့် နိုဗက် ဂျိုကိုဗစ်ကို တွေ့ရစဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံ ပေကျင်းမြို့တွင် ကျင်းပသည့် ၂၀၂၆ ခုနှစ် တရုတ်အိုးပင်းတင်းနစ်ပြိုင်ပွဲ၌ ဂျာမနီနိုင်ငံမှ Alexander Zverev နှင့် ဆားဘီးယားနိုင်ငံမှ နိုဗက် ဂျိုကိုဗစ်တို့၏ ၂၀၂၆ ခုနှစ် အောက်တိုဘာ ၄ ရက်က အမျိုးသားတစ်ဦးချင်းကွာတားဖိုင်နယ်ပွဲစဉ်အတွင်း ယှဉ်ပြိုင်ကစားနေသည့် နိုဗက် ဂျိုကိုဗစ်ကို တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ အောက်တိုဘာ ၆ ရက် (ဆင်ဟွာ)

တရုတ်အိုးပင်းပြိုင်ပွဲတွင် ၆ ကြိမ်တိုင် ချန်ပီယံဖြစ်ဖူးသူ နိုဗက် ဂျိုကိုဗစ်က ၎င်း၏ ပြိုင်ပွဲအနိုင်ရရှိမှုမှတ်တမ်းကို ပွဲစဉ်ပေါင်း ၃၃ ပွဲအထိ တိုးမြှင့်နိုင်ခဲ့ပြီး အမျိုးသားတစ်ဦးချင်းပြိုင်ပွဲ၏ ဗိုလ်လုပွဲအဆင့်သို့ အောက်တိုဘာ ၅ ရက်၌ တက်လှမ်းသွားခဲ့သည်။ ပြည်တွင်း၌ အားပေးမှုအခိုင်အမာရရှိထားသည့် တရုတ်တင်းနစ်မယ် ကျိန့်ချင်းဝန်ကလည်း ချက်သမ္မတနိုင်ငံသူ Marie Bouzkova ကို အနိုင်ယူကာ အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲ၏ နောက်ဆုံး ၁၆ ဦးအဆင့်သို့ ရောက်ရှိသွားကြောင်း သိရသည်။

အမျိုးသားတစ်ဦးချင်းပြိုင်ပွဲ၏ ဆီမီးဖိုင်နယ်ပွဲစဉ်တွင် ဆီဒင် ၃ ကစားသမား ဒါနီလ် မက်ဗီဒက်ဗ်မှာ ပွဲစဉ်အတွင်း ရမှတ် ၇-၅၊ ၅-၃ ဖြင့် ရှုံးနိမ့်နေချိန်၌ ပွဲကြည့်ပရိသတ်တစ်ဦးအား ဘောလုံးဖြင့် မတော်တဆ ထိမှန်စေခဲ့မှုကြောင့် ပြိုင်ပွဲမှ ထုတ်ပယ်ခံခဲ့ရပြီးနောက် ဂျိုကိုဗစ်က ဗိုလ်လုပွဲသို့ တက်လှမ်းနိုင်ခဲ့ခြင်းဖြစ်သည်။ ဆားဘီးယားနိုင်ငံသား ဂျိုကိုဗစ်က အောက်တိုဘာ ၆ ရက်၌ ကျင်းပမည့် ဗိုလ်လုပွဲတွင် ဆီဒင် ၅ သတ်မှတ်ခံထားရသူ အဲလက်စ် ဒီမီနော်ယာနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ ဒီမီနော်ယာသည် ပိုလန်နိုင်ငံသား Hubert Hurkacz က ရမှတ် ၆-၄၊ ၃-၂ ဖြင့် ရှုံးနိမ့်နေချိန်တွင် ပေါင်တွင်းကြွက်သားဒဏ်ရာကြောင့် ပွဲစဉ်မှ နုတ်ထွက်သွားခဲ့သဖြင့် နောက်တစ်ဆင့်သို့ တက်လှမ်းလာခဲ့ခြင်းဖြစ်သည်။

"ဒါက မတော်တဆ ဖြစ်သွားခဲ့တာပါ။ ကျွန်တော့်အနေနဲ့ ဒါနီလ်အတွက်ရော ပရိသတ်တွေအတွက်ပါ စိတ်မကောင်းဖြစ်မိပါတယ်" ဟု ဂျိုကိုဗစ်က ပွဲအပြီးတွင် ပြောကြားခဲ့သည်။ "ခင်ဗျားတို့ သိပါတယ်။ ကျွန်တော်လည်း ပြီးခဲ့တဲ့ ခြောက်နှစ်က ယူအက်စ်အိုးပင်းပြိုင်ပွဲမှာ အဲဒီလိုမျိုး ကြုံတွေ့ခဲ့ဖူးတယ်လေ။ စိတ်မကောင်းဖြစ်ရမှာကို ကျွန်တော် နားလည်ပါတယ်" ဟုလည်း ၎င်းက ဆိုသည်။

"ဒါက လုံးဝကို ၁၀၀ ရာခိုင်နှုန်း မတော်တဆဖြစ်ရပ်ပါ။ ကျွန်တော် ဒေါသထွက်ပြီး ဘောလုံးကို ရိုက်လိုက်တာ မဟုတ်ဘူးဆိုတာ ခင်ဗျားတို့ မြင်နိုင်ပါတယ်" ဟု မက်ဗီဒက်ဗ်က ပြောကြားခဲ့သည်။ "အမှားဖြစ်သွားတာကို မြင်လိုက်ရတဲ့အခါ ကျွန်တော် တော်တော်လေး စိတ်မကောင်းဖြစ်ခဲ့ရပါတယ်" ဟုလည်း ၎င်းက ဆိုသည်။

"ဘောလုံးထိမှန်ခံလိုက်ရတဲ့ ပရိသတ်ကို အနူးအညွတ် တောင်းပန်အပ်ပါတယ်။ သူဆန္ဒရှိမယ်ဆိုရင် ကျွန်တော့်အနေနဲ့ သူ့နဲ့ အဆက်အသွယ်ရဖို့ ကြိုးစားနေပါတယ်။ လူကိုယ်တိုင် တောင်းပန်ခွင့်ရပြီး သူဘယ်လိုခံစားရတယ်ဆိုတာကို သိခွင့်ရဖို့ မျှော်လင့်ပါတယ်" ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

အိုလံပစ်ချန်ပီယံ ကျိန့်ချင်းဝန်ကလည်း ဆီဒင် ၁၈ ကစားသမား Marie Bouzkova ကို ရမှတ် ၇-၆ (၃)၊ ၄-၆၊ ၇-၅ ဖြင့် အနိုင်ယူခဲ့ပြီး နောက်ဆုံး ၁၆ ဦးအဆင့်တွင် အာမေးနီးယားနိုင်ငံသူ Alina Charaeva နှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ Alina Charaeva မှာ ဗြိတိန်နိုင်ငံသူ Sonay Kartal ကို ရမှတ် ၆-၄၊ ၆-၁ ဖြင့် အသာအယာ အနိုင်ယူကာ နောက်တစ်ဆင့်သို့ တက်လှမ်းလာခဲ့သူ ဖြစ်သည်။

ယူအက်စ်အိုးပင်းအမျိုးသမီးငယ်တစ်ဦးချင်းပြိုင်ပွဲ ချန်ပီယံ စွန်းရှင်းရန် က ကမ္ဘာ့အဆင့် ဆီဒင် ၄ ကစားသမား Coco Gauff ကို ရမှတ် ၇-၅၊ ၆-၁ ဖြင့် ရှုံးနိမ့်ခဲ့သည်။ ဆီဒင် ၃ ကစားသမား Gauff သည် လက်ဗီးယားနိုင်ငံသူ Jelena Ostapenko ကို ရမှတ် ၆-၂၊ ၃-၆၊ ၆-၃ ဖြင့် အနိုင်ယူခဲ့သည့် ဆီဒင် ၁၃ ကစားသမား Elise Mertens နှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

အခြားပွဲစဉ်များ၌မူ ဆီဒင် ၈ ကစားသမား Iga Swiatek က Donna Vekic ကို ရမှတ် ၄-၆၊ ၇-၆ (၀)၊ ၆-၂ ဖြင့် နောက်မှလိုက်၍ အနိုင်ယူခဲ့ပြီး တရုတ်အိုးပင်းအမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲတွင် ချန်ပီယံဆုအား ဒုတိယအကြိမ် ရယူနိုင်မည့် အခွင့်အရေးကို ဆက်လက်ထိန်းသိမ်းထားနိုင်ခဲ့သည်။

ယခုနှစ်၏ ပြင်သစ်အိုးပင်းချန်ပီယံ Mirra Andreeva က အောက်တိုဘာ ၆ ရက်၌ ယူကရိန်းနိုင်ငံသူ Daria Snigur နှင့် ရင်ဆိုင်ရမည်ဖြစ်ပြီး ဂျပန်နိုင်ငံသူ Naomi Osaka ကမူ ချက်သမ္မတနိုင်ငံသူ Karolina Muchova နှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

တရုတ်နိုင်ငံ ပေကျင်းမြို့တွင် ကျင်းပသည့် ၂၀၂၆ ခုနှစ် တရုတ်အိုးပင်းတင်းနစ်ပြိုင်ပွဲ၌ ချက်သမ္မတနိုင်ငံမှ Marie Bouzkova နှင့်  ၂၀၂၆ ခုနှစ် အောက်တိုဘာ ၅ ရက်က ယှဉ်ပြိုင်ကစားသည့် အမျိုးသမီးတစ်ဦးချင်း ၃၂ ဦး အဆင့်ပွဲစဉ်အတွင်း ဘောလုံးအား ပြန်ရိုက်နေသည့် ကျိန့်ချင်းဝန်ကို တွေ့ရစဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံ ပေကျင်းမြို့တွင် ကျင်းပသည့် ၂၀၂၆ ခုနှစ် တရုတ်အိုးပင်းတင်းနစ်ပြိုင်ပွဲ၌ ချက်သမ္မတနိုင်ငံမှ Marie Bouzkova နှင့် ၂၀၂၆ ခုနှစ် အောက်တိုဘာ ၅ ရက်က ယှဉ်ပြိုင်ကစားသည့် အမျိုးသမီးတစ်ဦးချင်း ၃၂ ဦး အဆင့်ပွဲစဉ်အတွင်း ဘောလုံးအား ပြန်ရိုက်နေသည့် ကျိန့်ချင်းဝန်ကို တွေ့ရစဉ် (ဆင်ဟွာ)

..........................................

(English Version)

China Open: Djokovic meets De Minaur in final, Zheng into round 16

BEIJING, Oct. 5 (Xinhua) -- Six-time China Open champion Novak Djokovic extended his tournament winning streak to 33 matches and entered the men's singles final here on Monday, while home favorite Zheng Qinwen beat Marie Bouzkova of the Czech Republic to reach the women's singles round of 16.

In the men's singles semifinals, Djokovic advanced after third-seeded Daniil Medvedev was defaulted for accidentally hitting a spectator with a ball while trailing 7-5, 5-3. The Serbian will face fifth seed Alex de Minaur on Tuesday after the Australian advanced when Poland's Hubert Hurkacz retired with an adductor injury while trailing 6-4, 3-2.

"It happened by accident. I am sorry for Daniil and for the audience," reflected Djokovic after the match. "You know, it also happened to me six years ago in US Open. I know it must feel bad."

"I mean, 100 percent accident. You can see that I didn't hit the ball in anger," said Medvedev. "When I saw the fault, I felt horrible."

"Terribly sorry to the spectator. I'm trying to get in touch with him, if he wants it. Hopefully I can apologize in person and see how he feels," he added.

Olympic champion Zheng Qinwen defeated 18th seed Marie Bouzkova 7-6 (3), 4-6, 7-5 to set up a round-of-16 meeting with Armenia's Alina Charaeva, who eased past Britain's Sonay Kartal 6-4, 6-1.

US Open girls' singles champion Sun Xinran fell 7-5, 6-1 to world No. 4 Coco Gauff. Third-seeded Gauff will meet 13th seed Elise Mertens, who beat Latvia's Jelena Ostapenko 6-2, 3-6, 6-3.

In other matches, eighth seed Iga Swiatek came from behind to beat Donna Vekic 4-6, 7-6 (0), 6-2 and remain in contention for a second China Open women's singles title.

This year's French Open champion Mirra Andreeva will face Ukraine's Daria Snigur on Tuesday, while Japan's Naomi Osaka will take on Karolina Muchova of the Czech Republic. ■

Photo caption 1: Novak Djokovic competes during the men's singles quarterfinal match between Alexander Zverev of Germany and Novak Djokovic of Serbia at 2026 China Open tennis tournament in Beijing, China, Oct. 4, 2026. (Xinhua/Ju Huanzong)

Photo caption 2: Zheng Qinwen of China hits a return during the women's singles round of 32 match against Marie Bouzkova of the Czech Republic at 2026 China Open tennis tournament in Beijing, China, Oct. 5, 2026. (Xinhua/Sun Fei)