
မက်ဒရစ်၊ အောက်တိုဘာ ၆ ရက် (ဆင်ဟွာ)
စပိန်အသင်းအနေဖြင့် စပလစ်မြို့တွင် ခရိုအေးရှားအသင်းနှင့် ယှဉ်ပြိုင်ကစားမည့် ယူအီးအက်ဖ်အေ နေးရှင်းစ်လိဂ် ဘောလုံးပွဲစဉ်၌ အနိုင်ရရှိခဲ့ပါက ကွာတားဖိုင်နယ်အဆင့်သို့ တက်ရောက်ခွင့်ရရှိမည်ဖြစ်သည်။
စပိန်အသင်းမှာ အုပ်စုအဖွင့်ပွဲစဉ်များတွင် သုံးပွဲဆက်အနိုင်ရရှိထားပြီးနောက် ခရိုအေးရှားအသင်းနှင့် အဝေးကွင်းတွင် သွားရောက်ကစားရမည်ဖြစ်သည်။ ယခုပွဲစဉ်တွင် ထပ်မံအနိုင်ရရှိမည်ဆိုပါက ကမ္ဘာ့ချန်ပီယံအသင်းအနေဖြင့် လေးပွဲကစားပြီးချိန်တွင် ရမှတ် ၁၂ မှတ်အထိ ရရှိသွားမည်ဖြစ်ပြီး ခရိုအေးရှားအသင်းကမူ သုံးမှတ်သာ ရရှိမည်ဖြစ်သည်။
ထို့အတူ အင်္ဂလန်အသင်းကလည်း ချက်အသင်းကို အိမ်ကွင်းတွင် အနိုင်ရရှိမည် (သို့မဟုတ်) သရေကျမည်ဆိုပါက ခရိုအေးရှားအသင်းရော ချက်အသင်းပါ စပိန်အသင်းကို လိုက်မီနိုင်တော့မည် မဟုတ်သဖြင့် နိုဝင်ဘာလတွင် အင်္ဂလန်အသင်းနှင့် အိမ်ကွင်းပွဲစဉ်အဖြစ်လည်းကောင်း၊ ချက်အသင်းနှင့် အဝေးကွင်းပွဲစဉ်အဖြစ်လည်းကောင်း နှစ်ပွဲကစားရန် ကျန်ရှိနေချိန်မှာပင် နည်းပြ လူးဝစ်စ် ဒယ်လာဖွန်တေး၏ အသင်းအနေဖြင့် အုပ်စုထိပ်ဆုံး နှစ်နေရာကို သေချာပေါက် ရယူနိုင်မည်ဖြစ်သည်။
စပိန်အသင်းအနေဖြင့် ရာနှုန်းပြည့် အနိုင်ရလဒ်များဖြင့် ခရီးနှင်လာသော်လည်း ဆလာဗန် ဘီလစ်၏ ခရိုအေးရှားအသင်းမှာမူ အောက်တိုဘာ ၃ ရက်က အင်္ဂလန်အသင်းကို အိမ်ကွင်းတွင် ၇ ဂိုးပြတ် အရေးနိမ့်ခဲ့ပြီး အသင်းသမိုင်းတစ်လျှောက် အရှက်ရစရာအကောင်းဆုံးရှုံးပွဲမှ ပြန်လည်ရုန်းထနိုင်ရန် ရည်မှန်းလျက် ယခုပွဲစဉ်ကို ယှဉ်ပြိုင်မည် ဖြစ်သည်။
"အင်္ဂလန်နဲ့ပွဲမှာ ကျွန်တော်တို့ဘက်က လိုအပ်တဲ့ အစွမ်းအစတွေကို အပြည့်အဝ ထုတ်မပြနိုင်ခဲ့ပါဘူး။ အဲဒါက ယုံကြည်မှုကို ထိခိုက်စေသလို နည်းစနစ်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်အပေါ်မှာလည်း သက်ရောက်မှုရှိလာခဲ့ပြီး နောက်ဆုံးမှာတော့ စိတ်အားထက်သန်မှုအပေါ် မေးခွန်းထုတ်စရာတစ်ခုလို ဖြစ်သွားခဲ့တယ်။ အခုတော့ ကျွန်တော်တို့အနေနဲ့ စပိန်အသင်းနဲ့ ရင်ဆိုင်တဲ့အခါ ကောင်းမွန်တဲ့ပွဲတစ်ပွဲ၊ ယောကျ်ားပီပီ ရဲရဲဝံ့ဝံ့ ယှဉ်ပြိုင်ကစားမယ့် ပွဲတစ်ပွဲကို ကစားရပါမယ်" ဟု ဘီလစ်က ပြောကြားခဲ့ပြီး စပိန်အသင်းအနေဖြင့် ရုပ်ပိုင်းဆိုင်ရာ အားပြိုင်မှုနှင့် ရင်ဆိုင်ရဖွယ်ရှိသည်ဟုလည်း အရိပ်အမြွက် ပြောကြားခဲ့သည်။
စပိန်အသင်းမှာ လွန်ခဲ့သည့်တစ်ပတ်က ဆီဗီးလ်မြို့တွင် ခရိုအေးရှားအသင်းကို ၄-၁ ဂိုးဖြင့် အနိုင်ယူခဲ့သလို အောက်တိုဘာ ၃ ရက်ကလည်း ချက်အသင်းကို ၃-၁ ဂိုးဖြင့် ထပ်မံအနိုင်ရရှိခဲ့သည်။ သို့သော် အိုဗီယေဒိုမြို့၌ ကစားခဲ့သည့်ပွဲစဉ်၌မူ နိုင်ငံတကာ ရက်သတ္တပတ်အတွင်း ယှဉ်ပြိုင်ခဲ့သည့် ပွဲစဉ်သုံးပွဲအနက် ခြေစွမ်းပိုင်းအရ အားအနည်းဆုံး ပွဲစဉ်တစ်ပွဲဖြစ်ခဲ့သည်။
ဒယ်လာဖွန်တေးအနေဖြင့် နိုင်ငံတကာပွဲစဉ်များအတွင်း ၎င်း၏ကစားသမားများအတွက် အနားယူချိန် အလွန်နည်းပါးနေမှုကို အလေးအနက်ပြောကြားခဲ့ပြီးနောက် ခရိုအေးရှားအသင်းနှင့် ရင်ဆိုင်ခဲ့သည့် ပွဲစဉ်လူစာရင်းမှ ကစားသမား ကိုးဦးအထိ အပြောင်းအလဲလုပ်ခဲ့ပြီး အသင်းလူစာရင်းကို ဆက်လက် ပြောင်းလဲအသုံးပြုသွားမည်ဟု မျှော်လင့်ရသည်။
"ကျွန်တော်တို့ မက်ဒရစ်ကို မနက် ၃ နာရီမှာ ပြန်ရောက်မယ်။ ပြီးတော့ အောက်တိုဘာ ၄ ရက်မှာ လေ့ကျင့်ခန်းဆင်းဖို့ တစ်ရက်ပဲအချိန်ရမယ်။ အောက်တိုဘာ ၅ ရက်မှာ ခရီးထွက်ပြီး အောက်တိုဘာ ၆ ရက်မှာ ပွဲကစားရပါမယ်" ဟု ဒယ်လာဖွန်တေးက ဆိုသည်။ လွန်ခဲ့သည့် နှစ်ပတ်အတွင်း ဒဏ်ရာပြဿနာကြောင့် အသင်းလူစာရင်းမှ နုတ်ထွက်သွားသည့် ကစားသမားငါးဦးအထိ ရှိခဲ့သည်။
ကွင်းလယ်လူ ဖေဘီယန် ရုဇ်မှာလည်း ပထမဆုံးအကြိမ် ရင်သွေးလေး ရရှိခဲ့သည့် ပျော်ရွှင်စရာ အကြောင်းရင်းကြောင့် လွန်ခဲ့သည့် သီတင်းပတ်ကုန်၌ အသင်းလူစာရင်းမှ နုတ်ထွက်သွားခဲ့သည်။ ၎င်း ပါဝင်ခြင်းမရှိသဖြင့် မစ်ကယ် မယ်ရီနိုမှာ ပွဲထွက်လူစာရင်းတွင် ပြန်လည်ပါဝင်လာဖွယ်ရှိသည်။
စပိန်အသင်း၏ နေးရှင်းလိဂ်ပွဲစဉ် သုံးပွဲစလုံးတွင် ပွဲချိန်အစောပိုင်း၌ ဂိုးများသွင်းယူနိုင်ခဲ့ကာ အထူးခြေစွမ်းပြကစားနေသည့် လာမင်း ယမားလ်သည်လည်း ပွဲထွက်ကစားသမားအဖြစ် ပါဝင်လာဖွယ်ရှိသည်။ အဆိုပါ ဘာစီလိုနာ တိုက်စစ်ကစားသမားအား ချက်အသင်းနှင့် ပွဲစဉ်၌ ဒုတိယပိုင်းတွင် အနားပေးခဲ့ခြင်းကြောင့် အောက်တိုဘာ ၆ ရက် ပွဲစဉ်၌ ပိုမိုလန်းလန်းဆန်းဆန်း ရှိနေမည်ဖြစ်သည်။ (Xinhua)
..................................
(English Version)
Spain eyes UEFA Nations League quarterfinal berth against Croatia
MADRID, Oct. 5 (Xinhua) -- Spain could secure a place in the UEFA Nations League quarterfinals on Tuesday with a win over Croatia in Split.
Spain travels to Croatia after three consecutive wins in its opening group games. Another victory would give the world champions 12 points from four matches while leaving Croatia on three.
If England also wins or draws at home to the Czech Republic, neither Croatia nor the Czechs would be able to catch Spain, assuring Luis de la Fuente's side of a top-two finish with two games remaining, at home to England and away to the Czech Republic in November.
While Spain travels with a perfect record, Slaven Bilic's Croatia goes into the match looking to respond to arguably the most humiliating defeat in its history, a 7-0 home loss to England on Saturday.
"Against England, we didn't bring the necessary energy, which affects confidence; confidence affects technical performance, and in the end, it all looks like a question of willpower. Now we have to play a good match, a match for real men, against Spain," Bilic said, suggesting Spain could face a physical contest.
Spain beat Croatia 4-1 in Seville just a week ago and followed that with a 3-1 victory over the Czech Republic on Saturday, although its performance in Oviedo was arguably its least impressive of the three games so far during the international break.
De la Fuente made nine changes from the team that faced Croatia and is expected to continue rotating his squad, particularly after highlighting the limited recovery time available to his players during the international break.
"We will get back to Madrid at 3 a.m., then we have one day to train on Sunday, before traveling on Monday and playing on Tuesday," said De la Fuente, who has already seen five players leave his squad with injuries over the past two weeks.
Midfielder Fabian Ruiz also left the squad at the weekend for a happier reason, becoming a father for the first time. His absence could see Mikel Merino return to the starting lineup.
Lamine Yamal is expected to start after an outstanding run of form in which he has scored early goals in all three of Spain's Nations League matches. The Barcelona forward was substituted in the second half against the Czech Republic, leaving him fresher for Tuesday's game.
Photo caption 1: Lamine Yamal of Spain attends a press conference ahead of the semi-final match between France and Spain at the 2026 FIFA World Cup in Dallas, the United States, on July 13, 2026. (Xinhua/Hu Xingyu)
Photo caption 2: Rodri of Spain greets spectators after the group H match between Spain and Saudi Arabia at the 2026 FIFA World Cup at Atlanta Stadium in Atlanta, the United States, June 21, 2026. (Xinhua/Ju Huanzong)








