ဂျပန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြင်ပ၌ စုဝေး၍ ဂျပန်အစိုးရက အိုကီနာဝါ စီရင်စုအခြေစိုက် အမေရိကန်စစ်တပ် အဓမ္မပြုကျင့်မှုသတင်းအား ဖုံးကွယ်ထားမှုကို ဆန့်ကျင်ကန့်ကွက်နေသည့် ပြည်သူများအား ၂၀၂၄ ခုနှစ် ဇူလိုင် ၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
ဂျပန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြင်ပ၌ စုဝေး၍ ဂျပန်အစိုးရက အိုကီနာဝါ စီရင်စုအခြေစိုက် အမေရိကန်စစ်တပ် အဓမ္မပြုကျင့်မှုသတင်းအား ဖုံးကွယ်ထားမှုကို ဆန့်ကျင်ကန့်ကွက်နေသည့် ပြည်သူများအား ၂၀၂၄ ခုနှစ် ဇူလိုင် ၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တိုကျို၊ အောက်တိုဘာ ၇ ရက် (ဆင်ဟွာ)

ဂျပန်နိုင်ငံ အိုကီနာဝါစီရင်စု အခြေစိုက် အမေရိကန်စစ်တပ်၏ စစ်သားတစ်ဦးက လုယက်သတ်ဖြတ်မှုဖြင့် ဖမ်းဆီးခံရပြီးနောက် အိုကီနာဝါအခြေစိုက် အမေရိကန်စစ်တပ် ထိပ်တန်းတာဝန်ခံ၊ အိုကီနာဝါဒေသ ညှိနှိုင်းရေးမှူး Benjamin Watson သည်‌ အိုကီနာဝါအခြေစိုက် အမေရိကန်စစ်တပ်မှပုဂ္ဂိုလ်များအား အောက်တိုဘာ ၉ ရက်မှစ၍ ရက် ၃၀ ပြင်ပထွက်ခွင့် ကန့်သတ်ချက်ကို ဖော်ဆောင်မည်ဖြစ်ရာ နေ့စဉ် ၀ နာရီမှ နံနက် ၅ နာရီအတွင်း အပြင်ထွက်ခွင့်အား ကန့်သတ်လိုက်ကြောင်း အောက်တိုဘာ ၆ ရက်တွင် အမိန့်ချမှတ်လိုက်သည်ဟု ဂျပန် Kyodo News က ထိုနေ့တွင် သတင်းဖော်ပြခဲ့သည်။

အိုကီနာဝါအခြေစိုက် အမေရိကန်စစ်တပ်သည် အောက်တိုဘာ ၇ ရက် နေ့လယ်မှ ၉ ရက် နေ့လယ်အထိလည်း ပုံမှန်တာဝန်ထမ်းဆောင်မှုများကို ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း၊ ထိုကာလအတွင်း စစ်သားများသည် တာဝန်ထမ်းဆောင်ရခြင်း မဟုတ်သောကာလအတွင်း စခန်းပြင်ပ၌ လှုပ်ရှားသွားလာမှု၊ စခန်းပြင်ပ၌ အရက်သောက်စားခွင့် မပြုကြောင်း သတင်းတွင် ဖော်ပြထားသည်။

ဂျပန်နိုင်ငံ အိုကီနာဝါစီရင်စု ရဲတပ်ဖွဲ့သည် အောက်တိုဘာ ၄ ရက်တွင် အမေရိကန်စစ်သား Devin Ballard အား ဖမ်းဆီးလိုက်သည်။ Devin Ballard သည် ယခုနှစ်တွင် အသက် ၂၀ အရွယ်ရှိပြီး အမေရိကန်စစ်တပ် Futenma စခန်း၌ အခြေစိုက်သော အမေရိကန် မရိန်းတပ်ဖွဲ့ဝင်ဖြစ်သည်။ ၎င်းသည် ဒေသစံတော်ချိန် အောက်တိုဘာ ၃ ရက် နံနက်ပိုင်းတွင် အိုကီနာဝါစီရင်စု Naha မြို့ရှိ ဟိုတယ်တစ်ခုတွင် ဂျပန်အမျိုးသမီးတစ်ဦးအား သတ်ဖြတ်ပြီး သတ်ဖြတ်ခံရသူ၏ ပိုက်ဆံအိတ် စသည့်ပစ္စည်းများအား လုယူသွားခဲ့သည်ဟု သံသယဖြင့် စွပ်စွဲခံထားရသည်။

ဂျပန်နိုင်ငံအစိုးရက အောက်တိုဘာ ၄ ရက်တွင် ယင်းအမှုနှင့်စပ်လျဉ်း၍ အမေရိကန်ဘက်ထံ ပြင်းပြင်းထန်ထန် ဆန့်ကျင်ကန့်ကွက်ကြောင်း ပြောကြားခဲ့ပြီး အမေရိကန်ဘက်က စုံစမ်းစစ်ဆေးမှုကို အစွမ်းကုန် တွဲဖက်လုပ်ဆောင်ရန်၊ အလားတူပြစ်မှုများ ထပ်မံဖြစ်ပွားခြင်းအား ကာကွယ်ရန်အတွက် အစီအမံများ လုပ်ဆောင်ရန် တောင်းဆိုခဲ့သည်။

ကာလကြာရှည်စွာ ဂျပန်အခြေစိုက် အမေရိကန်စစ်တပ် ပြစ်မှုကျူးလွန်မှုများ မကြာခဏ ဖြစ်ပွားခဲ့ရာ ၎င်းအနက် အဓမ္မပြုကျင့်မှု၊ လူသတ်မှု၊ လုယက်မှု စသည့် ဆိုးရွားသော အမှုများပါဝင်သည်။ စာရင်းကောက်ယူမှုအရ ၂၀၂၅ ခုနှစ် တစ်နှစ်တည်းတွင်ပင် အိုကီနာဝါစီရင်စု ရဲတပ်ဖွဲ့က စီမံခဲ့ရသော ဂျပန်အခြေစိုက် အမေရိကန်စစ်တပ်နှင့် သက်ဆိုင်ရာပုဂ္ဂိုလ်များနှင့် စပ်လျဉ်းသော ရာဇဝတ်မှု ကျူးလွန်မှု ၁၀၀ ကျော်ရှိကြောင်း သိရသည်။ (Xinhua)

---------------------

(Chinese Version)

因士兵涉嫌抢劫杀人 驻冲绳美军实施外出限制

新华社东京10月6日电(记者梁晨 李子越)据日本共同社6日报道,在一名驻冲绳美军士兵因涉嫌抢劫杀人被捕后,驻冲绳美军最高负责人、冲绳地区协调官沃森6日下令,自9日起对所有驻冲绳美军人员实施为期30天的外出限制,每日零时至凌晨5时禁止外出。  

报道说,驻冲绳美军还将于7日中午至9日中午暂停日常勤务。在此期间,军人不得在非执勤时间到基地外活动,在基地内外均不得饮酒。  

日本冲绳县警方4日逮捕了美国士兵德文·巴拉德。巴拉德现年20岁,隶属驻扎在美军普天间基地的美国海军陆战队。他涉嫌于当地时间3日凌晨在冲绳县那霸市一家酒店杀害一名日本女性,并抢走被害人的钱包等物品。  

日本政府4日就此案向美方提出强烈抗议,要求美方全力配合调查,并采取措施防止此类案件再次发生。  

长期以来,驻日美军犯罪事件频发,其中不乏强奸、杀人、抢劫等恶性案件。统计显示,仅2025年,冲绳县警方处理的涉及驻日美军及相关人员的刑事犯罪案件就超过100起。(完)

图说:2024年7月2日,在日本东京,民众聚集在日本外务省外,抗议日本政府隐瞒冲绳美军性侵消息。新华社记者张笑宇摄