
လားဆ၊ အောက်တိုဘာ ၆ ရက် (ဆင်ဟွာ)
ပင်လယ်ရေမျက်နှာပြင်အထက် မီတာ ၅,၃၇၃ အမြင့်ရှိ တရုတ်နိုင်ငံ ရှီးဇန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆန်းနန်မြို့ ဖူမာကျန်းထန်ကျေးရွာစုတွင် နိုင်ငံတစ်ဝန်း ပင်လယ်ရေမျက်နှာပြင် အမြင့်ဆုံးနေရာ၌ တည်ရှိသော နယ်စပ်ရဲစခန်းဖြစ်သည့် ဖူမာကျန်းထန်နယ်စပ်ရဲစခန်း တည်ရှိသည်။ ဤနေရာတွင် လေထုအတွင်း အောက်ဆီဂျင်ပါဝင်မှုမှာ ပင်လယ်ရေမျက်နှာပြင်၏ ထက်ဝက်ပင် မပြည့်ဘဲ နှစ်စဉ်ပျမ်းမျှအပူချိန်မှာ အနုတ် ၇ ဒီဂရီစင်တီဂရိတ်ဖြစ်ကာ တစ်နှစ်ပတ်လုံးတွင် လေပြင်း နှင်းမုန်တိုင်းများ တိုက်ခတ်လျက်ရှိသဖြင့် လူများက “သက်ရှိများ ရှင်သန်ရန် မဖြစ်နိုင်သောနယ်မြေ” ဟု ခေါ်ဆိုကြသည်။
“ပင်ပန်းကြီးစွာ ဘဝကိုဖြုန်းတီးနေမည့်အစား လူငယ်ဘဝကို အားသွန်ခွန်စိုက် တောက်ပစွာ ကုန်ဆုံးစေမည်” ဆိုသည်မှာ ဖူမာကျန်းထန် နယ်စပ်ရဲစခန်း၏ “ရဲစခန်းဆောင်ပုဒ်” ဖြစ်သည်။ ရဲစခန်းတွင် ၈၀ ရာခိုင်နှုန်းကျော်သည် ရဲတပ်ဖွဲ့ဝင်များနှင့် အရန်ရဲတပ်ဖွဲ့ဝင်များဖြစ်ပြီး ပျမ်းမျှအသက်မှာ ၃၀ နှစ်စွန်းစွန်းသာ ရှိကာ အလွန်အေးခဲ၍ အောက်ဆီဂျင်နည်းပါးသော ကုန်းမြင့်တွင် လူငယ်များ၏ စိတ်အားထက်သန်မှုဖြင့် မပျက်မကွက် တာဝန်ထမ်းဆောင်လျက်ရှိကြသည်။
မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် လူငယ် ရဲတပ်ဖွဲ့ဝင်များနှင့် အရန်ရဲတပ်ဖွဲ့ဝင်များသည် ဖူမာကျန်းထန်ကျေးရွာစု၌ အဆက်မပြတ် အခြေချနေထိုင်ကာ နယ်စပ်ဒေသတွင် နယ်စပ်စောင့်ကြပ်ကင်းလှည့်မှုများ ဆောင်ရွက်ပြီး ဝန်ဆောင်မှုများကို ပြည်သူ့အိမ်တံခါးဝအထိ ပို့ဆောင်ပေးသည်။ ခက်ခဲကြမ်းတမ်းသော ပတ်ဝန်းကျင်က တောက်ပသော စုပေါင်းအဖွဲ့ကို လေ့ကျင့်ပျိုးထောင်ပေးခဲ့ပြီး ဖူမာကျန်းထန် နယ်စပ်ရဲစခန်းသည် ယခုနှစ်တွင် အဖွဲ့လိုက် မေ ၄ ရက် တရုတ်လူငယ်ဆုတံဆိပ်ကို ရရှိခဲ့သည်။
ဤ ကုန်းမြင့်ဒေသ နယ်ခြားစောင့်သူများသည် ကောင်းကင်နှင့် အနီးဆုံးသော နယ်စပ်ရဲစခန်းတွင် ဆီးနှင်းဖုံးလွှမ်းသော နယ်စပ်ဒေသကို စောင့်ကြပ်လျက် ကုန်းမြင့်ဒေသ၏ ငြိမ်းချမ်းရေးကို ကာကွယ်စောင့်ရှောက်လျက်ရှိကြသည်။ (Xinhua)
.......................................
(Chinese Version)
万里边疆行|海拔5373米!用青春热血扎根雪域边关
新华社照片,拉萨,2026年10月6日
在海拔5373米的西藏山南市普玛江塘乡,坐落着全国驻地海拔最高的边境派出所——普玛江塘边境派出所。这里空气含氧量不足海平面的一半,年均气温零下7摄氏度,常年风雪呼啸,被人们称作“生命禁区”。
“与其苦熬浪费生命,不如苦干燃烧青春”,是普玛江塘边境派出所的“所训”。派出所里八成以上是青年民辅警,平均年龄30岁出头,在极寒缺氧的高原凭青春热血坚守岗位。
一代代年轻民辅警接续扎根普玛江塘乡,在边境地区守边巡逻,把服务送到群众家门口。艰苦的环境磨砺出闪光的集体,普玛江塘边境派出所于今年荣获中国青年五四奖章集体。
这群高原守边人,在离天空最近的边境派出所,戍守雪域边关,守护高原安宁。
图说1:8月19日,普玛江塘边境派出所民警在岗布冰川附近巡逻。新华社记者 丁增尼达 摄
图说2:8月19日,普玛江塘边境派出所民警帮助群众的卡车脱困。新华社记者 丁增尼达 摄


836c2dd84a851032ab0bf805a1b369906ac1ac38.article_card.avif)





