တရုတ်နိုင်ငံ အန်းဟွေးပြည်နယ် ဟွမ်ဆန်းမြို့ ရှိုးနင်ခရိုင်ရှိ ချီယွင်တောင် ရှုခင်းသာဧရိယာ၌ ဝန်ထမ်းတစ်ဦးက ခရီးသွားဧည့်သည်အား ပြင်ပအရိုးငြမ်းစက်ရုပ် (exoskeleton robots) ဝတ်ဆင်နည်းကို လမ်းညွှန်ပြသနေသည်ကို ၂၀၂၆ ခုနှစ် အောက်တိုဘာ ၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံ အန်းဟွေးပြည်နယ် ဟွမ်ဆန်းမြို့ ရှိုးနင်ခရိုင်ရှိ ချီယွင်တောင် ရှုခင်းသာဧရိယာ၌ ဝန်ထမ်းတစ်ဦးက ခရီးသွားဧည့်သည်အား ပြင်ပအရိုးငြမ်းစက်ရုပ် (exoskeleton robots) ဝတ်ဆင်နည်းကို လမ်းညွှန်ပြသနေသည်ကို ၂၀၂၆ ခုနှစ် အောက်တိုဘာ ၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဟွမ်ဆန်း (အန်းဟွေး) ၊ အောက်တိုဘာ ၆ ရက် (ဆင်ဟွာ)

ချီယွင်တောင် ရှုခင်းသာဧရိယာသည် တရုတ်နိုင်ငံ အန်းဟွေးပြည်နယ် ဟွမ်ဆန်းမြို့ ရှိုးနင်ခရိုင်တွင် တည်ရှိသည်။ တရုတ်အမျိုးသားနေ့အားလပ်ရက်ကာလအတွင်း ခရီးသွားဧည့်သည်များ၏ သွားလာမှုနှင့် တွေ့ကြုံခံစားမှု လိုအပ်ချက်များကို ဖြည့်ဆည်းရန်အတွက် အဆိုပါ ရှုခင်းသာဧရိယာသည် ပြင်ပအရိုးငြမ်းစက်ရုပ်ဝတ်စုံများ (exoskeleton robots) ငှားရမ်းဝန်ဆောင်မှုကို ပံ့ပိုးပေးကာ ခရီးသွားဧည့်သည်များသည် ထိုစက်ရုပ်များ၏ အကူအညီဖြင့် တောင်တက်ခြင်းကို တွေ့ကြုံခံစားနိုင်မည်ဖြစ်သည်။ ဤစက်ကိရိယာသည် အသုံးပြုရလွယ်ကူပြီး ဝတ်ဆင်ရာတွင် ပေါ့ပါးကာ အာရုံခံကိရိယာများမှတစ်ဆင့် လူခန္ဓာကိုယ်၏ လှုပ်ရှားမှုရည်ရွယ်ချက်ကို သိရှိနိုင်သဖြင့် တောင်တက်သည့်အခါ အပေါ်ဘက်သို့ တွန်းအားပေးကူညီပေးခြင်းနှင့် တောင်ဆင်းသည့်အခါ ကြားခံ အရှိန်လျှော့ပေးခြင်းတို့ ပြုလုပ်ပေးသည်။ ယင်းသည် ခရီးသွားဧည့်သည်များ၏ ခြေထောက်ပေါ်ရှိ ဝန်ကို ထိရောက်စွာ လျှော့ချပေးသဖြင့် တောင်တက်ခြင်းကို ပိုမိုလွယ်ကူစေသည်။

မကြာသေးသောနှစ်များတွင် ချီယွင်တောင်သို့ တောင်တက်လမ်းလျှောက်ရန် လာသည့် ခရီးသွားဧည့်သည်များ ပိုမိုများပြားလာကာ ခရီးသွားဧည့်သည်များသည် ထိရောက်၍ ကူညီမှုပေးသော စက်ကိရိယာများအပေါ် လိုအပ်ချက်မှာလည်း တိုးမြှင့်လာကြောင်း၊ ထိုရှုခင်းသာဧရိယာသည် လက်ရှိတွင် ပြင်ပအရိုးငြမ်းစက်ရုပ် (exoskeleton robots) ၂၀ ကျော်ကို ပံ့ပိုးပေးနိုင်ပြီး နည်းပညာဖြင့် စွမ်းဆောင်ရည်မြှင့်တင်ပေးကာ ခရီးသွားဧည့်သည်များအတွက် တောင်တက်ခြင်းအတွေ့အကြုံအသစ်များ ယူဆောင်ပေးကြောင်း ရှုခင်းသာဧရိယာမှ ဝန်ထမ်းများ၏ မိတ်ဆက်ချက်အရ သိရသည်။ (Xinhua)

…………………………

(Chinese Version)

外骨骼助力登山 科技赋能文旅

新华社照片,黄山(安徽),2026年10月5日

齐云山景区位于安徽省黄山市休宁县,国庆假期期间,为满足游客们的出行和体验需求,该景区提供外骨骼机器人租赁服务,游客可以体验外骨骼机器人辅助登山。该设备操作方便、穿戴轻巧,可以通过传感器感知人体运动意图,上坡时提供向上助力,下坡时提供缓冲,有效减轻游客腿部负担,让登山更轻松。

据景区工作人员介绍,近年来,来齐云山登山徒步的游客越来越多,游客对高效助力设备的需求不断增加。景区目前可提供20余台外骨骼机器人,通过科技赋能,为游客带来登山新体验。

图说1:10月2日,在齐云山景区,工作人员指导游客穿戴外骨骼机器人。 新华社发(施亚磊摄)

图说2:10月2日,游客穿戴外骨骼机器人在齐云山景区登山。新华社发(施亚磊摄)