
ဟိုင်ခို၊ အောက်တိုဘာ ၆ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ၏ တောင်ဘက်စွန်းပြည်နယ်ဖြစ်သော ဟိုင်နန်တွင် ကမ်းခြေများနှင့် အုန်းပင်များသာမက အခြားစိတ်ဝင်စားဖွယ်ရာ အများအပြားရှိပေသည်။
ဟိုင်နန် လွတ်လပ်သောကုန်သွယ်မှုဆိပ်ကမ်း (FTP) တွင် ကျွန်းတစ်ခွင် အထူးအကောက်ခွန်လုပ်ငန်းစဉ်များ စတင်ကျင့်သုံးပြီးနောက် ပထမဆုံးကျင်းပသည့် အမျိုးသားနေ့ အားလပ်ရက်ကာလအတွင်း အပူပိုင်းဒေသကျွန်းဖြစ်သော ဟိုင်နန်သည် ပြည်တွင်းနှင့် ပြည်ပမှ လာရောက်လည်ပတ်သူများအား အခွန်ကင်းလွတ်ဈေးဝယ်ခြင်း၊ ဒေသထွက်အစားအစာများ မြည်းစမ်းခြင်းမှသည် သမိုင်းဝင်ရပ်ကွက်များနှင့် တံငါသည်အသိုင်းအဝိုင်းများ၏ ထူးခြားသည့် လူနေမှုပုံစံများအထိ မတူကွဲပြားသော အတွေ့အကြုံများ ခံစားရရှိစေသည်။
ပင်လယ်ကမ်းခြေ အပန်းဖြေမြို့တော် ဆန်းရတွင် အားလပ်ရက်ကာလအတွင်း ဆန်းရ နိုင်ငံတကာ အကောက်ခွန်လွတ်ဈေးဝယ်နေရာသို့ ခရီးသွားဧည့်သည် အများအပြား လာရောက်လျက်ရှိသည်။ ကျယ်ဝန်းသော အဆိုပါ ဈေးဝယ်စင်တာတွင် နိုင်ငံတကာအမှတ်တံဆိပ်များစွာကို ရွေးချယ်ဝယ်ယူနိုင်သည့်အပြင် ဆွဲဆောင်မှုရှိသော အခွန်ကင်းလွတ်ဈေးနှုန်းများနှင့် အဆင်ပြေချောမွေ့သော ပစ္စည်းထုတ်ယူဝန်ဆောင်မှုများကိုလည်း စီစဉ်ထားကြောင်း သိရသည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
https://english.news.cn/20261005/b8a54b0515624d8e82947e45b3806fe4/c.html
……………………
(English Version)
China's island province Hainan offers diverse tourism experiences to holidaymakers
HAIKOU, Oct. 5 (Xinhua) -- China's southernmost province of Hainan has more to offer than beaches and coconut trees.
During the first National Day holiday since the launch of the island-wide special customs operations at Hainan Free Trade Port (FTP), the tropical island has offered visitors from home and abroad a diverse range of experiences -- from duty-free shopping and local food to historic neighborhoods and the distinctive lifestyle of fishing communities.
In the seaside resort city of Sanya, the Sanya International Duty-Free Shopping Complex has drawn a steady stream of visitors during the holiday. The sprawling mall offers a wide selection of international brands, attractive duty-free prices and convenient pickup services.
https://english.news.cn/20261005/b8a54b0515624d8e82947e45b3806fe4/c.html
Photo caption 1: A drone photo shows cruises sailing near the Phoenix Island in Sanya, south China's Hainan Province, Oct. 3, 2026. (Xinhua/Zhao Yingquan)
Photo caption 2: Visitors shop at Sanya International Duty-Free Shopping Complex in Sanya, south China's Hainan Province, Oct. 2, 2026. (Xinhua/Guo Cheng)



836c2dd84a851032ab0bf805a1b369906ac1ac38.article_card.avif)




