
အစ္စလာမ်မာဘတ်၊ အောက်တိုဘာ ၆ ရက် (ဆင်ဟွာ)
ပါကစ္စတန်နိုင်ငံ၏ ငါးနှင့်ပင်လယ်စာတင်ပို့မှုသည် ၂၀၂၆-၂၇ ဘဏ္ဍာနှစ် ပထမသုံးလပတ်တွင် ယမန်နှစ် ကာလတူထက် ၇၄.၄ ရာခိုင်နှုန်းမြင့်တက်ကာ အမေရိကန်ဒေါ်လာ ၁၂၅.၄ သန်းရှိခဲ့ကြောင်း ရေကြောင်းရေးရာဝန်ကြီးဌာန အဆိုအရ သိရသည်။
ပို့ကုန်ပမာဏသည်လည်း ၇၄.၈ ရာခိုင်နှုန်း မြင့်တက်ခဲ့ရာ ယမန်နှစ်ကာလတူက မက်ထရစ်တန် ၃၅,၂၉၄ ရှိခဲ့ရာမှ ယခုနှစ်တွင် မက်ထရစ်တန် ၆၁,၆၇၉ အထိ ရောက်ရှိခဲ့သည်။
ဖက်ဒရယ်ရေကြောင်းရေးရာဝန်ကြီး Muhammad Junaid Anwar Chaudhry က အဆိုပါတိုးတက်မှုသည် ရေထွက်ပစ္စည်းကဏ္ဍ၏ စီးပွားရေးအလားအလာ ပိုမိုကျယ်ပြန့်လာခြင်းကြောင့်ဖြစ်ပြီး ပါကစ္စတန်နိုင်ငံ၏ပင်လယ်ပြာစီးပွားရေးကို အားကောင်းလာစေရန် အစိုးရက လုပ်ဆောင်လျက်ရှိကြောင်း မှတ်ချက်ပြုပြောကြားခဲ့သည်။
"အမေရိကန်နိုင်ငံသို့ ပုစွန်တင်ပို့မှု ပြန်လည်စတင်နိုင်ရန် လတ်တလောလုပ်ဆောင်ချက်များနှင့်အတူ ပါကစ္စတန်၏ သီးသန့်စီးပွားရေးဇုန်အတွင်း ငါးဖမ်းလိုင်စင်စနစ်ပြန်လည်စတင်လိုက်ခြင်းသည် ပါကစ္စတန်၏ အဏ္ဏဝါငါးလုပ်ငန်းအရင်းအမြစ်များကို ရေရှည်တည်တံ့စွာအသုံးချရာ၌ အထောက်အကူဖြစ်စေမည်"ဟု Chaudhry က ပြောကြားခဲ့သည်။ (Xinhua)
…………….
(English Version)
Pakistan's fish, seafood exports rise 74.4 pct in Q1
ISLAMABAD, Oct. 5 (Xinhua) -- Pakistan's fish and seafood exports rose 74.4 percent year on year to 125.4 million U.S. dollars in the first quarter of fiscal year 2026-27, according to the Ministry of Maritime Affairs.
Export volumes saw a parallel jump of 74.8 percent, reaching 61,679 metric tons compared to 35,294 metric tons during the same period last year.
Federal Minister for Maritime Affairs Muhammad Junaid Anwar Chaudhry attributed the growth to the sector's expanding economic potential, noting that the government is working to strengthen Pakistan's blue economy.
"Recent initiatives to resume shrimp exports to the United States, along with the revival of the fishing licensing regime in Pakistan's exclusive economic zone, would help promote the sustainable utilization of Pakistan's marine fisheries resources," Chaudhry said.
Photo caption: Fishermen carry fish at a fish market in southwest Pakistan's Gwadar on Sept. 19, 2024. (Xinhua/Ahmad Kamal)








