
ပေကျင်း၊ အောက်တိုဘာ ၃ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်းရှိ ဟေးလုံကျန်းပြည်နယ် မြို့တော် ဟားအယ်ပင်းမြို့တွင် နေထိုင်သူ ကျန်းရှင်းထုန် အတွက်မူ ယခုနှစ် အမျိုးသားနေ့အားလပ်ရက်သည် အိမ်မှာပင် အေးအေးဆေးဆေး အနားယူရန် စီစဉ်ထားခဲ့သည်။ သို့သော်ငြားလည်း မကြာသေးမီက ဖွင့်လှစ်လိုက်သည့် မြန်နှုန်းမြင့်ရထားလိုင်းသစ်ကြောင့် ၎င်းအနေဖြင့် ဟေးလုံကျန်းပြည်နယ်အတွင်းရှိ ရီးချွမ်းမြို့သို့ ခရီးထွက်ရန် စိတ်ကူးအကြံဉာဏ်ရခဲ့သည်။
ရီးချွမ်းမြို့သည် နွေရာသီ အပန်းဖြေစရာနေရာနှင့် သစ်တောခရီးသွားလုပ်ငန်းအတွက် လူကြိုက်များသော နေရာတစ်ခုဖြစ်ပြီး စိမ်းလန်းစိုပြည်သော သစ်တောများနှင့် သန့်ရှင်းလတ်ဆတ်သော လေထုကို တွေ့ကြုံခံစားရန် စိတ်ကူးယဉ်ခဲ့သည်။
တရုတ်နိုင်ငံ၏ မြောက်ဘက်အကျဆုံး မြန်နှုန်းမြင့်ရထားလိုင်းဖြစ်သည့် အဆိုပါလမ်းကြောင်းသည် ဟားအယ်ပင်းမြို့နှင့် ရီးချွမ်းမြို့တို့ကို ချိတ်ဆက်ထားခြင်းဖြစ်ပြီး ၃၁၈ ကီလိုမီတာ ရှည်လျားသည်။ ထိုလမ်းကြောင်းကို စက်တင်ဘာ ၂၈ ရက်က တရားဝင် စတင်ပြေးဆွဲခဲ့ခြင်းဖြစ်ပြီး မြို့နှစ်မြို့အကြား ရထားခရီးစဉ် ကြာမြင့်ချိန်ကို ယခင် ၇ နာရီခန့်ရှိရာမှ ၂ နာရီခန့်အထိ လျှော့ချပေးခဲ့သည်။
“ထိုင်ခုံတိုင်း ပြည့်နေပြီးတော့ ခရီးသည်တစ်ချို့က ရထားထောင့်နေရာတွေမှာ ခေါက်ကုလားထိုင်၊ ခွေးခြေခုံလေးတွေနဲ့တောင် ထိုင်ခဲ့ကြတယ်” ဟု ကျန်းက အောက်တိုဘာ ၁ ရက်တွင် စီးနင်းခဲ့သည့် ရထားခရီးစဉ်နှင့်ပတ်သက်၍ ပြောကြားခဲ့သည်။ ထိုရထားပေါ်တွင် စီးပွားရေးကိစ္စဖြင့် ခရီးသွားလာသူများ၊ မိသားစုနှင့်အတူ မွေးရပ်ဇာတိမြို့သို့ ပြန်လာသူများအပြင် ခရီးသွားဧည့်သည်များအား ခရီးသွားအကြံပြုချက်များ မျှဝေပေးနေသည့် ရင်းနှီးဖော်ရွေသော ဒေသခံများလည်း ပါဝင်ခဲ့ကြကြောင်း သိရသည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
https://english.news.cn/20261003/f7f6e9d52ee848c0bd82d4bbf3491c0d/c.html
……………………
(English Version)
China Focus: New high-speed rail lines weave a denser network, boosting travel and regional growth
BEIJING, Oct. 2 (Xinhua) -- For Zhang Xintong, a resident of Harbin, capital city of northeast China's Heilongjiang Province, this National Day holiday was supposed to be a quiet break at home. But a newly opened high-speed rail line gave her the idea of a trip to Yichun, where she pictured herself in endless green forests and fresh air.
The new line, China's northernmost high-speed railway, links Harbin with Yichun, a popular summer retreat and forest tourism destination in the same province, along a 318-kilometer route. It officially entered service on Sept. 28, cutting railway travel time between the two cities from about seven hours to roughly two hours.
"Every seat was taken, and some passengers sat on folding chairs and stools in the corner," Zhang said of her Oct. 1 train journey. On board were business travelers, families returning to their hometowns, and friendly locals sharing travel tips with visitors.
https://english.news.cn/20261003/f7f6e9d52ee848c0bd82d4bbf3491c0d/c.html
Photo caption: A drone photo taken on Sept. 28, 2026 shows the first train of Harbin-Yichun high-speed railway running in Yichun, northeast China's Heilongjiang Province. (Xinhua/Wang Song)








