တရုတ်နိုင်ငံအရှေ့မြောက်ပိုင်း ဟေးလုံကျန်းပြည်နယ် ရီးချွမ်းမြို့ရှိ ဟားအယ်ပင်း-ရီးချွမ်း မြန်နှုန်းမြင့်ရထားလမ်းဘူတာသို့ လာရောက်လည်ပတ်ကြသူများကို ၂၀၂၆ ခုနှစ် စက်တင်ဘာ ၂၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံအရှေ့မြောက်ပိုင်း ဟေးလုံကျန်းပြည်နယ် ရီးချွမ်းမြို့ရှိ ဟားအယ်ပင်း-ရီးချွမ်း မြန်နှုန်းမြင့်ရထားလမ်းဘူတာသို့ လာရောက်လည်ပတ်ကြသူများကို ၂၀၂၆ ခုနှစ် စက်တင်ဘာ ၂၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ အောက်တိုဘာ ၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံတွင် အသစ်ဖွင့်လှစ်လိုက်သည့် မြန်နှုန်းမြင့်ရထားလမ်းပိုင်းများသည် အထူးသဖြင့် လက်ရှိ ရောက်ရှိနေသည့် အမျိုးသားနေ့အားလပ်ရက်ကဲ့သို့သော ရုံးပိတ်ရက်ရှည်ကာလများအတွင်း ခရီးသွားလုပ်ငန်းကိုပိုမိုတိုးတက်လာစေရန် အထောက်အကူပြုမည်ဟု စက်မှုလုပ်ငန်းကျွမ်းကျင်သူများနှင့် ဒေသဆိုင်ရာတာဝန်ရှိသူများက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည် မြောက်ပိုင်း၊ အနောက်မြောက်ပိုင်း၊ အလယ်ပိုင်းနှင့် အရှေ့မြောက်ပိုင်းဒေသများကို ဖြတ်သန်းဖောက်လုပ်ထားသည့် အဓိကမြန်နှုန်းမြင့်ရထားလမ်းပိုင်းလေးခုကို ပြေးဆွဲအသုံးပြုနိုင်ရန် စက်တင်ဘာ ၂၈ ရက်က ဖွင့်လှစ်ခဲ့ပြီး အဆိုပါရထားလမ်းပိုင်းများကြောင့် ခုနစ်ရက်ကြာမြင့်မည့် ရုံးပိတ်ရက်မတိုင်မီ ထင်ရှားကျော်ကြားသောလည်ပတ်စရာနေရာများသို့ ခရီးသွားဧည့်သည်များလာရောက်ရန် ဆွဲဆောင်နိုင်မည်ဟု မျှော်လင့်ရသည်။

အသစ်ဖွင့်လှစ်လိုက်သည့် ရထားလမ်းပိုင်းများသည် မြို့ကြီးများတွင်နေထိုင်သူများကို တရုတ်နိုင်ငံအလယ်ပိုင်း ဟဲပေပြည်နယ်ရှိ မြစ်ကျဉ်းသုံးသွယ်ရေကာတာမှသည် နိုင်ငံ၏အရှေ့မြောက်အစွန်ပိုင်းရှိ ရီးချွမ်းမြို့၏ စိမ်းစိုသော သစ်တောများအထိပါဝင်သည့် မတူကွဲပြားသောယဉ်ကျေးမှုနှင့် သဘာဝအလှအပခရီးသွားနေရာများဆီသို့ ပိုမိုနီးကပ်စွာဆက်သွယ်ပေးနိုင်တော့မည်ဖြစ်သည်။ (Xinhua)

သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်မှတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

https://english.news.cn/20261002/27e8082f17e0412b9c76af753b2c0da8/c.html

…………….

(English Version)

China's newly opened high-speed rail lines to boost holiday tourism

BEIJING, Oct. 2 (Xinhua) -- China's newly opened high-speed railway sections are expected to boost tourism, especially during holidays such as the ongoing National Day holiday, industry experts and local officials said.

On Monday, China opened four major high-speed railway sections to traffic, spanning northern, northwestern, central and northeastern China, which are expected to draw more tourists to iconic attractions just ahead of the seven-day holiday.

The new lines will bring residents of major cities closer to diverse cultural and natural destinations, from the Three Gorges Dam in central China's Hubei Province to the emerald forests of Yichun in the country's far northeast.

Photo caption: People visit the Yichunxi Railway Station of the Harbin-Yichun high-speed railway in Yichun, northeast China's Heilongjiang Province, Sept. 28, 2026. (Xinhua/Zhang Tao)

https://english.news.cn/20261002/27e8082f17e0412b9c76af753b2c0da8/c.html