တရုတ်နိုင်ငံ ထျန်းကျင်ဘူတာရုံတွင် စွန်းရိရွှမ်းက ခရီးသွားဧည့်သည်များ၏ မေးမြန်းမှုအား ပြန်လည်ဖြေကြားပေးနေသည်ကို ၂၀၂၆ ခုနှစ် အောက်တိုဘာ ၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံ ထျန်းကျင်ဘူတာရုံတွင် စွန်းရိရွှမ်းက ခရီးသွားဧည့်သည်များ၏ မေးမြန်းမှုအား ပြန်လည်ဖြေကြားပေးနေသည်ကို ၂၀၂၆ ခုနှစ် အောက်တိုဘာ ၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ထျန်းကျင်း၊ အောက်တိုဘာ ၃ ရက် (ဆင်ဟွာ)

၂၀၁၃ ခုနှစ်တွင် စွန်းရိရွှမ်းသည် တရုတ်နိုင်ငံ ထျန်းကျင်းဘူတာရုံ၏ “မြန်နှုန်းမြင့်ရထား နှင်းဆီ ၃၆၅ ဝန်ဆောင်မှုအဖွဲ့” တွင် ဝင်ရောက်ခဲ့သည်။ ထိုအချိန်မှစ၍ ခရီးသွားလာမှု အများဆုံးဖြစ်သည့် ပွဲတော် အားလပ်ရက်များတွင် ၎င်းသည် မိမိအလုပ်နေရာတွင် မပျက်မကွက် တာဝန်ထမ်းဆောင်ပြီး ခရီးသွားပြည်သူများ၏ ခရီးသွားလာမှုကို စောင့်ရှောက်ပေးခဲ့သည်။

ယခုနှစ် အမျိုးသားနေ့ အားလပ်ရက်တွင် စွန်းရိရွှမ်းသည် အဖွဲ့၏ အဓိက အဖွဲ့ဝင်အဖြစ် ဘူတာရုံ တစ်ခုလုံးနီးပါးကို လှည့်လည်တာဝန်ထမ်းဆောင်ခဲ့သည်။ ဝင်ပေါက် စစ်ဆေးရေးနေရာတွင် စောင့်ကြည့်ခြင်း၊ ရထားစီး ပလက်ဖောင်းကို ကြည့်ရှုခြင်း၊ ခရီးသည်စောင့်ဆိုင်းခန်း လှည့်လည်ကြည့်ရှုခြင်း စသည့် တာဝန်နေရာအသီးသီးအကြား အဆက်မပြတ် သွားလာလှုပ်ရှားလုပ်ကိုင်ခဲ့ရသည်။ “ဒီရက်ပိုင်းမှာ ခရီးသည် အသွားအလာ သိသိသာသာ တိုးလာသလို ထပ်တိုး ပြေးဆွဲတဲ့ ရထားတွေလည်း များပြားလာတာကြောင့် လုပ်ငန်းခွင် အရှိန်အဟုန်မှာ ပုံမှန်ထက် ပိုမိုဖိအားများတယ်” ဟု စွန်းရိရွှမ်းက ပြောကြားခဲ့သည်။

၁၃ နှစ်ကြာ လုပ်ကိုင်ခဲ့သည့်ကာလတစ်လျှောက်တွင် စွန်းရိရွှမ်းသည် နိုင်ငံအဆင့် မီးရထားနည်းပညာဆိုင်ရာ ကျွမ်းကျင်သူနှင့် ထျန်းကျင်းမြို့ စံပြအလုပ်သမားအဖြစ် တိုးတက်လာခဲ့ပြီး ခရီးသည်များနှင့် သက်ဆိုင်သည့် အရေးပေါ်ဖြစ်ရပ်ပေါင်း တစ်ရာကျော်ကို ကိုင်တွယ်ဖြေရှင်းပေးခဲ့သလို အထူး စောင့်ရှောက်မှု လိုအပ်သော ခရီးသည်အကြိမ်ရေ ၂,၀၀၀ ကျော်ကိုလည်း ကူညီပံ့ပိုးပေးခဲ့သည်။ (Xinhua)

………………………..

(Chinese Version)

节日我在岗的“客运玫瑰”

新华社照片,天津,2026年10月2日

2013年,孙艺璇加入天津站“高铁玫瑰365服务组”。自此,每逢节假日客流高峰,她都会坚守岗位,守护旅客出行路。

今年国庆假期,孙艺璇作为班组骨干,工作几乎贯穿整个站区——盯检票口、看站台、巡候车室,一直在各点位间穿梭,“这几天客流明显增多,加开的列车也多,工作节奏比平时更紧张。”孙艺璇说。

工作13年来,孙艺璇成长为全国铁路技术能手、天津市劳动模范,累计处置旅客突发应急事件上百起,帮扶重点旅客超2000人次。

图说1:10月2日,孙艺璇在给旅客解答问题。 新华社记者 李然 摄

图说2:10月2日,孙艺璇在候车厅服务旅客。新华社记者 李然 摄