ဝါရှင်တန်၊ အောက်တိုဘာ ၃ ရက် (ဆင်ဟွာ)

ကာရေဘီယံပင်လယ်ပြင်တွင် စက်တင်ဘာလအစောပိုင်းက ကျူးဘားနိုင်ငံသို့ “တရားမဝင် သယ်ယူပို့ဆောင်နေသည်” ဟု အမေရိကန်ဘက်က စွပ်စွဲထားသော လောင်စာဆီတင်ဆောင်လာသည့် ကုန်တင်သင်္ဘောတစ်စင်းကို ဟန့်တားထိန်းချုပ်ခဲ့ကြောင်း အမေရိကန်ကမ်းခြေစောင့်တပ်က အောက်တိုဘာ ၂ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။

ကမ်းခြေစောင့်တပ်က အဆိုပါကုန်တင်သင်္ဘောပေါ်သို့ တက်ရောက်စစ်ဆေးခဲ့ပြီးနောက် ယင်းသင်္ဘောအား မက္ကဆီကိုနိုင်ငံ ယူကာတန်ကျွန်းဆွယ်မြောက်ပိုင်းရှိ ပရိုဂရက်ဆိုဆိပ်ကမ်းသို့ စောင့်ကြပ်ပို့ဆောင်ခဲ့ကြောင်း သိရသည်။ “ယင်းသင်္ဘော၏ ဝန်ချိန်ညှိသင်္ဘောဝမ်းဗိုက်အတွင်း၌ လောင်စာဆီ ပမာဏအမြောက်အမြား ပါရှိကြောင်း” မက္ကဆီကို ရေတပ်က အတည်ပြုခဲ့သည်။ ထို့အပြင် အမေရိကန်ဘက်က “တရားမဝင်လောင်စာဆီများ” ဟု ယူဆထားသော ပစ္စည်းများပါရှိသည့် ကွန်တိန်နာအချို့ကိုလည်း သင်္ဘောပေါ်တွင် တင်ဆောင်ထားကြောင်း သိရသည်။

အမေရိကန်ကမ်းခြေစောင့်တပ်အနေဖြင့် ကျူးဘားနိုင်ငံသို့ “တရားမဝင်လောင်စာဆီများ” တင်ဆောင်ပေးနေသည်ဟု ယူဆရသည့် အခြားကုန်တင်သင်္ဘောတစ်စင်းကိုလည်း ယခုနှစ် နွေဦးရာသီအစောပိုင်းက သင်္ဘောပေါ်တက်ရောက်၍ ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အမေရိကန်အစိုးရအနေဖြင့် ကျူးဘားနိုင်ငံအပေါ် လောင်စာဆီပိတ်ဆို့မှုကို အတင်းအကျပ်ကျင့်သုံးဆောင်ရွက်ရန်အတွက် စစ်ရေးအင်အားကို အသုံးပြုနေပြီဖြစ်ကြောင်း အဆိုပါလုပ်ရပ်များက ပြသနေသည်ဟု အမေရိကန်၏ The New York Times သတင်းစာက ထောက်ပြခဲ့သည်။ ဤမူဝါဒသည် ကျူးဘားနိုင်ငံ၏ စီးပွားရေးကို ပြင်းထန်စွာ ထိခိုက်စေခဲ့ပြီး ဒေသခံပြည်သူများကိုလည်း ဆင်းရဲဒုက္ခများစွာနှင့် ရင်ဆိုင်ကြုံတွေ့စေခဲ့သည်။

အမေရိကန်နိုင်ငံသည် ကျူးဘားနိုင်ငံအပေါ် စီးပွားရေး၊ ငွေကြေးဆိုင်ရာ ပိတ်ဆို့မှုများနှင့် ကုန်သွယ်ရေးပိတ်ပင်တားဆီးမှုများကို ရေရှည်လုပ်ဆောင်လျက်ရှိသည်။ ယခုနှစ်အတွင်း ဗင်နီဇွဲလားနှင့် အီရန်နိုင်ငံတို့အပေါ် စစ်ရေးအရ အရေးယူဆောင်ရွက်မှုများ ဆက်တိုက် ပြုလုပ်ခဲ့ပြီးနောက် အမေရိကန်ဘက်က ကျူးဘားနိုင်ငံအပေါ် ထပ်မံခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့ကာ ကျူးဘားအပေါ် ဖိအားပေးမှုကို ပိုမိုတိုးမြှင့်လျက် ရေနံပိတ်ဆို့မှုများ ပြုလုပ်ခြင်းနှင့် ကျူးဘားအပေါ် ပိတ်ဆို့အရေးယူမှုများကို တိုးချဲ့ဆောင်ရွက်လျက်ရှိသည်။

အမေရိကန်နိုင်ငံက ကျူးဘားနိုင်ငံအပေါ် ကျင့်သုံးနေသော ကုန်သွယ်ရေးပိတ်ပင်တားဆီးမှုကြောင့် “စံချိန်တင်” စီးပွားရေးဆုံးရှုံးမှုများကို ဖြစ်ပေါ်စေခဲ့ပြီး ကျူးဘားနိုင်ငံရှိ ဆင်းရဲနွမ်းပါးသော မိသားစုများ၏ လက်တွေ့ဝင်ငွေ ကျဆင်းခြင်းနှင့် လူနေမှုစရိတ် မြင့်တက်လာခြင်းတို့ကို ပိုမိုဆိုးရွားစေခဲ့ကြောင်း ကျူးဘားနိုင်ငံခြားရေးဝန်ကြီး ရိုဒရီဂတ်စ်က စက်တင်ဘာ ၇ ရက်တွင် ပြောကြားခဲ့သည်။ ထို့အပြင် စွမ်းအင်ထောက်ပံ့မှု ကန့်သတ်ချက်များနှင့် ရေကြောင်းပို့ဆောင်ရေးကုမ္ပဏီများအပေါ် ခြိမ်းခြောက်မှုများကလည်း ရေနှင့်လျှပ်စစ်ဓတ်အား ထောက်ပံ့မှုများနှင့် အခြားသော အများပြည်သူဆိုင်ရာ ဝန်ဆောင်မှုများကိုလည်း ထိခိုက်ပျက်စီးစေခဲ့ကြောင်း သိရသည်။ (Xinhua)

------------------------------------------

(Chinese Version)

美海岸警卫队称拦截一艘向古巴运送燃料的货轮

新华社华盛顿10月2日电(记者黄强 徐剑梅)美国海岸警卫队2日发布消息说,9月初在加勒比海拦截了一艘美方指称正向古巴“非法运输”燃料的货轮。

消息说,海岸警卫队登上这艘货轮进行检查,随后将该船押送至墨西哥尤卡坦半岛北部的普罗格雷索港。墨西哥海军确认“该船的压载舱内装有大量燃料”。此外,船上还载有若干个据信装有美方所指“非法燃料”的集装箱。

消息还说,美国海岸警卫队今年夏初登船并扣押了另一艘被认为正向古巴运送“非法燃料”的货船。

美国《纽约时报》指出,这些举措表明,美政府正在动用军事力量来强制执行对古巴的燃料封锁。这一政策已严重影响古巴的经济并导致当地居民饱受苦难。

美国长期对古巴实施经济、金融封锁和贸易禁运。继今年相继对委内瑞拉、伊朗发起军事行动后,美方又对古巴发出威胁,并进一步加大对古巴施压,实行石油封锁,扩大对古制裁。

古巴外长罗德里格斯9月7日表示,美国对古巴实施的贸易禁运已造成“创纪录”的经济损失,并加剧了古巴贫困家庭实际收入的下降和生活成本的上升。此外,能源供应的限制和对航运公司的威胁也破坏了水电供应及其他公共服务。