ယီမင် ဟူသီလက်နက်ကိုင်အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ Yahya Sarea က ဆန်နားမြို့တွင် ကြေညာချက်ထုတ်ပြန်နေသည်ကို ၂၀၂၄ ခုနှစ် ဧပြီ ၂၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
ယီမင် ဟူသီလက်နက်ကိုင်အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ Yahya Sarea က ဆန်နားမြို့တွင် ကြေညာချက်ထုတ်ပြန်နေသည်ကို ၂၀၂၄ ခုနှစ် ဧပြီ ၂၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကူဝိတ်စီးတီး၊ အောက်တိုဘာ ၂ ရက် (ဆင်ဟွာ)

ယီမင်နိုင်ငံ အနောက်တောင်ပိုင်း Taiz ပြည်နယ်ရှိ ရှေ့တန်းစစ်မျက်နှာများစွာတွင် တိုက်ပွဲများ အရှိန်မြင့်လာကြောင်း ယီမင်သမ္မတနိုင်ငံ ရုပ်မြင်သံကြားဌာန၏ အောက်တိုဘာ ၁ ရက် သတင်းဖော်ပြချက်အရ သိရသည်။ အစိုးရစစ်တပ်သည် ယင်းနေ့တွင် Taiz ပြည်နယ် တောင်ပိုင်းဒေသများ၌ ဟူသီလက်နက်ကိုင်အဖွဲ့နှင့် တိုက်ပွဲပြင်းထန်ခဲ့ရာ ဟူသီလက်နက်ကိုင်အဖွဲ့ဝင် ၃၀ ဦး သေဆုံးပြီး ၅၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အစိုးရစစ်တပ်၏ ကြေညာချက်ကို ကိုးကား၍ သတင်းဖော်ပြချက်အရ သိရသည်။

ယီမင်အစိုးရစစ်တပ်၏ အခြားသတင်းဖော်ပြချက်အရ အောက်တိုဘာ ၁ ရက် နံနက်ပိုင်းမှစတင်၍ Taiz ပြည်နယ် ရှေ့တန်းစစ်မျက်နှာ နေရာ ၅ ခုတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားခဲ့ပြီး အစိုးရစစ်တပ်နှင့် ဟူသီလက်နက်ကိုင်အဖွဲ့ နှစ်ဖက်စလုံးတွင် ထိခိုက်သေဆုံးမှု ကြီးမားခဲ့ကြောင်း သိရသည်။

အဆိုပါနေ့ တိုက်ပွဲသည် နံနက်ပိုင်းမှ စတင်ခဲ့ပြီး နှစ်ဖက်စလုံးမှ အမြောက်များဖြင့် အပြင်းအထန် အပြန်အလှန် ပစ်ခတ်ခဲ့ကြသည့်အပြင် မောင်းသူမဲ့လေယာဉ်များဖြင့်လည်း တိုက်ခိုက်ခဲ့ကြကြောင်း အမည်မဖော်လိုသူ စစ်ရေးသတင်းရင်းမြစ်တစ်ခုက ပြောကြားခဲ့သည်။ အောက်တိုဘာ ၁ ရက် မွန်းလွဲပိုင်းအထိ တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေဆဲဖြစ်ကြောင်း၊ အစိုးရစစ်တပ်သည် မြေပြင်စစ်ဆင်ရေး အရှိန်အဟုန်ကို တိုးမြှင့်လုပ်ဆောင်ခဲ့ကြောင်း သိရသည်။ ထို့အပြင် ဆော်ဒီအာရေဗျ တိုက်လေယာဉ်များသည်လည်း ယင်းနေ့တွင် Taiz ပြည်နယ်အတွင်း ဟူသီလက်နက်ကိုင်များ ထိန်းချုပ်ထားသော တပ်စွဲရာနေရာများစွာကို လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။

လွန်ခဲ့သော ၂၄ နာရီအတွင်း ဆော်ဒီတိုက်လေယာဉ်များသည် ယီမင်နိုင်ငံ Taiz ၊ Saada နှင့် Al Jawf ပြည်နယ်တို့ကို လေကြောင်းတိုက်ခိုက်မှုနှင့် ဒုံးကျည်ဖြင့် တိုက်ခိုက်မှု ၄၇ ကြိမ် ပြုလုပ်ခဲ့ကြောင်း၊ တိုက်ခိုက်ခံရသည့် ပစ်မှတ်များတွင် ဆက်သွယ်ရေးကွန်ရက်များ စသည်တို့ ပါဝင်ကြောင်း ဟူသီလက်နက်ကိုင်အဖွဲ့ စစ်ဘက်ဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ Yahya Sarea က အောက်တိုဘာ ၁ ရက်တွင် လူမှုမီဒီယာပေါ်၌ ကြေညာချက် ထုတ်ပြန်ပြောကြားခဲ့သည်။

လတ်တလောကာလအတွင်း ဟူသီလက်နက်ကိုင်အဖွဲ့သည် အစိုးရစစ်တပ်အပေါ် ထိုးစစ်ဆင်မှုများကို တိုးမြှင့်လုပ်ဆောင်ခဲ့ပြီး ယီမင်အစိုးရအား ထောက်ခံသော ဆော်ဒီအာရေဗျနိုင်ငံအပေါ် ပင်လယ်ရေကြောင်း ကုန်သွယ်ရေး ပိတ်ဆို့မှု ပြုလုပ်ကြောင်း ကြေညာခဲ့သည်။ ဟူသီလက်နက်ကိုင်အဖွဲ့သည် ဆိပ်ကမ်းမြို့ဖြစ်သော Mocha ၊ Mayyun ကျွန်း စသည့် မဟာဗျူဟာမြောက် အချက်အချာကျသော နေရာများကို သိမ်းပိုက်ရရှိထားပြီး ဖြစ်သည်။ ဟူသီလက်နက်ကိုင်အဖွဲ့သည် နိုင်ငံ၏ အနောက်ဘက် ကမ်းရိုးတန်းတစ်ခုလုံးအား ထိန်းချုပ်လိုက်ပြီဖြစ်ပြီး တောင်ဘက်ရှိ Lahej ပြည်နယ်ဆီသို့ ဆက်လက်တိုးမြှင့် ထိုးစစ်ဆင်လျက်ရှိကြောင်း ယီမင်အစိုးရဘက်က စက်တင်ဘာ ၁၁ ရက်တွင် ပြောကြားခဲ့သည်။ (Xinhua)

------------------------------------------

(Chinese Version)

也门西南省份战事加剧 30名胡塞武装人员被打死

新华社科威特城10月1日电(记者尹炣)萨那消息:据也门共和国电视台1日报道称,也门西南部塔伊兹省多个战线战斗加剧。报道援引政府军声明说,政府军当天在塔伊兹省南部地区与胡塞武装激战,打死30名胡塞武装人员,打伤50人。

另据也门政府军消息,自1日清晨以来,塔伊兹省5条战线持续交战,政府军和胡塞武装均遭受重大人员伤亡。

一名不愿透露姓名的军方人士称,当天战事从清晨开始,双方进行猛烈炮击,并发动无人机攻击。截至1日下午战斗仍在持续。政府军加大地面军事行动力度。此外,沙特阿拉伯战机当天也对塔伊兹省受胡塞武装控制的多处阵地发动空袭。

胡塞武装军事发言人叶海亚·萨雷亚1日在社交媒体发布声明称,过去24小时内,沙特战机对也门塔伊兹、萨达和焦夫省发动47次空袭和导弹袭击,袭击目标包括通信网络等。

近期,胡塞武装加大对政府军攻势,并宣布对支持也门政府的沙特实施海上禁运。胡塞武装已攻占港口城市穆哈、丕林岛等战略要地。也门政府方面9月11日说,胡塞武装已控制该国整个西部海岸,并将攻势推进至南部拉赫季省。

图说  :2024 年4月27日,也门胡塞武装发言人叶海亚·萨雷亚在萨那发表声明。新华社发