အာဖဂန်နစ္စတန်နိုင်ငံ Kunar ပြည်နယ်တွင် လေကြောင်းတိုက်ခိုက်မှုအပြီး အပျက်အစီးများအား ကြည့်ရှုနေသူများကို ၂၀၂၆ ခုနှစ် အောက်တိုဘာ ၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
အာဖဂန်နစ္စတန်နိုင်ငံ Kunar ပြည်နယ်တွင် လေကြောင်းတိုက်ခိုက်မှုအပြီး အပျက်အစီးများအား ကြည့်ရှုနေသူများကို ၂၀၂၆ ခုနှစ် အောက်တိုဘာ ၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အစ္စလာမ်မာဘတ်/ကဘူးလ်၊ အောက်တိုဘာ ၂ ရက် (ဆင်ဟွာ)

ပါကစ္စတန်စစ်တပ်သည် အာဖဂန်နစ္စတန်နိုင်ငံ ပြည်တွင်းရှိ နေရာနှစ်ခုအား လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ခဲ့ကြောင်း ပါကစ္စတန်နိုင်ငံ ပြန်ကြားရေးနှင့် သတင်းထုတ်လွှင့်ရေးဝန်ကြီးဌာနက အောက်တိုဘာ ၁ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။ အာဖဂန်နစ္စတန်နိုင်ငံ အစိုးရ ပြောခွင့်ရပုဂ္ဂိုလ်က ပါကစ္စတန်နိုင်ငံသည် ထိုနေ့နံနက်ပိုင်းတွင် အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်း Kunar ပြည်နယ်အား လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ခဲ့ရာ လူ ၉ ဦးသေဆုံး၍ ၁၁ ဦး ဒဏ်ရာရရှိခဲ့သည်ဟု ထိုနေ့တွင်ပင် ပြောကြားခဲ့သည်။

ပါကစ္စတန်စစ်တပ်က အာဖဂန်နစ္စတန်နိုင်ငံ ပြည်တွင်းရှိ “အကြမ်းဖက်စခန်း” နှစ်နေရာအား ပစ်မှတ်တိကျသည့် လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ခဲ့ကြောင်း၊ ကနဦးအစီရင်ခံ တင်ပြမှုအရ လှုပ်ရှားမှုကြောင့် အကြမ်းဖက်သမား ၂၂ ဦး သေဆုံးခဲ့ပြီး လက်နက်နှင့် ကျည်ဆန်အများအပြားအား ဖျက်ဆီးခဲ့ကြောင်း ပါကစ္စတန်နိုင်ငံ ပြန်ကြားရေးနှင့် သတင်းထုတ်လွှင့်ရေးဝန်ကြီးဌာန၏ ကြေညာချက်တွင် ဖော်ပြထားသည်။

အာဖဂန်နစ္စတန်နိုင်ငံ အစိုးရ ပြောခွင့်ရပုဂ္ဂိုလ် Zabihullah Mujahid က ထိုနေ့တွင် လူမှုမီဒီယာ၌ ပို့စ်တင်၍ ပါကစ္စတန်ဘက်က Kunar ပြည်နယ်အား လေကြောင်းတိုက်ခိုက်မှုကြောင့် လူ ၉ ဦး သေဆုံး၍ ၁၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ “သေဆုံးသူများတွင် အမျိုးသမီးနှင့် ကလေးငယ်များပါဝင်” ကြောင်း၊ အာဖဂန်နစ္စတန် အစိုးရအနေဖြင့် ယင်းအပေါ် ပြစ်တင်ရှုတ်ချပြီး အဆိုပါလုပ်ရပ်သည် “ကျူးကျော်မှုနှင့် ပြစ်မှုကျူးလွန်ခြင်း” ဖြစ်သည်ဟု ယူဆကြောင်း ဆိုခဲ့သည်။

ထို့ပြင် အာဖဂန်နစ္စတန်နိုင်ငံ Helmand ပြည်နယ် အုပ်ချုပ်ရေးမှူး ပြောခွင့်ရပုဂ္ဂိုလ် Mohammad Qasim Riaz က ထိုနေ့နံနက်ပိုင်းတွင် အဆိုပါဒေသက ပါကစ္စတန်၏ လေကြောင်းတိုက်ခိုက်မှုခံခဲ့ရပြီး လူပုဂ္ဂိုလ် ထိခိုက်သေဆုံးမှု အခြေအနေကို အတည်မပြုရသေးကြောင်း ဒေသတွင်းမီဒီယာများကို အတည်ပြုပြောကြားခဲ့သည်။ (Xinhua)

အာဖဂန်နစ္စတန်နိုင်ငံ Kunar ပြည်နယ်တွင် လေကြောင်းတိုက်ခိုက်မှုအပြီး အပျက်အစီးများအား ကြည့်ရှုနေသူများကို ၂၀၂၆ ခုနှစ် အောက်တိုဘာ ၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
အာဖဂန်နစ္စတန်နိုင်ငံ Kunar ပြည်နယ်တွင် လေကြောင်းတိုက်ခိုက်မှုအပြီး အပျက်အစီးများအား ကြည့်ရှုနေသူများကို ၂၀၂၆ ခုနှစ် အောက်တိုဘာ ၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

---------------------

(Chinese Version)

巴基斯坦说空袭阿富汗两地 阿方表示已致9死

新华社伊斯兰堡/喀布尔10月1日电(记者杨恺 李昂)巴基斯坦新闻与广播部10月1日发表声明说,巴军方空袭阿富汗境内两个地点。阿富汗政府发言人当天说,巴方当天凌晨对阿东部库纳尔省的空袭已造成9人死亡、11人受伤。  

巴基斯坦新闻与广播部的声明说,巴军方对阿富汗境内两处“恐怖分子营地”实施精准空袭。初步报告显示,行动造成22名恐怖分子死亡,并摧毁大量武器和弹药。  

阿富汗政府发言人扎比乌拉·穆贾希德当天在社交媒体发文说,巴方对库纳尔省的空袭造成9人死亡、11人受伤,“死者中有妇女和儿童”。阿政府对此予以谴责,认为这种行为属于“侵略和犯罪”。  

此外,阿富汗赫尔曼德省省长发言人穆罕默德·卡西姆·里亚兹向当地媒体证实,当天凌晨该地区也遭到来自巴基斯坦的空袭,人员伤亡情况尚未确认。(完)

图说:10月1日,在阿富汗库纳尔省,人们查看空袭后的废墟。新华社发(卡扎菲·马勒摄)