
မကာအို၊ အောက်တိုဘာ ၁ ရက် (ဆင်ဟွာ)
စက်တင်ဘာ ၂၅ ရက်မှ ၂၇ ရက်အထိ ကျရောက်ခဲ့သော ဆောင်းဦးလယ်ပွဲတော် အားလပ်ရက်ကာလအတွင်း တရုတ်နိုင်ငံ မကာအိုသို့ လာရောက်လည်ပတ်သူဦးရေအနေဖြင့် ယခင်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၁၉.၅ ရာခိုင်နှုန်း မြင့်တက်လာပြီး ၄၁၅,၀၀၀ ဦးအထိ ရှိခဲ့ကာ စစ်ဆေးရေးဂိတ်များအားလုံးမှ ဖြတ်သန်းသွားလာသည့် နယ်စပ်ဖြတ်ကျော် ခရီးသည်အရေအတွက်မှာလည်း ၇.၃ ရာခိုင်နှုန်း မြင့်တက်လာကာ ၂.၁၀၁ သန်းအထိ ရှိခဲ့ကြောင်း ပြည်သူ့လုံခြုံရေးရဲတပ်ဖွဲ့ (CPSP) က ထုတ်ပြန်ခဲ့သည်။
တရုတ်ပြည်မကြီး၏ သုံးရက်ကြာ အဆိုပါအားလပ်ရက်ကာလအတွင်း နယ်စပ်ဖြတ်ကျော် ဖြတ်သန်းသွားလာမှုလုပ်ငန်းစဉ်များ ချောမွေ့စွာ ဆက်လက်လည်ပတ်ခဲ့ကြောင်း CPSP က ပြောကြားခဲ့သည်။ ဆောင်းဦးလယ်ပွဲတော်၏ နောက်တစ်ရက်ဖြစ်သော စက်တင်ဘာ ၂၆ ရက်တွင် မကာအိုသို့ လာရောက်လည်ပတ်သူဦးရေ ၁၇၁,၀၀၀ ဦး ရှိခဲ့ပြီး နယ်စပ်ဖြတ်ကျော် ဖြတ်သန်းသွားလာသူစုစုပေါင်း အရေအတွက်အားဖြင့် ၇၆၀,၀၀၀ ဦး ရှိခဲ့ကြောင်း သိရသည်။ (Xinhua)
.......................................................................
(English Version)
Macao's visitor arrivals up 19.5 pct during Mid-Autumn Festival holiday
MACAO, Sept. 30 (Xinhua) -- Macao's visitor arrivals rose 19.5 percent year-on-year to 415,000 from Sept. 25 to 27 during the Mid-Autumn Festival holiday, while the cross-border passenger throughput at all checkpoints increased 7.3 percent to 2.101 million, according to the Public Security Police Force (CPSP).
The CPSP said that clearance operations remained smooth during the Chinese mainland's three-day holiday. Macao registered 171,000 visitor arrivals and an overall cross-border throughput of 760,000 on Sept. 26, the day after the Mid-Autumn Festival. ■
Photo caption: Festive decorations are pictured at the Senado Square in Macao, south China, Feb. 7, 2026. (Xinhua/Cheong Kam Ka)








