တရုတ်နိုင်ငံ တောင်ပိုင်း မကာအိုအထူးအုပ်ချုပ်ခွင့်ရဒေသရှိ စိန့်ပေါလ်ဘုရားကျောင်းအပျက်အစီးများအနီး ခရီးသွားဧည့်သည်များကို ၂၀၂၅ ခုနှစ် မေ ၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံ တောင်ပိုင်း မကာအိုအထူးအုပ်ချုပ်ခွင့်ရဒေသရှိ စိန့်ပေါလ်ဘုရားကျောင်းအပျက်အစီးများအနီး ခရီးသွားဧည့်သည်များကို ၂၀၂၅ ခုနှစ် မေ ၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မကာအို၊ အောက်တိုဘာ ၁ ရက် (ဆင်ဟွာ)

တရုတ်ပြည်မကြီး၏ အောက်တိုဘာ ၁ ရက်မှ ၇ ရက်အထိ ကြာမြင့်မည့် ၇ ရက်ကြာ အမျိုးသားနေ့ အားလပ်ရက်ကာလအတွင်း မကာအိုနယ်စပ် စစ်ဆေးရေးဂိတ်များ၌ နယ်စပ်ဖြတ်ကျော် ခရီးသည်ခရီးစဉ် အကြိမ်ရေအနေဖြင့် ၅.၂ သန်းမှ ၅.၄ သန်းအထိ ရှိပြီး တစ်ရက်လျှင် ပျမ်းမျှ ခရီးသည်ဦးရေ ၇၄၀,၀၀၀ မှ ၇၇၀,၀၀၀ အထိ ရှိမည်ဟု ခန့်မှန်းထားကြောင်း ပြည်သူ့လုံခြုံရေးရဲတပ်ဖွဲ့ (CPSP) ၏ အဆိုအရ သိရသည်။

အောက်တိုဘာ ၃ ရက်နှင့် ၄ ရက်တို့တွင် ခရီးသည်အများဆုံး ဝင်/ထွက်မည်ဟု ခန့်မှန်းထားပြီး နေ့စဉ် ဝင်/ထွက်သွားလာသူ ခရီးသည်ဦးရေ ၈၀၀,၀၀၀ ကျော်လွန်နိုင်ခြေရှိသည်။

ခရီးသည်များ စုဝေးရာဖြစ်သော ရှုခင်းသာနေရာများတွင် လူအုပ်စုများအတွက် နိုင်နင်းစွာ စီမံပေးနိုင်ရန် အကောင်အထည်ဖော်သွားမည်ဖြစ်ကာ ခရီးသည်စီးဆင်းမှု ကြိုတင်ခန့်မှန်းခြင်းနှင့် အရေးပေါ်အခြေအနေဆိုင်ရာ စီမံချက်များ ရေးဆွဲခြင်းတို့ကို အထောက်အကူပြုနိုင်ရန်အတွက် ခရီးသည်များနှင့် ယာဉ်အသွားအလာဆိုင်ရာ အချက်အလက်များကိုလည်း ကျူးဟိုင်နှင့် ဟောင်ကောင်ထံ အချိန်နှင့်တစ်ပြေးညီ မျှဝေသွားမည်ဟု CPSP က ပြောကြားခဲ့ကြောင်း သိရသည်။ (Xinhua)

.......................................................................

(English Version)

Macao expects up to 5.4 mln border crossings over 7-day National Day holiday

MACAO, Sept. 30 (Xinhua) -- The cross-border passenger trips at all Macao border checkpoints are expected to hit 5.2 to 5.4 million during the Chinese mainland's seven-day National Day holiday from Oct. 1 to 7, with a daily average of 740,000 to 770,000, according to the Public Security Police Force (CPSP).

Peak passenger flows are expected on Oct. 3 and 4, when the daily throughput could exceed 800,000.

The CPSP said it will implement crowd control measures at scenic spots and share real-time passenger and vehicle data with Zhuhai and Hong Kong to support pre-emptive passenger flow forecasting and contingency planning. ■

Photo caption: Tourists are pictured near the Ruins of St. Paul's in south China's Macao, May 3, 2025. (Xinhua/Cheong Kam Ka)