တရုတ်နိုင်ငံ အရှေ့ပိုင်း ရှန်ဟိုင်းမြို့ရှိ ၎င်း၏စတူဒီယိုတွင် ဟမ်ဘာဂါ တစ်လုံးကို ပြင်ဆင်ဖန်တီးနေသော လီဟောက်ဟန်ကို ၂၀၂၆ ခုနှစ် စက်တင်ဘာ ၂၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံ အရှေ့ပိုင်း ရှန်ဟိုင်းမြို့ရှိ ၎င်း၏စတူဒီယိုတွင် ဟမ်ဘာဂါ တစ်လုံးကို ပြင်ဆင်ဖန်တီးနေသော လီဟောက်ဟန်ကို ၂၀၂၆ ခုနှစ် စက်တင်ဘာ ၂၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရှန်ဟိုင်း၊ စက်တင်ဘာ ၃၀ ရက် (ဆင်ဟွာ)

အရသာကို ဦးစားပေးသော စားဖိုမှူးများနှင့် မတူဘဲ အစားအစာဒီဇိုင်းအလှဆင်ပညာရှင်များသည် အစားအစာ၏ ဆွဲဆောင်မှုအရှိဆုံး အခိုက်အတန့်များကို ဖမ်းယူနိုင်ရန်အတွက် ပါဝင်ပစ္စည်းအမျိုးမျိုးကို စီမံကိုင်တွယ်ခြင်း၊ ပန်းကန်ပြားပေါ်တွင် အစားအစာများကို လှပသပ်ရပ်စွာ တည်ခင်းပြင်ဆင်ခြင်းနှင့် လိုချင်သည့် အမြင်အာရုံအလှအပဖန်တီးချက်များပေါ်လွင်လာစေရန် နည်းပညာကိရိယာများကို အသုံးပြုလေ့ရှိကြသည်။

လီဟောက်ဟန်သည် အစားအစာ ဒီဇိုင်းအလှဆင်ဖန်တီးခြင်း လုပ်ငန်းကို နှစ်၂၀ ကျော် လုပ်ကိုင်ခဲ့သူ ဖြစ်သည်။

လီသည် ယခင်က မုန့်ဖုတ်စားဖိုမှူးတစ်ဦး ဖြစ်ခဲ့သည်။ ၂၀၀၃ ခုနှစ်တွင် အသင့်စားခေါက်ဆွဲ ကြော်ငြာရိုက်ကူးမှုတစ်ခုတွင် ပါဝင်ရန် ဖိတ်ကြားခံခဲ့ရပြီး ၎င်း၏ ထူးကဲသော လက်ရာကျွမ်းကျင်မှုကြောင့် အသိအမှတ်ပြုမှုကို ရရှိခဲ့သည်။ ထိုအချိန်မှစ၍ လီသည် အချိန်ပိုင်း အစားအစာ ဒီဇိုင်းအလှဆင်ပညာရှင်အဖြစ် စတင်လုပ်ကိုင်ခဲ့သည်။

၂၀၁၀ ပြည့်နှစ်တွင် လီသည် ကျွမ်းကျင် အစားအစာ ဒီဇိုင်းအလှဆင်ပညာရှင်တစ်ဦး ဖြစ်လာခဲ့ပြီး အစားအစာ အလှဆင်ရိုက်ကူးရေးစတူဒီယိုတစ်ခုကို တည်ထောင်ခဲ့သည်။ ယနေ့တွင် ၎င်း၏အဖွဲ့သည် အဖွဲ့ဝင် ၂၀ ကျော်အထိ တိုးပွားလာခဲ့ပြီး တရုတ်နိုင်ငံတွင် အစားအစာဒီဇိုင်းအလှဆင်ခြင်း နယ်ပယ်တွင် အထူးကျွမ်းကျင်ပိုင်နိုင်မှုရှိသော ကျွမ်းကျင်ပညာရှင်များအဖွဲ့ တစ်ဖွဲ့ကို ဖွဲ့စည်းထားရှိပြီ ဖြစ်သည်။ (Xinhua)

------------------

(English Version)

Food stylist creates visual appeal beyond flavor

Unlike chefs who prioritize flavor, food stylists handle various ingredients, arrange plates and use tools to create the desired visual effects, capturing food's most appealing moments.

Li Haohan has been engaged in food styling for more than 20 years.

Li used to be a pastry chef. In 2003, he was invited to participate in a commercial shoot on instant noodles, where his outstanding craftsmanship earned him recognition. Since then, Li started to work as a part-time food stylist.

In 2010, Li became a professional food stylist and founded a food styling studio. Today, his team has grown to over 20 members, forming a professional team with deep expertise in food styling in China. (Xinhua/Liu Ying)

Photo Caption 1 :Li Haohan works on a hamburger at his studio in Shanghai, east China, Sept. 24, 2026. (Xinhua/Chen Haoming)

Photo Caption 2 :Li Haohan makes dumplings for a photo shoot at his studio in Shanghai, east China, Aug. 18, 2026. (Xinhua/Liu Ying)