
ပေကျင်း၊ စက်တင်ဘာ ၃၀ ရက် (ဆင်ဟွာ)
တိုင်းပြည်နှင့် လူမျိုးအတွက် အသက်ပေးလှူခဲ့ကြသည့် ကျဆုံးလေပြီးသော အာဇာနည်သူရဲကောင်းများအား ပန်းခြင်းများဖြင့် ဂါရဝပြုသည့် အခမ်းအနားကို တရုတ်နိုင်ငံ ပေကျင်းမြို့လယ်ရှိ ထျန်းအန်းမန်ရင်ပြင်တွင် စက်တင်ဘာ ၃၀ ရက် နံနက်ပိုင်းက ကျင်းပခဲ့ရာ တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် အခြား ပါတီနှင့် နိုင်ငံ့အကြီးအကဲများ တက်ရောက်ခဲ့ကြသည်။
တရုတ်နိုင်ငံ၏ အာဇာနည်နေ့ကို ဂုဏ်ပြုသောအားဖြင့် အဆိုပါအခမ်းအနားကို ကျင်းပခဲ့ခြင်းဖြစ်သည်။ တရုတ်နိုင်ငံ၏ အမျိုးသားနေ့မတိုင်မီ တစ်ရက်အလို စက်တင်ဘာ ၃၀ ရက်တွင် ကျရောက်လေ့ရှိသည့် တရုတ်နိုင်ငံ၏ အာဇာနည်နေ့သည် နိုင်ငံလွတ်လပ်ရေးနှင့် သာယာဝပြောရေးအတွက် အသက်ပေးလှူခဲ့ကြသူများကို အောက်မေ့ဂုဏ်ပြုသည့် နေ့တစ်နေ့ပင်ဖြစ်သည်။
အာဇာနည်နေ့ကို ၂၀၁၄ ခုနှစ်တွင် စတင်သတ်မှတ်ခဲ့ချိန်မှစ၍ တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်နှင့် ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌလည်းဖြစ်သူ ရှီကျင့်ဖိန်သည် အဆိုပါနေ့တွင် ကျဆုံးလေပြီးသော အာဇာနည်သူရဲကောင်းများအား အောက်မေ့ဂါရဝပြုသည့် အစဉ်အလာကို မပျက်မကွက် လုပ်ဆောင်လေ့ရှိသည်။
စက်တင်ဘာ ၃၀ ရက်က ကျင်းပသည့် အဆိုပါအခမ်းအနားသို့ အခြားသော နိုင်ငံ့အကြီးအကဲများဖြစ်ကြသည့် လီချန်၊ ကျောက်လဲ့ကျိ၊ ဝမ်ဟုနင်၊ ချိုက်ချီ၊ တင်းရွှဲရှန်၊ လီရှီးနှင့် ဟန်ကျိန့်တို့လည်း တက်ရောက်ခဲ့ကြသလို အလွှာအသီးသီးမှ ကိုယ်စားလှယ်များလည်း ပါဝင်တက်ရောက်ခဲ့ကြသည်။
နံနက် ၁၀ နာရီတွင် အခမ်းအနားတက်ရောက်လာသူ အားလုံးက နိုင်ငံတော်သီချင်း သီဆိုခဲ့ပြီးနောက် တရုတ်ပြည်သူများ၏ လွတ်မြောက်ရေးနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အသက်ပေးလှူခဲ့ကြသော အာဇာနည်သူရဲကောင်းများအား ရည်စူး၍ တစ်မိနစ်ငြိမ်သက်ကာ ဂါရဝပြုခဲ့ကြသည်။
ထို့နောက် အာဇာနည်အထိမ်းအမှတ်ကျောက်တိုင်ရှေ့တွင် ပန်းခြင်းကြီး ၉ ခြင်း ချိတ်ဆွဲကာ ဂါရဝပြုခဲ့သည်။
ရှီနှင့် အခြားသော နိုင်ငံ့အကြီးအကဲများက အထိမ်းအမှတ်ကျောက်တိုင်ခြေရင်းသို့ သွားရောက်ကာ ရှီက ပန်းခြင်းများပေါ်ရှိ ဖဲကြိုးများကို သပ်ရပ်စွာ ဆွဲဆန့်ပေးခဲ့သည်။ ထို့နောက် ၎င်းတို့သည် အထိမ်းအမှတ်ကျောက်တိုင်ကို တစ်ပတ်ပတ်၍ ဂါရဝပြုခဲ့ကြသည်။
တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ၊ တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီ၊ နိုင်ငံတော်ကောင်စီ၊ တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် ပြည်လုံးဆိုင်ရာကော်မတီ၊ ဗဟိုစစ်ကော်မရှင်၊ ကွန်မြူနစ်ပါတီမဟုတ်သော ပါတီများ၊ တရုတ်ပြည်လုံးဆိုင်ရာ ကုန်သွယ်ရေးနှင့် စက်မှုလုပ်ငန်းအသင်းချုပ်တို့အပြင် ပါတီအဖွဲ့အစည်းများမှမဟုတ်သော မျိုးချစ်ပုဂ္ဂိုလ်များ၊ ပြည်သူ့အဖွဲ့အစည်းများ၊ အလွှာအသီးသီးမှ ပြည်သူများ၊ စစ်မှုထမ်းဟောင်းများ၊ အငြိမ်းစား အဆင့်မြင့်အရာရှိကြီးများ၊ အာဇာနည်ပုဂ္ဂိုလ်များ၏ ဆွေမျိုးသားချင်းများ၊ တရုတ်လူငယ်ရှေ့ဆောင် အဖွဲ့ဝင်များက "ပြည်သူ့သူရဲကောင်းများအား အစဉ်ထာဝရ ဂုဏ်ပြုပါ၏" ဟူသော စာတန်းပါရှိသည့် ဖဲကြိုးများဖြင့် အလှဆင်ထားသော ပန်းခြင်းများ အသီးသီးပေးပို့၍ ဂါရဝပြုခဲ့ကြသည်။
အဆိုပါ အခမ်းအနား၌ CPC ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်နှင့် CPC ပေကျင်းမြူနီစီပယ်ကော်မတီ အကြီးအကဲ ရင်လိက သဘာပတိအဖြစ် တာဝန်ယူခဲ့ကြောင်း သိရသည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်မှတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
https://english.news.cn/20260930/1c68a1eec33b499ebe6fafc2e8061dc4/c.html
..................................
(English Version)
Xi pays tribute to national heroes on Martyrs' Day
BEIJING, Sept. 30 (Xinhua) -- Chinese President Xi Jinping and other Party and state leaders attended a ceremony to present flower baskets to fallen national heroes at Tian'anmen Square in central Beijing on Wednesday morning.
The event was held to mark Martyrs' Day. Observed on Sept. 30, one day before National Day, the day commemorates those who gave their lives for national independence and prosperity.
Since Martyrs' Day was established in 2014, Xi, also general secretary of the Communist Party of China (CPC) Central Committee and chairman of the Central Military Commission, has maintained the tradition of paying homage to fallen heroes on the day.
The other leaders who attended the ceremony on Wednesday included Li Qiang, Zhao Leji, Wang Huning, Cai Qi, Ding Xuexiang, Li Xi and Han Zheng. They were joined by representatives from all walks of life.
At 10 a.m., all attendees sang the national anthem, followed by a moment of silence in tribute to the heroes who sacrificed their lives for the liberation of the Chinese people and the development of the People's Republic of China.
Nine large flower baskets were placed in front of the Monument to the People's Heroes.
Xi and other leaders walked up to the foot of the monument, where he straightened the ribbons on the baskets. Then, they walked around the monument to pay their tributes.
The baskets, with ribbons reading "Eternal Glory to the People's Heroes," were presented in the name of the CPC Central Committee; the National People's Congress Standing Committee; the State Council; the National Committee of the Chinese People's Political Consultative Conference; the Central Military Commission; non-Communist parties, the All-China Federation of Industry and Commerce, and patriots without party affiliations; people's organizations and people from all walks of life; veterans, retired senior officials and the relatives of martyrs; and Chinese Young Pioneers.
Yin Li, a member of the Political Bureau of the CPC Central Committee and secretary of the CPC Beijing Municipal Committee, presided over the ceremony.
https://english.news.cn/20260930/1c68a1eec33b499ebe6fafc2e8061dc4/c.html
Photo caption 1: Chinese President Xi Jinping walks around the Monument to the People's Heroes to pay tribute during a ceremony to present flower baskets to fallen national heroes at Tian'anmen Square in Beijing, capital of China, Sept. 30, 2026. (Xinhua/Yue Yuewei)
Photo caption 2: Chinese President Xi Jinping and other leaders of the Communist Party of China and the state including Li Qiang, Zhao Leji, Wang Huning, Cai Qi, Ding Xuexiang, Li Xi and Han Zheng attend a ceremony to present flower baskets to fallen national heroes at Tian'anmen Square in Beijing, capital of China, Sept. 30, 2026. (Xinhua/Xie Huanchi)








