အာတိတ်သမုဒ္ဒရာ၏ ‌ရေခဲပြင်ပေါ်တွင် အလုပ်လုပ်နေကြသည့် တရုတ်နိုင်ငံ၏ ၁၆ ကြိမ်မြောက် အာတိတ်သမုဒ္ဒရာ သိပ္ပံနည်းကျ စူးစမ်းလေ့လာရေးအဖွဲ့ အဖွဲ့ဝင်များကို ၂၀၂၆ ခုနှစ် ဩဂုတ် ၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
အာတိတ်သမုဒ္ဒရာ၏ ‌ရေခဲပြင်ပေါ်တွင် အလုပ်လုပ်နေကြသည့် တရုတ်နိုင်ငံ၏ ၁၆ ကြိမ်မြောက် အာတိတ်သမုဒ္ဒရာ သိပ္ပံနည်းကျ စူးစမ်းလေ့လာရေးအဖွဲ့ အဖွဲ့ဝင်များကို ၂၀၂၆ ခုနှစ် ဩဂုတ် ၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရှန်ဟိုင်း၊ စက်တင်ဘာ ၃၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ ၁၆ ကြိမ်မြောက် အာတိတ်သမုဒ္ဒရာ စူးစမ်းလေ့လာရေးခရီးစဉ်အား သုံးလနီးပါးကြာ ဆောင်ရွက်ခဲ့ကြသည့် တရုတ်နိုင်ငံ သုတေသန ရေခဲခွဲသင်္ဘောများဖြစ်သော ရွှယ်လုန် (နှင်းနဂါး) နှင့် ရွှယ်လုန် ၂ (နှင်းနဂါး ၂) တို့က တရုတ်နိုင်ငံ အရှေ့ပိုင်း ရှန်ဟိုင်းမြို့သို့ စက်တင်ဘာ ၃၀ ရက်၌ ပြန်လည်ရောက်ရှိလာခဲ့ကြကြောင်း သိရသည်။

အဆိုပါ စူးစမ်းလေ့လာရေးခရီးစဉ်တွင် ဘက်စုံစူးစမ်းလေ့လာခြင်းနှင့် စောင့်ကြည့်လေ့လာခြင်း၊ နောက်ဆုံးပေါ်အဆင့်မြင့်သိပ္ပံနည်းကျ သုတေသနပြုလုပ်ခြင်းနှင့် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ခြင်းတို့ အပါအဝင် အဓိကလုပ်ငန်းတာဝန်များကို အောင်မြင်စွာ ဆောင်ရွက်ပြီးစီးခဲ့သည်။ ခရီးစဉ်၏ အတိုင်းအတာနှင့် စုစုပေါင်း လုပ်ငန်းတာဝန်ပမာဏမှာ စံချိန်တင် မြင့်မားသောအဆင့်သို့ ရောက်ရှိခဲ့ကြောင်း စူးစမ်းလေ့လာရေးအဖွဲ့၏ အဆိုအရ သိရသည်။

သိပ္ပံဆိုင်ရာ တွေ့ရှိချက်အသစ်များ၊ သီအိုရီပိုင်းဆိုင်ရာ အောင်မြင်မှုများ၊ နည်းပညာဆိုင်ရာ စမ်းသပ်မှုများနှင့် စက်ပစ္စည်းကိရိယာ အသုံးချမှုများတွင် အကျိုးဖြစ်ထွန်းသော ရလဒ်များကို ရရှိခဲ့ပြီး ကမ္ဘာလုံးဆိုင်ရာ ရာသီဥတုပြောင်းလဲမှုကို ပိုမိုနက်ရှိုင်းစွာ နားလည်သဘောပေါက်စေရန်နှင့် ထိရောက်စွာ တုံ့ပြန်ဆောင်ရွက်နိုင်ရန် ခိုင်မာသော အထောက်အပံ့ဖြစ်စေသလို အာတိတ်ဒေသ၏ ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုကိုလည်း မြှင့်တင်ပေးခဲ့သည်။

သဘာဝသယံဇာတဝန်ကြီးဌာနက ဦးဆောင်စီစဉ်သည့် အဆိုပါစူးစမ်းလေ့လာရေးခရီးစဉ်ကို ရွှယ်လုန်၊ ရွှယ်လုန် ၂ ၊ ကျီတိ နှင့် ထန့်စော်-၃ ဟူသော သင်္ဘောလေးစင်းဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

လက်ရှိအချိန်အထိ ကျီတိ နှင့် ထန့်စော်-၃ သင်္ဘောတို့မှာ သုတေသနလုပ်ငန်းတာဝန်များကို ဆက်လက်ဆောင်ရွက်လျက်ရှိပြီး အောက်တိုဘာလလယ်ခန့်တွင် ပြန်လည်ရောက်ရှိလာမည်ဟု ခန့်မှန်းထားကြောင်း သိရသည်။ (Xinhua)

အာတိတ်သမုဒ္ဒရာ၏ ‌ရေခဲပြင်ပေါ်တွင် အလုပ်လုပ်နေကြသည့် တရုတ်နိုင်ငံ၏ ၁၆ ကြိမ်မြောက် အာတိတ်သမုဒ္ဒရာ သိပ္ပံနည်းကျ စူးစမ်းလေ့လာရေးအဖွဲ့ အဖွဲ့ဝင်များကို ၂၀၂၆ ခုနှစ် ဩဂုတ် ၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
အာတိတ်သမုဒ္ဒရာ၏ ‌ရေခဲပြင်ပေါ်တွင် အလုပ်လုပ်နေကြသည့် တရုတ်နိုင်ငံ၏ ၁၆ ကြိမ်မြောက် အာတိတ်သမုဒ္ဒရာ သိပ္ပံနည်းကျ စူးစမ်းလေ့လာရေးအဖွဲ့ အဖွဲ့ဝင်များကို ၂၀၂၆ ခုနှစ် ဩဂုတ် ၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

.......................................................................

(English Version)

Chinese icebreakers Xuelong, Xuelong 2 return after fruitful Arctic expedition

SHANGHAI, Sept. 30 (Xinhua) -- China's research icebreakers Xuelong and Xuelong 2, or Snow Dragon and Snow Dragon 2, returned to Shanghai in east China on Wednesday after nearly three months of the country's 16th Arctic Ocean expedition.

The expedition successfully completed key tasks, including comprehensive investigation and monitoring, cutting-edge scientific research, and international cooperation. According to the expedition team, both the scale of the expedition and the total number of tasks reached new highs.

It achieved fruitful results in new scientific discoveries, theoretical breakthroughs, technological tests, and equipment applications, providing strong support for a deeper understanding of and effective response to global climate change and promoting sustainable development in the Arctic.

Organized by the Ministry of Natural Resources, the expedition was carried out by four vessels: Xuelong, Xuelong 2, Jidi and Tansuo-3.

As of now, Jidi and Tansuo-3 are still on their research missions and are expected to return in mid-October. ■

Photo caption 1, 2: Members of China's 16th Arctic Ocean scientific expedition team work on the ice surface of the Arctic Ocean on Aug. 9, 2026. (Xinhua/Wen Jinghua)