
ပေကျင်း၊ စက်တင်ဘာ ၃၀ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံအနေဖြင့် ၁၅ ကြိမ်မြောက် ငါးနှစ်စီမံကိန်းကာလ (၂၀၂၆-၂၀၃၀) အတွင်း လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်မှုအတွက် အစိမ်းရောင်အသွင်ကူးပြောင်းမှုကို ဘက်စုံထောင့်စုံမှ အရှိန်မြှင့်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံ ဒုတိယဝန်ကြီးချုပ် တင်းရွှဲရှန်က စက်တင်ဘာ ၂၉ ရက်၌ ပြောကြားခဲ့သည်။
ပေကျင်းမြို့၌ ကျင်းပသည့် တရုတ်နိုင်ငံ သဘာဝပတ်ဝန်းကျင်နှင့် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးကောင်စီ (CCICED) ၏ ၂၀၂၆ ခုနှစ် နှစ်ပတ်လည် အထွေထွေအစည်းအဝေးသို့ တက်ရောက်မိန့်ခွန်းပြောကြားစဉ် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အမြဲတမ်းကော်မတီဝင်လည်းဖြစ်သူ တင်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
တရုတ်နိုင်ငံ၏ ဂေဟဗေဒဆိုင်ရာ ထိန်းသိမ်းမှုတွင် ကြီးမားသည့်အောင်မြင်မှုများသည် နိုင်ငံတကာ၏ အသိအမှတ်ပြုမှုကို ရရှိထားကြောင်း တင်းက မှတ်ချက်ပြုခဲ့ပြီး ၁၅ ကြိမ်မြောက် ငါးနှစ်စီမံကိန်းကာလအတွင်း တရုတ်နိုင်ငံအနေဖြင့် ပိုမိုရဲရင့်ပြတ်သားသော အစိမ်းရောင်နှင့် ကာဗွန်ထုတ်လွှတ်မှုနည်းပါးသော ဖွံ့ဖြိုးတိုးတက်ရေး ပန်းတိုင်များကို ချမှတ်သွားမည်ဖြစ်ကာ ပိုမိုခိုင်မာသည့် အစီအမံများ ကျင့်သုံးလျက် ပိုမိုတင်းကျပ်သော အဖွဲ့အစည်းဆိုင်ရာ စနစ်တစ်ခု တည်ဆောက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ကာဗွန်ထုတ်လွှတ်မှု နည်းပါးသော အစိမ်းရောင် ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ရန်၊ ကမ္ဘာ့ရာသီဥတု စီမံခန့်ခွဲမှုနှင့် ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေးတို့ကို အထောက်အကူပြုနိုင်ရန် လက်တွေ့ကျသော လုပ်ဆောင်ချက်များဖြင့် အတူတကွလုပ်ဆောင်ကြရန် ၎င်းက တိုက်တွန်းခဲ့သည်။
သိပ္ပံနှင့် နည်းပညာဆိုင်ရာ ဆန်းသစ်တီထွင်မှုများဖြင့် အစိမ်းရောင် ကုန်ထုတ်စွမ်းအား မြှင့်တင်ရန်နှင့် တံခါးဖွင့်လှစ်မှု၊ ပူးပေါင်းဆောင်ရွက်မှုတို့ဖြင့် ကမ္ဘာလုံးဆိုင်ရာ ပတ်ဝန်းကျင်နှင့် ရာသီဥတုစီမံခန့်ခွဲမှု ပိုမိုကောင်းမွန်ပြည့်စုံအောင် လုပ်ဆောင်သွားရန် အရေးကြီးကြောင်းလည်း ၎င်းက အလေးပေးပြောကြားခဲ့သည်။
တရုတ်နိုင်ငံအနေဖြင့် CCICED ၏ ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းစဉ်ကို အစဉ်တစိုက် ခိုင်ခိုင်မာမာ အားပေးပံ့ပိုးသွားမည်ဖြစ်ကာ ကောင်စီဝင်များနှင့် ကျွမ်းကျင်ပညာရှင်များ အားလုံးအနေဖြင့်လည်း သာယာလှပသော တရုတ်နိုင်ငံ တည်ဆောက်ရေးနှင့် ကမ္ဘာကြီး၏ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ၎င်းတို့၏ အသိပညာနှင့် စွမ်းအားများဖြင့် ဆက်လက်ပံ့ပိုးပေးမည်ဟု မျှော်လင့်ကြောင်း တင်းက ပြောသည်။ (Xinhua)
.................................
(English Version)
China to accelerate green transformation during 2026-2030: vice premier
BEIJING, Sept. 29 (Xinhua) -- China will accelerate the all-round green transformation of its economic and social development during the 15th Five-Year Plan period (2026-2030), Chinese Vice Premier Ding Xuexiang said on Tuesday.
Ding, who is also a member of the Standing Committee of the Political Bureau of the Communist Party of China Central Committee and the chairperson of the China Council for International Cooperation on Environment and Development (CCICED), made the remarks while addressing the 2026 annual general meeting of the CCICED in Beijing.
Noting that China's tremendous achievements in ecological conservation have won international recognition, Ding said that during the 15th Five-Year Plan period, China will set bolder green and low-carbon development goals, adopt more robust measures, and establish a more rigorous institutional system.
He called for joint efforts to take practical actions to promote green and low-carbon development and contribute to global climate governance and biodiversity conservation.
He emphasized the importance of fostering green productivity through scientific and technological innovation, and improving global environmental and climate governance through openness and cooperation.
China will as always strongly support the development of the CCICED, hoping all members and experts will continue to contribute their wisdom and strength to building a beautiful China and to global sustainable development, Ding said.
Photo caption: Chinese Vice Premier Ding Xuexiang, also a member of the Standing Committee of the Political Bureau of the Communist Party of China Central Committee and the chairperson of the China Council for International Cooperation on Environment and Development (CCICED), addresses the 2026 annual general meeting of the CCICED in Beijing, capital of China, Sept. 29, 2026. (Xinhua/Yue Yuewei)








