တရုတ်နိုင်ငံ ဆန်းတုန်းပြည်နယ် လျောင်ချိန်မြို့ တုန်ချန်းဖူခရိုင် ထန်ရိမြို့နယ်၌ ဘူးသီးထုတ်ကုန်လက်မှုပစ္စည်းများအား ၂၀၂၆ ခုနှစ် စက်တင်ဘာ ၂၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံ ဆန်းတုန်းပြည်နယ် လျောင်ချိန်မြို့ တုန်ချန်းဖူခရိုင် ထန်ရိမြို့နယ်၌ ဘူးသီးထုတ်ကုန်လက်မှုပစ္စည်းများအား ၂၀၂၆ ခုနှစ် စက်တင်ဘာ ၂၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

လျောင်ချိန် (ဆန်းတုန်း)၊ စက်တင်ဘာ ၂၉ ရက် (ဆင်ဟွာ)

ဘူးသီးစိုက်ပျိုးခြင်းနှင့် ပြုပြင်ထုတ်လုပ်ခြင်းသည် တရုတ်နိုင်ငံ ဆန်းတုန်းပြည်နယ် လျောင်ချိန်မြို့ တုန်ချန်းဖူခရိုင် ထန်ရိမြို့နယ်၏ ရိုးရာ အထူးပြုထုတ်လုပ်ရေးလုပ်ငန်းတစ်ခုဖြစ်သည်။ ဒေသခံများက ဘူးသီးစိုက်ပျိုးရေး အထူးပြုလုပ်ငန်းကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး၏ အဓိကမောင်းနှင်အားတစ်ခုအဖြစ် ဖော်ဆောင်လျက်ရှိပြီး ဘူးသီးထုတ်လုပ်ရေးလုပ်ငန်းကို တိုးချဲ့ခြင်း၊ အထူးပြုအမှတ်တံဆိပ်တစ်ခုကို တည်ဆောက်ခြင်း၊ အော့ဖ်လိုင်းနှင့် အွန်လိုင်း နည်းလမ်းနှစ်မျိုးလုံးဖြင့် ရောင်းချခြင်းတို့ကို အလေးပေးဆောင်ရွက်လျက်ရှိသည်။

လက်ရှိတွင် ထန်ရိမြို့နယ်နှင့် အနီးဝန်းကျင်ရှိ ဘူးသီးစိုက်ပျိုးဧရိယာသည် တရုတ်မူ (Mu) တစ်သောင်းကျော်ရှိပြီး ဘူးသီးပြုပြင်ထုတ်လုပ်မှု လက်မှုပညာတွင် ပုံစံဆန်းခြင်း၊ ထွင်းထုခြင်းနှင့် မီးရှို့ပန်းခတ်ခြင်း ဟူသော ပင်မအမျိုးအစားကြီး ၃ မျိုး နှင့် မျိုးကွဲ ၁၀ မျိုးကျော်ကို လွှမ်းခြုံထားကြောင်း သိရသည်။ (Xinhua)

....................................

(Chinese Version)

山东聊城堂邑镇:小葫芦大产业

新华社照片,聊城(山东),2026年9月28日

葫芦种植与加工是山东省聊城市东昌府区堂邑镇的传统特色产业。当地把培育葫芦特色产业作为推动乡村振兴的重要抓手,壮大葫芦产业,打造特色品牌,进行线下线上双渠道销售。目前,堂邑镇及周边葫芦种植面积上万亩,葫芦加工工艺涵盖异形、雕刻和烙花三大类10余种。

图说1:9月28日,在山东省聊城市东昌府区堂邑镇拍摄的葫芦工艺品。 新华社记者 殷刚 摄

图说2:9月28日,在山东省聊城市东昌府区堂邑镇拍摄的街边的葫芦摊。新华社记者 殷刚 摄