တရုတ်နိုင်ငံ ဟေးလုံကျန်းပြည်နယ် ရှန်းတုန့်ဆန်း စီကာသမင် (Sika Deer) အမျိုးသားအဆင့် သဘာဝထိန်းသိမ်းရေးနယ်မြေတွင် နံနက်ခင်း မြူခိုးများကြား၊ သစ်ပင်များအကြားတွင် သွားလာလှုပ်ရှားနေသည့် စီကာသမင်တစ်ကောင်ကို ၂၀၂၆ ခုနှစ် စက်တင်ဘာ ၂၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပိုက်ချွမ် (ဟေးလုံကျန်း)၊ စက်တင်ဘာ ၂၉ ရက် (ဆင်ဟွာ)

ရွှေရောင်ဆောင်းဦးရာသီတွင် တရုတ်နိုင်ငံ ဟေးလုံကျန်းပြည်နယ် ချီချီဟားအယ်မြို့ ပိုက်ချွမ်ခရိုင်၌ တည်ရှိသော ဟေးလုံကျန်း ရှန်းတုန့်ဆန်း စီကာသမင် အမျိုးသားအဆင့် သဘာဝထိန်းသိမ်းရေးနယ်မြေတွင် သစ်တောများသည် ဆောင်းဦးရာသီအလိုက် အရောင်အသွေးစုံလင်စွာ ပြောင်းလဲလှပနေပြီး စီကာသမင်များက အေးအေးလူလူ အစာရှာဖွေစားသောက်လျက်ရှိကြသည်။ ၎င်းတို့၏ သွက်လက်လှုပ်ရှားနေသော ပုံရိပ်များသည် ရောင်စုံဆောင်းဦးရာသီ အလှကို အသက်ဝင်လှုပ်ရှားစေပြီး  စွဲမက်ဖွယ်ကောင်းသော သဘာဝဂေဟစနစ် ပန်းချီကားတစ်ချပ်ကို ဖော်ကျူးနေပေသည်။ (Xinhua)

...................................

(Chinese Version)

美丽中国丨梅花鹿邂逅斑斓秋色

新华社照片,拜泉(黑龙江),2026年9月29日

金秋时节,位于齐齐哈尔市拜泉县的黑龙江仙洞山梅花鹿国家级自然保护区层林尽染,梅花鹿悠然觅食,灵动身影为斑斓秋色增添生机,勾勒出一幅迷人的生态画卷。

图说1:9月27日,在黑龙江仙洞山梅花鹿国家级自然保护区,梅花鹿在林间晨雾中活动。 新华社发(陈宏宇摄)

图说2:这是9月27日在黑龙江仙洞山梅花鹿国家级自然保护区拍摄的梅花鹿。新华社发(吕书新摄)