
ပေကျင်း၊ စက်တင်ဘာ ၂၉ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံတွင် ၂၀၂၆ ခုနှစ်အတွက် ကောက်ပဲသီးနှံအထွက်နှုန်း အလွန်ကောင်းမွန်မည်ဟု ခန့်မှန်းထားကြောင်း လယ်ယာစိုက်ပျိုးရေးနှင့် ကျေးလက်ရေးရာဝန်ကြီးဌာနက စက်တင်ဘာ ၂၉ ရက်တွင် ပြောကြားခဲ့သည်။
ယခုနှစ်အတွင်း၌ နွေရာသီကောက်ပဲသီးနှံထုတ်လုပ်မှုပမာဏမှာ ပထမဆုံးအကြိမ်အဖြစ် တန်ချိန် သန်း ၁၅၀ ကျော်လွန်ခဲ့သလို ကောက်စောစပါးပမာဏကလည်း ခြောက်နှစ်ဆက်တိုက် တန်ချိန် ၂၈ သန်းအထက်တွင် ဆက်လက်တည်ရှိခဲ့ကြောင်း ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူတစ်ဦးက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ (Xinhua)
.........................
(English version)
China expects bumper grain harvest for 2026
BEIJING, Sept. 29 (Xinhua)
China is expected to secure a bumper grain harvest this year, the Ministry of Agriculture and Rural Affairs said Tuesday.
This year, the summer grain output exceeded 150 million tonnes for the first time, and early rice output remained above 28 million tonnes for the sixth consecutive year, a ministry spokesperson told a media conference. ■
Photo caption: Farmers are pictured in a rice harvest competition at Huaping Village of Hezhou City, south China's Guangxi Zhuang Autonomous Region, on Aug. 8, 2026. (Photo by Huang Xuhu/Xinhua)








