တရုတ်နိုင်ငံ ပေကျင်းမြို့တွင် ပြုလုပ်သည့် တရုတ်သိပ္ပံအကယ်ဒမီက ထုတ်လုပ်သည့် ဉာဏ်ရည်တု (AI) မော်ဒယ်စနစ် ScienceOne 100 မိတ်ဆက်အခမ်းအနားကို ၂၀၂၆ ခုနှစ် ဧပြီ ၂၈ ရက်က တွေ့ရစဉ်(ဆင်ဟွာ)
တရုတ်နိုင်ငံ ပေကျင်းမြို့တွင် ပြုလုပ်သည့် တရုတ်သိပ္ပံအကယ်ဒမီက ထုတ်လုပ်သည့် ဉာဏ်ရည်တု (AI) မော်ဒယ်စနစ် ScienceOne 100 မိတ်ဆက်အခမ်းအနားကို ၂၀၂၆ ခုနှစ် ဧပြီ ၂၈ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း၊ စက်တင်ဘာ ၂၉ ရက် (ဆင်ဟွာ)

တရုတ်သိပ္ပံအကယ်ဒမီ (CAS) က ၁၅ ကြိမ်မြောက် ငါးနှစ်စီမံကိန်းကာလ (၂၀၂၆-၂၀၃၀) အတွက် ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ် ထုတ်ပြန်ခဲ့ပြီး အခြေခံသုတေသန၊ မဟာဗျူဟာမြောက်အဆင့်မြင့်နည်းပညာများနှင့် ရေရှည်တည်တံ့သောဖွံ့ဖြိုးတိုးတက်မှု စသည့် အဓိကနယ်ပယ်သုံးခုတွင်  သိပ္ပံနှင့်နည်းပညာဆိုင်ရာ ထူးခြားသော တိုးတက်အောင်မြင်မှုများရရှိရန် ဦးစားပေးဦးတည်ချက်များ ချမှတ်ပေးခဲ့သည်။

အဆိုပါအစီအစဉ်တွင် လာမည့်နှစ်များအတွင်း အကယ်ဒမီ၏ သိပ္ပံနှင့်နည်းပညာဆိုင်ရာလုပ်ငန်းများကို လမ်းညွှန်ပေးမည့် မဟာဗျူဟာမြောက်ဦးစားပေးမှုများ သတ်မှတ်ထားပြီး ဉာဏ်ရည်တုနည်းပညာ (AI) အသုံးပြု သိပ္ပံသုတေသနလုပ်ငန်းများ တိုးမြှင့်လုပ်ဆောင်ရွက်သွားမည်ဟု ကတိပြုထားသည်။

ထို့အပြင် အခြေခံသိပ္ပံနှင့်နည်းပညာဆိုင်ရာစွမ်းဆောင်ရည်များ ပိုမိုခိုင်မာအောင်ဆောင်ရွက်ရန်နှင့် သိပ္ပံနှင့်နည်းပညာသုတေသနလုပ်ငန်းများ ဒေသအလိုက်ဖြန့်ကြက်ထားရှိမှုကို ပိုမိုကောင်းမွန်စွာ ညှိနှိုင်းဆောင်ရွက်ရန်လည်း တောင်းဆိုထားသည်။

ကမ္ဘာ့အဆင့်မီ သုတေသနအဖွဲ့အစည်းတစ်ခု တည်ဆောက်ရန် ရည်ရွယ်ထားသည့် အဆိုပါအစီအစဉ်တွင် ပညာရေး၊ သိပ္ပံနှင့်နည်းပညာနှင့် အရည်အချင်းရှိလူ့စွမ်းအားများ ပေါင်းစပ်ဖွံ့ဖြိုးတိုးတက်ရေး၊ အမျိုးသားသိပ္ပံနှင့်နည်းပညာ think tank အဖွဲ့ထူထောင်ရေး၊ သုတေသနအဖွဲ့အစည်းများ၏ ပြုပြင်ပြောင်းလဲရေးနှင့် စီမံခန့်ခွဲမှုဆိုင်ရာ ဆန်းသစ်တီထွင်ရေး၊ သိပ္ပံနှင့်နည်းပညာအောင်မြင်မှုများကို လက်တွေ့အသုံးချနိုင်ရန်လွှဲပြောင်းပေးရေးနှင့် အသုံးချရေး၊ နိုင်ငံတကာသိပ္ပံနှင့်နည်းပညာဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်ရေး စသည့်ကဏ္ဍများတွင် ပြုပြင်ပြောင်းလဲရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းတာဝန်များကို ပုံဖော်ရေးဆွဲထားကြောင်း သိရသည်။ (Xinhua)

…………….

(English Version)

Chinese Academy of Sciences sets priorities for sci-tech breakthroughs in its five-year plan

BEIJING, Sept. 28 (Xinhua) -- The Chinese Academy of Sciences (CAS) has released its development plan for the 15th Five-Year Plan period (2026-2030), setting priority directions for sci-tech breakthroughs in three major fields: basic research, strategic high technologies and sustainable development.

The plan defines the strategic priorities guiding the academy's sci-tech work in the coming years and pledges to step up AI-enabled scientific research.

It also calls for stronger foundational sci-tech capabilities and better coordination of the regional layout of sci-tech research.

Aiming to build a world-class research institution, the plan outlines reform and development tasks in areas including integrated development of education, science and technology and talent, construction of a national science and technology think tank, reform and management innovation of research organizations, transfer and application of sci-tech achievements, and international sci-tech exchanges and cooperation.

Photo caption: This photo taken on April 28, 2026 shows a scene at the launching ceremony of ScienceOne 100, an artificial intelligence (AI) model system by the Chinese Academy of Sciences, in Beijing, capital of China. (Xinhua/Jin Liwang)